သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ရံပုံငွေများရပ်ဆိုင်းထားတဲ့အပေါ် ပိုလန် ဝေဖန်


ပိုလန်သမ္မတ Andrzej Duda
ပိုလန်သမ္မတ Andrzej Duda

ပိုလန်အတွက် ဥရောပရံပုံငွေကို ပိတ်ဆို့လိုက်ပြီး ဥရောပကော်မရှင်က ပိုလန်နိုင်ငံ ရဲ့အစိုးရကိုပြောင်းဖို့ အားသုံး ကြိုးစားတယ်လို့ ပိုလန်သမ္မတ အွန်ဒြေ ဒူးဒ (Andrzej Duda) က တနင်္ဂနွေနေ့ က ဝေဖန်လိုက်ပါတယ်။ ဒါပေမဲ့ တရားရေးနစ်ပြောင်းလဲမှုအပေါ် ညှိနှိုင်းဆွေးနွေးဖို့ ဖွင့်ထားတယ်လို့လည်း ပြောပါတယ်။

လက်ျာ အမျိုးသားရေးကို ဇောင်းပေးခဲ့ပြီး ဥပဒေနဲ့တရားမျှတမှုပါတီဦးဆောင်တဲ့ ယခင်အစိုးရလက်ထက်က တရားရေးစနစ်နဲ့ ဥပဒေစိုးမိုးရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့ရာမှာ ပိုလန်နဲ့ ဥရောပကော်မရှင်တို့ အငြင်းပွါးခဲ့ကြတာကြောင့် ပိုလန်ကိုပေးမယ့် အီးယူ ရံပုံငွေတွေကို ဘီလီယံချီပြီး ရပ်ဆိုင်းထားခဲ့တာပါ။ တရားဥပဒေစိုးမိုးရေး ဖြစ်ပေါ်လာအောင် ဆောင်ရွက်ခြင်းအားဖြင့် ရံပုံငွေပြန်လည်ရရှိအောင် ကြိုးစားမယ်လို့ လက်ရှိအစိုးရက ကတိကဝတ်ပြုထားပေမဲ့ သမ္မတဒူးဒနဲ့ လူသိများတဲ့တရားသူကြီးတွေအပါအဝင် အရင် အာဏာရပါတီ ထောက်ခံသူတွေက ခုခံနေတာကို လက်ရှိအစိုးရက ရင်ဆိုင်နေရပါတယ်။

ပိုလန်နိုင်ငံရေးစနစ်မှာ သမ္မတကို သမ္မတရွေးကောက်ပွဲနဲ့ တင်မြှောက်ပြီး အစိုးရကိုတော့ လွှတ်တော်နေရာအများစုရတဲ့ပါတီ ဒါမှမဟုတ် ပါတီတွေကဖွဲ့စည်းတာမို့ သမ္မတနဲ့ အစိုးရကြား အာဏာ အားပြိုင်မှုရှိနေတာပါ။ ဥရောပသမဂ္ဂကသတ်မှတ်ထားတဲ့ တရားရေးစနစ် သီးခြားလွတ်လပ်ရေး တိုင်းတာချက်တွေကို ဖြည့်ဆည်းနိုင်ရေးအတွက် ဥရောပကော်မရှင်နဲ့အတူ အလုပ်လုပ်ဖို့ အဆင်သင့်ရှိကြောင်း ပိုလန်အစိုးရက ပြောထားတယ်လို့တော့ ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

EU ရံပုံငွေများရပ်ဆိုင်းထားတဲ့အပေါ် ပိုလန် ဝေဖန်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG