သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး သဘောတူညီ


တာဝန်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျာမနီဝန်ကြီးချုပ် Angela Merkel (ဘယ်)နဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့် လက်ရှိ ဒုဝန်ကြီးချုပ် Olaf Scholz
တာဝန်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျာမနီဝန်ကြီးချုပ် Angela Merkel (ဘယ်)နဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့် လက်ရှိ ဒုဝန်ကြီးချုပ် Olaf Scholz

- - - [[ Zawgyi ]] - - -

ဂျာမနီမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး သဘောတူညီ

ဂျာမနီနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ ဆိုရှယ်ဒီမိုကရက်ပါတီက ဦးဆောင်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ လက်ဝဲယိမ်း Green ပါတီ၊ လက်ယာယိမ်း Free Democrats ပါတီတွေနဲ့ သဘောတူညီချက် ရထားပြီဖြစ်ကြောင်း ဆိုရှယ်ဒီမိုကရက်ပါတီ ခေါင်းဆောင် Olaf Scholz က ဗုဒ္ဓဟူးနေ့က ကြေငြာပါတယ်။

အခုလို သဘောတူညီချက် ရပြီဖြစ်တဲ့အတွက် ဆိုရှယ်ဒီမိုကရက်ပါတီခေါင်းဆောင် Olaf Scholz ဟာ ဂျာမဏီနိုင်ငံရဲ့ဝန်ကြီးချုပ်အသစ် ဖြစ်လာတော့မယ့် အနေအထားမှာ ရှိနေပြီး၊ ဂျာမဏီကို ၁၆ နှစ်ကြာ ဦးဆောင်ခဲ့တဲ့ အမျိုးသမီးဝန်ကြီးချုပ် Angela Merkel ရဲ့အစိုးရဟာ မကြာမီ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

သဘာ၀ ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ နည်းပညာတွေအတွက် ရင်းနှီးမြှပ်နှံမှု တိုးမြှင့်သွားဖို့နဲ့ တိုင်းပြည်ရဲ့စီးပွားရေးမူဝါဒတွေ ပါဝင်တဲ့ စာမျက်နှာ ၁၇၇ မျက်နှာပါ စာတမ်းကို Olaf Scholz က ရေးသားတင်ပြခဲ့ပြီး ကျန်နိုင်ငံရေးပါတီတွေနဲ့ သဘောတူညီချက် ရယူခဲ့တာ ဖြစ်ပါတယ်။

အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ဗဟိုလက်ဝဲယိမ်း နိုင်ငံရေးအယူအဆရှိသူ Olaf Scholz ဟာ လက်ရှိ ဂျာမန်ဝန်ကြီးချုပ် Angela Merkel အစိုးရမှာ၊ ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၂၀၁၈ ခုနှစ် ကတည်းက စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

နောက်လာမယ့် ၁၀ ရက်အတွင်း ပါတီ ၃ ခုရဲ့ပါတီဝင်တွေအနေနဲ့ ညွန်ပေါင်းအစိုးရအတွက် သဘောတူညီမှုတွေ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ Olaf Scholz ကပြောသွားပါတယ်။

အစိုးရဖြစ်လာမယ့် ဒီပါတီ၃ ခု ပါဝင်တဲ့ လွှတ်တော်ကနေ သူ့ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်မယ်လို့ မျှော်လင့်ထားပါတယ်။ လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့ လွှတ်တော်မှာ ရွေးချယ်ကြမှာဖြစ်ပါတယ်။ လက်ဝဲယိမ်းပါတီ ၂ ခုဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက် ပါတီနဲ့၊ သဘာဝပတ်ဝန်းကျင် ဦးစားပေး Green ပါတီတို့ဟာ လက်ယာယိမ်းစီးပွားရေး ဦးစားပေး Free Democratic နဲ့ အခုလို မဟာမိတ်ဖွဲ့နိုင်ခဲ့တာက ဂျာမဏီနိုင်ငံမှာ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ပါဘူး။

ဂျာမနီမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး သဘောတူညီ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်


- - - {{ Unicode }} - - -








XS
SM
MD
LG