သုံးရလွယ်ကူစေသည့် Link များ

ဂျာမနီအလုပ်သမားသပိတ်ကြောင့် အများသုံးသယ်ယူပို့ဆောင်ရေး တရက်ရပ်နား


GERMANY-AIRPORTS/STRIKES
GERMANY-AIRPORTS/STRIKES

{{Zawgyi/Unicode}}

ဂျာမနီမှာ အလုပ်သမားသမဂ္ဂတွေက တရက်တာသပိတ်မှောက်လို့ ရထားလိုင်း၊ လေယာဉ်နဲ့ အများသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေ တနင်္လာနေ့က ရပ်နားခဲ့ရပါတယ်။ ငွေကြေးဖောင်းပွမှု မြင့်မားနေလို့ လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြခဲ့ကြတာပါ၊

ဂျာမန်ဆိပ်ကမ်းနဲ့ ရေလမ်းပို့ဆောင်ရေးအလုပ်သမားတွေလည်း သပိတ်မှာပါဝင်ခဲ့လို့ ရေကြောင်းကုန်စည်ပို့ဆောင်မှုကိုလည်း ထိခိုက်ခဲ့ပါတယ်။

အများသယ်ယူပို့ဆောင်ရေးမရှိခဲ့လို့ ကားမောင်းပြီး အလုပ်သွားကြလို့ ယာဉ်ကြောပိတ်ဆို့မှုခဲ့သလို တချို့ကတော့ အိမ်ကနေ အလုပ် လုပ်ကြရတယ် ပြောပါတယ်။ တနင်္လာနေ့မှာ သပိတ်မှောက်မယ် ကြေညာခဲ့လို့ ခရီးသွားတွေက တနင်္ဂနွေနေ့ကတည်း ကြိုတင် ခရီးထွက်ကြတာတွေ ရှိခဲ့လို့ သီတင်းပတ်ကုန်ကတည်းက သွားလာရေးတွေ နှောင့်နှေးခဲ့ရပါတယ်။

သပိတ်မှောက်တာ လူအများအတွက်ထိခိုက်နေလို့ အလုပ်သမားသမဂ္ဂတွေကို တွေ့ဆုံညှိနှိုင်းကြဖို့ တောင်းဆိုကြသူတွေလည်း ရှိပါတယ်။

သမဂ္ဂတွေက အနည်းဆုံး လစာ ၁၀.၅% တိုးဖို့ ကြိုးပမ်းနေပြီး အလုပ်ရှင်တွေဘက်ကတော့ အဆင့်နှစ်ဆင့်နဲ့ ၅% တိုးပေးတာ အပြင် နောက်တကြိမ် ငွေကြေးထပ်ဆောင်းပေးဖို့ ပြန်လည်ကမ်းလှမ်းထားပါတယ်။

အလုပ်သမားသပိတ်တွေဟာ ဂျာမနီမှာ အမြဲလိုလိုဖြစ်ပွားလေ့ရှိပြီး ပုံမှန်ဆိုရင် သမဂ္ဂတွေနဲ့အလုပ်ရှင်တွေကြား အပေးအယူလုပ်ပြီး အဆုံးသတ်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

==========

{{Unicode}}








XS
SM
MD
LG