သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း ပုံစံအမျိုးမျိုးနဲ့ ခရစ္စမတ်ကို ကြိုဆို  


ခရစ္စမတ်မီးရောင်စုံအလှဆင်ထားတဲ့ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ အီဖယ်မျှော်စင် (ဒီဇင်ဘာ ၂၃၊ ၂၀၂၃) (Photo by Stefano Rellandini / AFP)
ခရစ္စမတ်မီးရောင်စုံအလှဆင်ထားတဲ့ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ အီဖယ်မျှော်စင် (ဒီဇင်ဘာ ၂၃၊ ၂၀၂၃) (Photo by Stefano Rellandini / AFP)

မကြာခင် ကျရောက်တော့မယ့် ခရစ္စမတ်နဲ့ ၂၀၂၄ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ပြင်သစ်နိုင်ငံ မြို့တော် ပါရီမြို့တော်က အီဖယ် မျှော်စင်ကြီးကို မီးရောင်စုံတွေနဲ့ အလှဆင်ထားပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့ နာမည်ကြီး အီဖယ်မျှော်စင်ကြီး ကနေ Champs Elysees လမ်းမကြီးတလျှောက် နေရာအနှံ့မှာ ခရစ္စမတ်မီးရောင်စုံတွေကို ခရစ္စမတ် အားလပ်ရက် ပွဲတော်ကာလတလျှောက် ထွန်းညှိထားတာပါ။

Serbia New Year
Serbia New Year

ဆားဘီးယားနိုင်ငံ Belgrade မြို့မှာတော့ မော်တော်ဆိုင်ကယ်သမား ရာနဲ့ချီက စန်တာကလော့ ဘိုးဘိုးကြီးလို ဝတ်စုံတွေဝတ်ပြီး မြို့ဆင်ခြေဖုန်မှာ ရှိတဲ့ ကလေးဆေးရုံရှိရာကို အုပ်စုလိုက်မောင်းသွားပြီး ကလေးငယ်တွေအတွက် ခရစ္စမတ်လက်ဆောင်တွေ ပေးခဲ့ကြပါတယ်။ နှစ်ပေါင်း ၂၀ နီးပါး လုပ်လာခဲ့တဲ့ ဒီအစဥ်အလာက ကျန်းမာရေး အထူးစောင့်ရှောက်မှုလိုအပ်နေတဲ့ ကလေးငယ်တွေကို ခုလိုအချိန်မှာ ခရစ္စမတ် လက်ဆောင်တွေပေးရင်း သူတို့ကို အားပေးဖို့ဖြစ်တယ်လို့ ပွဲစီစဥ်သူတွေက ပြောပါတယ်။

Argentina Christmas
Argentina Christmas

ဂျပန်နိုင်ငံမှာလည်း သောကြာနေ့က စန်တာကလော့ ဘိုးဘိုးကြီးလို ဝတ်ဆင်ထားသူ ၃၀၀ နီးပါး တိုကျိုမြို့လယ်က စီးပွားရေးအချက်အချာ နေရာမှာ စုဝေးခဲ့ကြပါတယ်။ လမ်းသွားလမ်းလာတွေကို ခရစ္စမတ်အပျော်တွေ ခံစားရစေဖို့ ရည်ရွယ်သလို ခရစ္စမတ် အမှတ်တရပစ္စည်းလေးတွေ လက်ဆောင်ပေးတာ၊ လူတွေ ပြုံးပျော်ရွှင်ရအောင် နှုတ်ဆက်တာ၊ မြို့သန့်ရှင်းရေးအတွက် အမှိုက်ကောက်တာလို လှုပ်ရှားမှုတွေကို အဖွဲ့လိုက်ခွဲ လုပ်ကြရင်း ခရစ္စမတ်ကို ကြိုဆိုကြတာပါ။ တိုကျိုမြို့တော်က လူစည်ကားတွေ လမ်းမတွေမှာလည်း ခရစ္စမတ်အငွေ့အသက် အပြည့်ရစေမယ့် မီးရောင်စုံတွေနဲ့ အလှဆင်ထားပါတယ်။

Biden
Biden

ခုလို ခရစ္စမတ်အားလပ်ရက်ကာလမှာ အလှပြ မီးထွန်းပွဲတွေ၊ နှစ်သစ်ကူးအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ အထိမ်းအမှတ်ပွဲတွေကို ကမ္ဘာတဝန်းမှာ ပုံစံအမျိုးမျိုးနဲ့ ကျင်းပနေကြတာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော် ဂျေးဘိုင်ဒန်တို့ကတော့ ဝါရှင်တန်မြို့တော်မှာရှိတဲ့ ကလေးဆေးရုံကို သောကြာနေ့ညက သွားရောက် အားပေးခဲ့ပါတယ်။ သမ္မကတော်တွေ လုပ်နေကျအစဉ်အလာတခုအတိုင်း ဆေးရုံတက်နေကြရတဲ့ ကလေးငယ်တွေကို ပျော်ရွှင်ရအောင်အားပေးရင်း “Twas the Night Before Christmas” ဆိုတဲ့ ဂန္ဓဝင် ကလေးပုံပြင်စာအုပ်ကို သမ္မတကတော်က ဖတ်ပြခဲ့ပါတယ်။

နှစ်စဉ် ခရစ္စမတ်အချိန်ရောက်တိုင်း အမေရိကန်သမ္မတကတော်တွေဟာ ကလေးဆေးရုံကိုသွားပြီး ဆေးရုံတက်နေကြတဲ့ ကလေးတွေ၊ သူတို့ရဲ့ မိသားစုတွေကို တွေ့ဆုံအားပေးတဲ့ အစဉ်အလာကို လွန်ခဲ့တဲ့ ၈၁ နှစ်ထဲကစလို့ လုပ်လာခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG