သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီနဲ့ဩစတြီးယားမှာ ခြိမ်းခြောက်မှုကြောင့် ခရစ္စမတ်ပွဲတော်လုံခြုံရေးတင်းကြပ်


ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က ခရစ္စမတ်ရိုးရာဈေးအဝင်က ခရစ္စမတ်သစ်ပင်ကြီး။ (ဒီဇင်ဘာ ၂၂၊ ၂၀၂၃)
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က ခရစ္စမတ်ရိုးရာဈေးအဝင်က ခရစ္စမတ်သစ်ပင်ကြီး။ (ဒီဇင်ဘာ ၂၂၊ ၂၀၂၃)

ဂျာမနီနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်နိုင်ခြေရှိတယ်ဆိုတဲ့စိုးရိမ်ချက်နဲ့ အထင်ကရ Cologne cathedral ကို အလည်အပတ်လာကြည့်သူတွေကို ပိတ်ပင်ထားပြီး ခရစ်စတ်အကြို ညသန်းခေါင်ယံဝတ်ပြုဆုတောင်းပွဲလာသူတွေကို လုံခြုံရေးတင်းကြပ် စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိတ်လန့်ကြောက်ရွံပြီး အားလပ်ရက်ပွဲတော်တွေကို မသွားတာမျိုးတွေ မလုပ်ကြဖို့တော့ ဂျာမန်ထိပ်တန်းလုံခြုံရေးအရာရှိက တိုက်တွန်းခဲ့ပါတယ်။

အဲဒီဘုရားကျောင်းကို အလည်အပတ်လာကြည့်သူတွေကို ပိတ်ပင်ထားပေမယ့်လို့လည်း တနင်္ဂနွေနေ့ ဘုရားကျောင်းဝတ်ပြုပွဲတွေကိုတော့ ဆက်လက်ပြီး ကျင်းပသွားမယ်လို့သိရပါတယ်။ ဒီမတိုင်ခင် တရက်ကတည်းက ဘုရားကျောင်းကို လုံခြုံရေးရဲတွေချထားပြီး အနံ့ခံခွေးတွေနဲ့ ရှာဖွေထားခဲ့ပါတယ်။ နှစ်သစ်ကူးပွဲကို တိုက်ခိုက်နိုင်ခြေရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် ခရစ္စမတ်ကာလကိုလည်း လုံခြုံရေးအရ သတိထားနေတယ်လို့ ရဲက ပြောပါတယ်။

Policemen stand at the Stephansdom (St. Stephen's Cathedral) in Vienna, Austria, on December 24, 2023.
Policemen stand at the Stephansdom (St. Stephen's Cathedral) in Vienna, Austria, on December 24, 2023.

ဩစတြီးယားနိုင်ငံမှာတော့ ဗီယင်နာက ဘုရားကျောင်းတွေနဲ့ ခရစ္စမတ်ဈေးနားတဝိုက် လုံခြုံရေးတွေ တိုးမြှင့်ထားပါတယ်။ ဩစတြီးယားမှာလည်း တိုက်ခိုက်ခံရနိုင်ခြေရှိတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ရရှိထားတာပါ။ အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုတာတော့မရှိပါဘူး။ DPA သတင်းတရပ်မှာတော့ အစ္စလာမ်မစ် အစွန်းရောက်အုပ်စုတစုရဲ့ ခြိမ်းခြောက်မှုရှိနေတယ်ဆိုပြီး ရေးသားပါတယ်။ သတင်းအရင်းအမြစ် ကိုးကားဖော်ပြတာတော့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG