သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီနယ်စပ်ဂိတ်အားလုံးကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်


နယ်စပ်ဖြတ်ကျော်ဝင်လာသူတွေအရေးကိုင်တွယ်ဖို့ နယ်စပ်ဂိတ်တွေ ယာယီပိတ်ဖို့ ပြောလာတဲ့ ဂျာမနီပြည်ထဲရေးဝန်ကြီး Nancy Faeser
နယ်စပ်ဖြတ်ကျော်ဝင်လာသူတွေအရေးကိုင်တွယ်ဖို့ နယ်စပ်ဂိတ်တွေ ယာယီပိတ်ဖို့ ပြောလာတဲ့ ဂျာမနီပြည်ထဲရေးဝန်ကြီး Nancy Faeser

ဂျာမနီနိုင်ငံမှာ ပုံမှန်နည်းလမ်းနဲ့ ဝင်ရောက်လာတာမျိုးမဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေကို ကိုင်တွယ်ဖို့နဲ့ အစွန်းရောက်တွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ဖို့ဆိုပြီး နိုင်ငံနယ်စပ်ဂိတ်အားလုံးကို ယာယီထိန်းချုပ်ဖို့ ဂျာမန်ပြည်ထဲရေးဝန်ကြီးကတနင်္လာနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဂျာမနီမြေပြင်ဂိတ်ပေါက်အားလုံးကို ယာယီပိတ်ထားကြောင်း ပြည်ထဲရေးဝန်ကြီး Nancy Faeser ကသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ပြည်တွင်းလုံခြုံရေးပိုမိုအားကောင်းလာအောင် အစိုးရကဆောင်ရွက်နေပြီး ပုံမှန်နည်းလမ်းနဲ့မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှုမျိုးကို အခိုင်အမာ ဆက်လက်ဆန့်ကျင်နေပါတယ်လို့လည်း ဝန်ကြီး Faeser ကပြောခဲ့ပါတယ်။ပြင်သစ်၊ လူဇမ်းဘတ်ဂ်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်နိုင်ငံတို့နဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေမှာ ၆ လကြာနယ်စပ်ထိန်းချုပ်ရေး ဆောင်ရွက်သွားမယ့်အကြောင်း ပြည်ထဲရေးဌာနက ဥရောပသမဂ္ဂ EU ကို တနင်္လာနေ့ကအကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး နယ်စပ်ထိန်းချုပ်ရေးလုပ်ငန်းတွေ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ ပိုလန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြီးယား၊ ဆွစ်ဇာလန်နိုင်ငံတို့နဲ့ ထိစပ်နေတဲ့နယ်စပ်ဂိတ်တွေမှာလည်း ဂျာမနီနိုင်ငံက ကန့်သတ်ချက်တွေသတ်မှတ်ထားပြီးဖြစ်ပါတယ်။

 ဂျာမနီနယ်စပ်ဂိတ်အားလုံးကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG