သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ် Angela Merkle နေရာဆက်ခံဖို့ ဂျာမန်ရွေးကောက်ပွဲ ကျင်းပ


ဂျာမနီရွေးကောက်ပွဲမှာ မဲပေးနေသူတဦး။ (စက်တင်ဘာ ၂၆၊ ၂၀၂၁)
ဂျာမနီရွေးကောက်ပွဲမှာ မဲပေးနေသူတဦး။ (စက်တင်ဘာ ၂၆၊ ၂၀၂၁)

(Zawgyi / Unicode)

ဂျာမနီနိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲကို ဒီတနင်္ဂနွေနေ့မှာ ကျင်းပနေပါတယ်။ မဲပေးနိုင်သူ သန်း ၆၀ ကျော်ရှိပြီး လွှတ်တော်ကနေတဆင့် ဂျာမနီနိုင်ငံရဲ့ ဝန်ကြီးချုပ် အသစ်ကို ရွေးချယ်မှာဖြစ်ပါတယ်။

ဂျာမနီနိုင်ငံကို ၁၆ နှစ်ကြာ ဦးဆောင်ခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် Angela Merkle ဟာ ဒီရွေးကောက်ပွဲအပြီးမှာ အနားယူတော့မှဖြစ်ပါတယ်။ သူ့ရဲ့နေရာမှာ နောက်ထပ် ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ကြမှာပါ။

ဒီရွေးကောက်ပွဲအပြီး ဖွဲ့စည်းတဲ့ ဂျာမနီအစိုးသစ်ဟာ ညွန့်ပေါင်းအစိုးရ ဖြစ်နိုင်တယ်လို့ ခန့်မှန်း တွက်ချက်ထားကြပါတယ်။ လက်ရှိအာဏာရပါတီဖြစ်တဲ့ Christian Democratic Union ပါတီနဲ့ သူ့ရဲ့ မဟာမိတ်ပါတီဖြစ်တဲ့ Christian Social Union ပါတီ၊ Social Democratic Party တို့ဟာ အဓိကထင်ရှားတဲ့ ပါတီတွေ ဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ် Angela Merkle ဟာ ခရစ်ယာန်ဒီမိုကရက်ပါတီကဖြစ်ပြီး ၂၀၀၅ ခုနှစ်ကတည်းက ဂျာမနီနိုင်ငံကို ဦးဆောင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

သူ့နောက်ဆက်ခံမယ့် ဝန်ကြီးချုပ်အသစ်အဖြစ် Christian Democratic Union ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ Armin Laschet ကို လက်ရှိဝန်ကြီးချုပ် Angela Merkle က ထောက်ခံထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)







XS
SM
MD
LG