သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီရွေးကောက်ပွဲ ဝန်ကြီးချုပ် Merkel ၄ ကြိမ်မြောက် အနိုင်ရ


၀န်ကြီးချုပ် Angela Merkel
၀န်ကြီးချုပ် Angela Merkel

ဂျာမနီအထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် Angela Merkel ဟာ လေးကြိမ်မြောက်သက်တမ်းအတွက် ထပ်ပြီး အနိုင်ရသွားပါတယ်။ လွန်ခဲ့တဲ့သုံးလမှာ မဲဆွယ်စည်းရုံးပွဲတွေ စတင်ကတည်းက ဒီလိုရလာဒ်ထွက်လာမယ်ဆိုတာကိုတော့ ခန့်မှန်းထားခဲ့ကြပြီးသားပါ။ ဒါပေမဲ့လဲ ဝန်ကြီးချုပ် မာကဲလ်ရဲ့ အာဏာရ Christian Democrats ပါတီဟာ ခန့်မှန်းခဲ့တာထက် မဲ အရေအတွက် လျော့သွားပြီး လက်ယာစွန်းပါတီကတော့ ခန့်မှန်းထားတာထက် မဲအရေအတွက် ပိုရတဲ့ပုံရှိပါတယ်။

မဲရုံထွက်ကောက်ယူတဲ့ စစ်တမ်းတွေပေါ်မှာအခြေခံပြီး မဲရုံတွေပိတ်ပြီး သိပ်မကြာခင်မှာထုတ်ပြန်တဲ့၊ ပုံမှန်အားဖြင့် အတော်လေး ယုံကြည်လို့ရတဲ့ ခန့်မှန်းချက်တွေအရ မစ္စမာကဲလ်ရဲ့ အာဏာရ ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံ CDU နဲ့ သူတို့ရဲ့ မိတ်ဘက် ပါတီ ခရစ်ယာန် ဆိုရှယ်လ် ယူနီယံ CSU ပါတီနှစ်ရပ်ပေါင်းက မဲအရေအတွက် ၃၂.၅% ရပါတယ်။ ဒါကြောင့်လဲ မစ္စမာကဲလ်ဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းကဆိုရင် သက်တမ်းလေးကြိမ်ဆက်တိုက် ဝန်ကြီးချုပ်ဖြစ်သူ သုံးဦးထဲမှာ တဦးအပါအဝင် ဖြစ်သွား တော့မှာပါ။

စစ်တမ်းကောက်သူတွေက CDU/CSU ပါတီနှစ်ရပ်ပေါင်း မဲအရေအတွက် ၃၆ ကနေ ၃၉% ထိ ရမယ်လို့ ခန့်မှန်းခဲ့ကြတာပါ။

CDU ပါတီရတဲ့ မဲအရေအတွက်က နည်းသွားပြီး ဂျာမနီနိုင်ငံရဲ့ အငြင်းပွားဖွယ် လက်ယာစွန်း လူအများကြိုက် Alternative for Germany လို့ခေါ်တဲ့ AfD ပါတီက ခန့်မှန်းထားတာထက် မဲပိုရသွားတာကြောင့် မစ္စမာကဲလ်ရဲ့အောင်ပွဲဟာ အပြည့်အဝဖြစ်တဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး။ AfD ပါတီဟာ ဂျာမန်လွှတ်တော်မှာ အမတ်နေရာရဖို့ လိုအပ်တဲ့ ၅% မဲအရေအတွက်ကို အသာလေးပဲကျော်ပြီး ၁၃.၄% ထိရမယ်လို့ မဲရုံထွက်ကောက်ယူတဲ့ စစ်တမ်းတွေက ပြနေပါတယ်။

ဂျာမနီရွေးကောက်ပွဲ ဝန်ကြီးချုပ် Merkel ၄ ကြိမ်မြောက် အနိုင်ရ
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG