သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီ ရွေးကောက်ပွဲ အနိုင်ရပါတီ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ပြင်


ဂျာမနီကွန်ဆာဗေးတစ်ပါတီ CDU ခေါင်းဆောင် Friedrich Merz ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပါတီခေါင်းဆောင်အစည်းအဝေး ဘာလင်မြို့မှာကျင်းပစဥ်။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅)
ဂျာမနီကွန်ဆာဗေးတစ်ပါတီ CDU ခေါင်းဆောင် Friedrich Merz ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပါတီခေါင်းဆောင်အစည်းအဝေး ဘာလင်မြို့မှာကျင်းပစဥ်။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅)

တနင်္ဂနွေနေ့ကကျင်းပတဲ့ ဂျာမနီရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အတိုက်အခံ Friedrich Merz က ညွန့်ပေါင်းအစိုးရကို အမြန်ဆုံးဖွဲ့စည်းဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ အုပ်ချုပ်ရေးပိုင်း အတွေ့အကြုံနည်းတဲ့ Merz အနေနဲ့ ဥရောပရဲ့ စီးပွါးရေးကျဆင်းမှု၊ ရွှေ့ပြောင်းနေထိုင်သူတွေ အရေးနဲ့ အမေရိကန်၊ ရုရှားနဲ့တရုတ်ကြား လုံခြုံရေးကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းရဖို့ရှိပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ကနဦးရလဒ်တွေအရ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် CDU/CSU ပါတီက ၂၈.၆ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး လက်ယာစွန်း AfD ပါတီ က ၂၀.၈ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာရှိတာပါ။ ဝန်ကြီးချုပ်ဖြစ်ဖို့ အလားအလာရှိနေတဲ့ အသက် ၆၉ နှစ်အရွယ် Merz အနေနဲ့ ဒုတိယနေရာက လိုက်နေတဲ့ AfD ပါတီနဲ့ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အချိန်ယူညှိနှိုင်းရမှာဖြစ်ပါတယ်။ AfD ပါတီအခုလို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒုတိယအများဆုံးအနိုင်ရတာဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

ဗဟိုလက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်ပါတီခေါင်းဆောင် ဝန်ကြီးချုပ် Olaf Scholz ကတော့ ဒါက ခါးသည်းတဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်တယ်လို့ ထောက်ခံသူတွေကိုပြောပြီး အရှုံးကို အသိအမှတ် ပြုပါတယ်။ CDU ပါတီ ခေါင်းဆောင် Merz က သူ့အနေနဲ့ ဥရောပကို တတ်နိုင်သမျှ မြန်မြန် ခိုင်မာအောင်လုပ်ဖို့ဦးစားပေးသွားမယ်လို့ တနင်္ဂနွေနေ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG