သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Merkel တွေ့ဆုံမှု ၂ နိုင်ငံကြားစိုးရိမ်မှုကို လျှော့ပါးစေ


ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ ကန်သမ္မတ Donald Trump (March 17, 2017)
ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ ကန်သမ္မတ Donald Trump (March 17, 2017)

အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel ဟာ အမေရိကန်သမ္မတ Donald Trump နဲ့ အိမ်ဖြူတော်မှာ သောကြာနေ့က တွေ့ဆုံ ပြီး၊ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) တောင့်တင်းခိုင်မာရေး၊ ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ တခြားကိစ္စရပ်တွေကို ဆွေးနွေးကြပါတယ်။ ခေါင်းဆောင် ၂ ယောက် တွေ့ဆုံအပြီး၊ အမေရိကန်နဲ့ ဂျာမန်စီးပွားရေး ခေါင်းဆောင်တွေနဲ့ ဆက်လက် ဆွေးနွေးရာမှာတော့ အသက်မွေးဝမ်းကျောင်း သင်တန်းကိစ္စ၊ လုပ်သားအင်အားဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခဲ့ကြပေမဲ့၊ နိုင်ငံတကာ ကုန်သွယ်ရေးလို အဖုအထစ်တွေရှိနေတဲ့ ကိစ္စတွေကိုတော့ မဆွေးနွေးခဲ့ကြပါဘူး။

ပူးတွဲသတင်းစာ ရှင်းလင်းပွဲ အတွင်းမှာတော့ သမ္မတ Trump က ခေတ်မမှီတော့ ဘူးလို့ ပြောခဲ့ဖူးတဲ့ NATO အဖွဲ့ကို ဆက်လက်အားပေး ထောက်ခံသွားဖို့ ထပ်မံ ကတိပြုပြော ကြားခဲ့ပေမဲ့၊ မဟာမိတ်အဖွဲ့ဝင်တွေ အနေနဲ့ ကာကွယ်ရေးအတွက် ကုန်ကျ စားရိတ်ကို မျှမျှတတ ကျခံမှု မရှိတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အရင်က ဝေဖန်ပြော ဆိုချက်ကိုလည်း အမေရိကန်သမ္မတက ထပ်လောင်း ပြောကြားသွားပါတယ်။

သမ္မတ Trump ရဲ့ ပြောကြားချက်ကိုတော့ ဂျာမန်ဝန်ကြီးချုပ်က ကြိုဆိုခဲ့သလို၊ NATO အဖွဲ့ ကာကွယ်ရေးအသုံးစရိတ်အတွက် ပြီးခဲ့တဲ့နှစ်မှာ ၈ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သလို ဆက်လက် တိုးမြှင့်သွားမှာ ဖြစ်ကြောင်းလည်း ကတိပြုခဲ့ပါတယ်။ အမေရိကန်က ကိုယ်ကျိုးစီးပွားကို အကာအကွယ်ပေးမယ့် မူဝါဒကျင့်သုံးမယ့်အပေါ် စိုးရိမ်မှုတွေကို လျော့ပါးအောင် ကြိုးပမ်းတဲ့ အနေနဲ့ ကုန်သွယ်ဖက်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ သဘောတူညီချက်တွေ ရနိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း သမ္မတ Trump ကပြောဆိုခဲ့တာပါ။

ဂျာမန်ဝန်ကြီးချုပ်ကလည်း ကုန်သွယ်ရေး သဘောတူညီချက်တွေဟာ နိုင်ငံတွေကြား အပြန်အလှန် အကျိုးကျေးဇူး ခံစားရပြီး၊ ကုန်သွယ်မှုတွေမှာ မျှတမှု ရှိသင့်တယ်လို့ သမ္မတ Trump ရဲ့ ပြောဆိုချက်ကို သဘောတူကြောင်း ပြောဆိုခဲ့ပါတယ်။

Trump နဲ့ Merkel တွေ့ဆုံမှု ၂ နိုင်ငံကြားစိုးရိမ်မှုကို လျှော့ပါးစေ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG