သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ာမနီ ေရြးေကာက္ပဲြ အ႐ႈံးအႏိုင္ မျပတ္ေသး


ေထာက္ခံသူေတြကုိ ႏႈတ္ဆက္ေနတဲ့ ဂ်ာမနီဝန္္ႀကီးခ်ဳပ္ Angela Merkel နဲ႔ CDU ပါတီဝင္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Armin Laschet. (စက္တင္ဘာ ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

ဂ်ာမနီႏုိင္ငံမွာ တနဂၤေႏြေန႔က က်င္းပတဲ့ လႊတ္ေတာ္ေရြးေကာက္ပြဲအတြက္ မဲေပးမႈေတြ အဆံုးသတ္သြားၿပီျဖစ္ၿပီး မဲေပးအၿပီး ေကာက္ယူတဲ့ စစ္တမ္းေတြအရ ဝန္ႀကီးခ်ဳပ္ Angela Merkel ရဲ႕ လက္ယာယိမ္း ခရစ္ယာန္ဒီမိုကရက္တစ္ယူနီယံ (CDU) နဲ႔ လက္ဝဲယိမ္း ဆိုရွယ္ဒီမိုကရက္တစ္ပါတီ (SD) တို႔ၾကား မဲအေရအတြက္ သိပ္မကြာဘဲ ျဖစ္ေနတာ ေတြ႔ရပါတယ္။

၁၆ ႏွစ္ၾကာ ဂ်ာမနီႏိုင္ငံေရးမွာ ဦးေဆာင္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ Merkel ႏုတ္ထြက္ခဲ့တဲ့ေနာက္ ဥေရာပရဲ႕ စီးပြါးေရးအေတာင့္တင္းဆံုး ဂ်ာမနီႏုိင္ငံကို ဦးေဆာင္မယ့္သူ ေနရာအတြက္ CDU ပါတီဝင္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Armin Laschet နဲ႔ ဘ႑ာေရးဝန္ႀကီးလည္းျဖစ္၊ ဒုတိယဝန္ႀကီးခ်ဳပ္တာဝန္လည္း ထမ္းေဆာင္ေနတဲ့ ဆိုရွယ္ဒီမိုကရက္တစ္ပါတီက Olaf Scholz တို႔ ၂ ဦး အႀကိတ္အနယ္ ယွဥ္ၿပိဳင္ေနၾကတာ ျဖစ္ပါတယ္။

မဲေပးမႈအၿပီး ေကာက္ယူတဲ့ စစ္တမ္းေတြမွာေတာ့ ပါတီ ၂ ရပ္စလံုးအတြက္ ေထာက္ခံမႈက ၂၅ ရာခုိင္ႏႈန္းစီ ရေနေၾကာင္း ARD သတင္းဌာနရဲ႕ စစ္တမ္းမွာ ေတြ႔ရသလို ZDF ႐ုပ္သံအစီအစဥ္ရဲ႕ စစ္တမ္းမွာေတာ့ ဆိုရွယ္ဒီမိုကရက္ေတြက ၂၆ ရာခုိင္ႏႈန္း၊ CDU က ၂၄ ရာခုိင္ႏႈန္း ရေနေၾကာင္း ေဖာ္ျပထားပါတယ္။

Annalena Baerbock ဦးေဆာင္တဲ့ Green ပါတီအတြက္ကေတာ့ လူထုေထာက္ခံမႈ ၁၅ ရာခုိင္ႏႈန္းနဲ႔ တတိယေနရာမွာ ရွိေနေၾကာင္းလည္း ဒီစစ္တမ္း ၂ ခုစလံုးမွာ ေဖာျပထားပါတယ္။

အခုေရြးေကာက္ပြဲမွာ ဘယ္ပါတီကမွ မဲအျပတ္အသတ္ မရေသးတဲ့အတြက္ ၫြန္႔ေပါင္းအစိုးရဖြဲ႔ဖို႔ ျဖစ္ႏိုင္ေျခ ရွိေနပါတယ္။ ေရြးေကာက္ပြဲမတိုင္ခင္က ေကာက္ယူတဲ့ စစ္တမ္းေတြမွာေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ပါတီအားလံုးအတြက္ လူထုေထာက္ခံမႈက ရာခိုင္ႏႈန္း ၃၀ ေအာက္ေတြမွာပဲ ရွိေနတာပါ။

အေစာပိုင္းကေတာ့ ဝန္ႀကီးခ်ဳပ္ Merkel က သူ႔ေနရာမွာ ဘယ္သူ႔ကို ဆက္ခံေစခ်င္တယ္ ဆိုတာကို မျပသခဲ့ေပမယ့္ စေနေန႔ကေတာ့ သူ႔ပါတီဥကၠ႒ Laschet ရဲ႕ မဲဆြယ္ပြဲကို တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ေနရာကို ဆက္ခံမယ့္သူကို ေရြးခ်ယ္မၿပီးမခ်င္း သူကေတာ့ ဝန္ႀကီးခ်ဳပ္တာဝန္ကို ဆက္ၿပီး ထမ္းေဆာင္ရမွာ ျဖစ္ပါတယ္။

ဂ်ာမနီ ေရြးေကာက္ပဲြ အ႐ႈံးအႏိုင္ မျပတ္ေသး
please wait

No media source currently available

0:00 0:01:13 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ဂျာမနီ ရွေးကောက်ပွဲ အရှုံးအနိုင် မပြတ်သေး

ဂျာမနီနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးမှုတွေ အဆုံးသတ်သွားပြီဖြစ်ပြီး မဲပေးအပြီး ကောက်ယူတဲ့ စစ်တမ်းတွေအရ ဝန်ကြီးချုပ် Angela Merkel ရဲ့ လက်ယာယိမ်း ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ (CDU) နဲ့ လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SD) တို့ကြား မဲအရေအတွက် သိပ်မကွာဘဲ ဖြစ်နေတာ တွေ့ရပါတယ်။

၁၆ နှစ်ကြာ ဂျာမနီနိုင်ငံရေးမှာ ဦးဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် Merkel နုတ်ထွက်ခဲ့တဲ့နောက် ဥရောပရဲ့ စီးပွါးရေးအတောင့်တင်းဆုံး ဂျာမနီနိုင်ငံကို ဦးဆောင်မယ့်သူ နေရာအတွက် CDU ပါတီဝင် ပြည်နယ်အုပ်ချုပ်ရေးမှူး Armin Laschet နဲ့ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်တာဝန်လည်း ထမ်းဆောင်နေတဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီက Olaf Scholz တို့ ၂ ဦး အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။

မဲပေးမှုအပြီး ကောက်ယူတဲ့ စစ်တမ်းတွေမှာတော့ ပါတီ ၂ ရပ်စလုံးအတွက် ထောက်ခံမှုက ၂၅ ရာခိုင်နှုန်းစီ ရနေကြောင်း ARD သတင်းဌာနရဲ့ စစ်တမ်းမှာ တွေ့ရသလို ZDF ရုပ်သံအစီအစဉ်ရဲ့ စစ်တမ်းမှာတော့ ဆိုရှယ်ဒီမိုကရက်တွေက ၂၆ ရာခိုင်နှုန်း၊ CDU က ၂၄ ရာခိုင်နှုန်း ရနေကြောင်း ဖော်ပြထားပါတယ်။

Annalena Baerbock ဦးဆောင်တဲ့ Green ပါတီအတွက်ကတော့ လူထုထောက်ခံမှု ၁၅ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေကြောင်းလည်း ဒီစစ်တမ်း ၂ ခုစလုံးမှာ ဖောပြထားပါတယ်။

အခုရွေးကောက်ပွဲမှာ ဘယ်ပါတီကမှ မဲအပြတ်အသတ် မရသေးတဲ့အတွက် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်က ကောက်ယူတဲ့ စစ်တမ်းတွေမှာတော့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီအားလုံးအတွက် လူထုထောက်ခံမှုက ရာခိုင်နှုန်း ၃၀ အောက်တွေမှာပဲ ရှိနေတာပါ။

အစောပိုင်းကတော့ ဝန်ကြီးချုပ် Merkel က သူ့နေရာမှာ ဘယ်သူ့ကို ဆက်ခံစေချင်တယ် ဆိုတာကို မပြသခဲ့ပေမယ့် စနေနေ့ကတော့ သူ့ပါတီဥက္ကဋ္ဌ Laschet ရဲ့ မဲဆွယ်ပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့နေရာကို ဆက်ခံမယ့်သူကို ရွေးချယ်မပြီးမချင်း သူကတော့ ဝန်ကြီးချုပ်တာဝန်ကို ဆက်ပြီး ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG