သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီရွေးကောက်ပွဲ အတိုက်အခံခေါင်းဆောင် အနိုင်ရ


ရွေးကောက်ပွဲအပြီး ထောက်ခံသူများကို စကားပြောနေသည့် CDU ပါတီခေါင်းဆောင် Friedrich Merz။ (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅) (AP)
ရွေးကောက်ပွဲအပြီး ထောက်ခံသူများကို စကားပြောနေသည့် CDU ပါတီခေါင်းဆောင် Friedrich Merz။ (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅) (AP)

တနင်္ဂနွေနေ့က ကျင်းပတဲ့ ဂျာမနီရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဖရက်ဒရစ် မာ့ဇ်က သူနိုင်ကြောင်း ပြောလိုက်သလို ဝန်ကြီးချုပ့် အိုလာ့ဗ် ရှို့လ်ဇ်ကလည်း ရှုံးနိမ့်ကြောင်း သဘောတူလိုက်ပါတယ်။

မဲပေးထွက်လာသူတွေကို ကောက်ယူတဲ့ စစ်တမ်းအရ လကျ်ာအစွန်းရောက်ပါတီ AfD ပါတီက ဒုတိယနေရာက လိုက်နေပြီး ဒုတိယ ကမ္ဘာစစ်ပြီးနောက် အားအကောင်းဆုံး အနေအထားကို ရတော့မယ့်အလားအလာ တွေ့နေရပါတယ်။

သူရင်ဆိုင်ရမယ့် အလုပ်ပမာဏကို သူ သိကြောင်း၊ ဒါ လွယ်ကူမှာတော့ မဟုတ်ကြောင်း ဗဟိုလကျ်ာပါတီ ခရစ်ယန် ဒီမိုကရက်တစ် ယူနီယံ CDU ပါတီခေါင်းဆောင် ဖရက်ဒရစ် မာ့ဇ် က ပြောပါတယ်။

ညွန့်ပေါင်းအစိုးရကို မြန်နိုင်သမျှ အမြန်ဆုံးဖွဲ့စည်းဖို့ ရည်ရွယ်ထားတယ်လို့ မာ့ဇ်က ဆိုပါတယ်။ လက်ျာစွန်း AfD ပါတီနဲ့ လက်မတွဲဘူးလို့တော့ အရင်တုန်းက သူက အခါခါ ပြောဖူးပါတယ်။ ဗဟိုလက်ဝဲ ဆိုရှယ်ဒီမိုကရက်ပါတီခေါင်းဆောင် Scholz ကတော့ ဒါက ခါးသီးတဲ့ ရွေးကောက်ပွဲရလာဒ် ဖြစ်တယ်လို့ ထောက်ခံသူတွေကိုပြောပြီး အရှုံးကို အသိအမှတ်ပြုသွားပါတယ်။

နိုင်ငံရေးပါတီတွေက လက်ျာစွန်းပါတီနဲ့ အလုပ်အတူ တွဲမလုပ်ဖို့ သူ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ မဲအများဆုံးရနိုင်ခြေရှိတဲ့ CDU ပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ရေး ဆွေးနွေးဖို့ ဖွင့်ထားတယ်လို့ လက်ျာစွန်း AfD ပါတီခေါင်းဆောင် Alice Weidel ကတော့ ဆိုပါတယ်။

ဂျာမနီရွေးကောက်ပွဲ အတိုက်အခံခေါင်းဆောင် အနိုင်ရ
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG