သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပလုံခြုံရေးနဲ့ကာကွယ်ရေး ပူးတွဲဆောင်ရွက်ဖို့ ပိုလန်၊ ပြင်သစ်၊ ဂျာမနီ ကတိပြု


ဂျာမန်ဝန်ကြီးချုပ် Scholz နဲ့ ပိုလန်ဝန်ကြီးချုပ် Tusk တို့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ တွေ့ဆုံ။ (ဖေဖေါ်ဝါရ ၁၂၊ ၂၀၂၄)
ဂျာမန်ဝန်ကြီးချုပ် Scholz နဲ့ ပိုလန်ဝန်ကြီးချုပ် Tusk တို့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ တွေ့ဆုံ။ (ဖေဖေါ်ဝါရ ၁၂၊ ၂၀၂၄)

ယူကရိန်းကိုကျောထောက်နောက်ခံပေးဖို့ ဥရောပကို ပိုပြီးလုံခြုံကာကွယ်နိုင်စွမ်းရှိလာအောင်လုပ်ကြမယ်လို့ ပိုလန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က ကတိပြုလိုက်ကြပါတယ်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သာ အာဏာပြန်ရခဲ့ရင် ဥရောပမှာ ရုရှားဩဇာချဲ့လာတာကို ခွင့်ပြုတော့လေမလား စိုးရိမ်လာကြတဲ့အတိုင်း အဆိုပါ သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပါရီမှာတွေ့ဆုံဆွေးနွေး သဘောတူလိုက်ကြတာပါ။

ပြင်သစ်နိုင်ငံကိုသွားတဲ့ ပိုလန်ဝန်ကြီးချုပ် Donald Tusk က ပြင်သစ်သမ္မတ အီမန်နျူရယ် မက္ခရွန်နဲ့ ပါရီမြို့မှာ တွေ့ဆုံစဥ်။ (ဖေဖေါ်ဝါရီ ၁၂၊ ၂၀၂၄)
ပြင်သစ်နိုင်ငံကိုသွားတဲ့ ပိုလန်ဝန်ကြီးချုပ် Donald Tusk က ပြင်သစ်သမ္မတ အီမန်နျူရယ် မက္ခရွန်နဲ့ ပါရီမြို့မှာ တွေ့ဆုံစဥ်။ (ဖေဖေါ်ဝါရီ ၁၂၊ ၂၀၂၄)

ပြင်သစ်သမ္မတ အီမန်နျူရယ်မက္ခရွန်နဲ့ပါရီမှာ၊ ဂျာမန်ဝန်ကြီးချုပ် အိုလာ့ဇ် ရှိုလ့်ဇ်နဲ့ ဘာလင်မှာ .. တနင်္လာနေ့က တွေ့ဆုံခဲ့တဲ့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တပ်စ်ခ် (Donald Tusk) က 'ဥရောပသမဂ္ဂက ရုရှားထက် စစ်ရေးအရ ပိုအားနည်းနေရမယ့်အကြောင်း မရှိပါဘူး' လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂဟာ သူ့ အနေအထားအရ စစ်အင်အားကြီးတရပ် ဖြစ်လာဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ကာကွယ်ရေးအသုံးစရိတ် လုံလောက်အောင်မသုံးစွဲတဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတနိုင်ငံကို ရုရှားက ကျူးကျော်နိုင်တဲ့သဘော ဒေါ်နယ်ထရမ့်က ပြောလိုက်ပြီးတဲ့နောက် ဥရောပမှာ သံတမန်ရေးအရ လှုပ်ရှားလာကြတာပါ။ ပိုလန်ဝန်ကြီးချုပ်နဲ့ ဘာလင်မှာ သတင်းထောက်တွေကို တွေ့ဆုံရာမှာ ဂျာမန် ဝန်ကြီးချုပ် အိုလာ့ဖ် ရှိုလ့်ဇ်က ဥရောပလုံခြုံရေးနဲ့ ဘယ်သူမှ မကစားနိုင်သလို အပေးအယူလည်းလုပ်လို့မရဘူးလို့ ပြောပါတယ်။

ပြင်သစ်သမ္မတမက္ခရွန်ကလည်း ပိုလန်ဝန်ကြီးချုပ်နဲ့အတူ စကားပြောရာမှာ ယူကရိန်းလိုအပ်ချက်ပြည့်မီအောင် ဥရောပက ပံ့ပိုးမယ့်ဆန္ဒက အဓိက ဖြစ်တယ်လို့ ဆိုပါတယ်။ အီးယူနိုင်ငံ ၂၇ နိုင်ငံက ယူကရိန်းကို ယူရို ဘီလီယံ ၅၀ ပံ့ပိုးဖို့ သဘောတူထားပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG