သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား အမျိုးသမီး အုပ်စုပွဲမှာ ဂျာမနီအသင်း အရှုံးနဲ့ထွက်


၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ တောင်ကိုရီးယားနဲ့ တဂိုးစီသရေကျပြီး နောက်တဆင့်မတက်နိုင်ခဲ့တဲ့ ဂျာမနီအသင်းသားများကိုတွေ့ရစဉ် (သြဂုတ် ၃၊ ၂၀၂၃)
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ တောင်ကိုရီးယားနဲ့ တဂိုးစီသရေကျပြီး နောက်တဆင့်မတက်နိုင်ခဲ့တဲ့ ဂျာမနီအသင်းသားများကိုတွေ့ရစဉ် (သြဂုတ် ၃၊ ၂၀၂၃)

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့ ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ဖြစ်ဖူးတဲ့ နာမည်ကြီး ဂျာမနီအသင်း အုပ်စုအဆင့်ကနေ ပြုတ်သွား ပြီဖြစ်ပါတယ်။

အုပ်စု H က အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်နဲ့ ဂျာမနီ နဲ့ တောင်ကိုရီးယား၊ ကိုလံဘီယာနဲ့ မော်ရိုကိုတို့ရဲ့ ပွဲစဉ်တွေကို ဒီနေ့ ကစာခဲ့ကြတာမှာ မော်ရိုကိုက ကိုလံဘီယာကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီး၊ ဂျာမနီ နဲ့ တောင်ကိုရီးယားတို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ တောင်ကိုရိးယားက ပွဲစပြီး ၆ မိနစ်မှာ ဂိုးအရင်သွင်းခဲ့ပြီး ဂျာမနီက တိုက်စစ်မှူး Popp က ၄၂ မိနစ်မှာ ချေပဂိုး ပြန်သွင်းပါတယ်။ ဒါပေမဲ့ ဂျာမနီအသင်းဟာ နောက်ထပ် ဂိုးမသွင်းနိုင်တာကြောင့် ၁ ဂိုးစီသရေဖြစ်သွားခဲ့တာပါ။ ဒါကြောင့် ဒီအုပ်စုမှာ ကိုလံဘီယာ နဲ့ မော်ရိုကိုက ၂ ပွဲ နိုင် ၁ ပွဲ ရှုံးနဲ့ ၆ မှတ်စီရပြီး၊ ဂျာမနီအသင်းက ၁ ပွဲ နိုင် ၁ ပွဲ သရေ ၁ ပွဲ ရှုံးနဲ့ ၄ မှတ် နဲ့ အုပ်စု တတိယရတာကြောင့် ပြိုင်ပွဲနေ ထွက်လိုက်ရတာဖြစ်ပါတယ်။ ဂျာမနီအသင်းဟာ အခုလို အုပ်စုအဆင့်ကနေ ထွက်လိုက်ရတဲ့အတွက် ၊ ဒါဟာ သူတို့အတွက်တော့ အမျိုးသမီးကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ် အုပ်စုအဆင့်နေ ထွက်လိုက်ရတာဖြစ်ပါတယ်။

မနေ့တုန်းကလည်း အုပ်စု F မှာ ပါဝင်တဲ့ တောင်အမေရိကချန်ပီယံ ဘရာဇီးအသင်းဟာ ဂျမေကာနဲ့ ဂိုးမရှိသရေကျပြီး ၁ ပွဲ နိုင် ပွဲ သရေ ၁ ပွဲ ရှုံး ၄ မှတ် နဲ့ အုပ်စု တတိယပဲ ရတာကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ အဲဒီအုပ်စုမှာတော့ ပြင်သစ်က ၇ မှတ်၊ ဂျမေကာက ၅ မှတ် ဒုတိယအဆင့်ရှုံးထွက်ကို တက်သွားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG