သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

၂၀၂၁ ခုႏွစ္အတြင္း ကမာၻဥတုရာသီေျပာင္းလဲမႈဆိုင္ရာ 


A man works at the Rhone Glacier partially covered with insulating foam to prevent it from melting due to global warming near Gletsch, Switzerland, Oct. 27, 2021.

[[Zawgyi/Unicode]]

Glasgow Climate Pact လို႔သိၾကတဲ့ COP26 ဥတုရာသီညီလာခံပါ သေဘာတူညီမႈမွာ ႏိုင္ငံေပါင္း ၂၀၀ ေက်ာ္သေဘာတူ လက္မွတ္ထိုးခဲ့ၾကေပမယ့္ လက္ေတြ႔ ေအာင္ျမင္တိုးတက္မႈကို ေစာင့္ၾကည့္ရဦးမွာပါ။ ကမာၻတဝွမ္းဥတုရာသီေျပာင္းလဲမႈေၾကာင့္ ၂၀၂၁ ခုႏွစ္အတြင္း ကမာၻ႔ေနရာစုံက လူမႈဘဝထိခိုက္မႈေတြျဖစ္ေနတဲ့အေျခအေနေတြကိုေအပီသတင္းအေျခခံၿပီး နန္ေလာဝ္က တင္ျပထားပါတယ္။

ဝင္႐ိုးစြန္းေဒသက ေရခဲလႊာေတြအရည္ေပ်ာ္ဆင္းလာရာက ကမာၻ႔ေရမ်က္ႏွာျပင္ေတြျမင့္တက္လာေနသလို ကမာၻအရပ္ရပ္မွာလည္း ေတာမီးႀကီးေတြ ခပ္စိပ္စိပ္ေလာင္ကြၽမ္းလာပါတယ္။ ၂၀၂၁ ခုႏွစ္ဟာ ဥတုရာသီေျပာင္းလဲမႈဒဏ္ကို လူေတြအမ်ားဆုံးႀကဳံလာရတဲ့ႏွစ္လည္းျဖစ္ပါတယ္။ ေတာင္ဝင္႐ိုးစြန္းေဒသ Antarctica က Thwaites Glacier ေရခဲလႊာ တခ်ိဳ႕အပိုင္းေတြလည္း ခန႔္မွန္းထားတာထက္ ႏွစ္ခ်ီေစာၿပီး လာမယ့္ ၅ ႏွစ္နဲ႔ ၁၀ ႏွစ္အတြင္း အရည္ေပ်ာ္လာႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြ သတိေပးေနၾကပါတယ္။

ဟိမဝႏၲာေတာင္ေၾကာေပၚမွာရွိတဲ့ အိႏၵိယပိုင္ Kashmir ေဒသထဲက Thajiwas glacier ေရခဲလႊာေတြလည္း စိုးရိမ္စရာေကာင္းတဲ့ႏႈန္းနဲ႔ အရည္ေပ်ာ္လာေနတယ္လို႔ သုေတသီေတြကေျပာပါတယ္။ ေရခဲေတာင္ ကေန စီးဆင္းလာတဲ့ေရေတြကို မွီခိုလုပ္ကိုင္စားေသာက္ေနရတဲ့ ျမစ္ေအာက္ပိုင္းက လူေတြအေပၚ ၿခိမ္းေျခာက္မႈေတြျဖစ္လာေစပါတယ္။ ဥတုရာသီေျပာင္းလဲမွႈ ကာကြယ္တားဆီးေရးရည္မွန္းခ်က္ေတြ ျပည့္မွီမယ္ ဆိုရင္ေတာင္ ျမင့္တက္လာတဲ့ကမာၻ႔အပူခ်ိန္ေၾကာင့္ ဒီရာစုႏွစ္ကုန္ေလာက္မွာ ဟိမဝႏၲာေတာင္ေပၚက ေရခဲလႊာ ၄ ပုံ ၃ ပုံအရည္ေပ်ာ္သြားလိမ့္မယ္လို႔ ဟိမဝႏၲာေတာင္ေၾကာအေရး သုေတသနျပဳေလ့လာေနတဲ့ ICIMOD အဖြဲ႔ရဲ႕ ၂၀၁၉ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

လူသားေတြေၾကာင့္ျဖစ္လာတဲ့ ဥတုရာသီေျပာင္းလဲမႈအက်ိဳးဆက္အျဖစ္ ၂၀၀၀ ခုႏွစ္ေနာက္ပိုင္း ဟိမဝႏၲာေတာင္တန္းေပၚကေရခဲလႊာေတြ လြန္ခဲ့တဲ့ ၂၅ ႏွစ္နဲ႔စာရင္ ႏွစ္ဆတိုးၿပီး အရည္ေပ်ာ္လာတယ္လို႔ Sicence Advances 2019 အစီရင္ခံစာမွာလည္း ေဖာ္ျပထားပါတယ္။

ပင္လယ္ေရေတြ ျမင့္တက္လာတာေၾကာင့္ ကမာၻအရပ္ရပ္က ကမ္း႐ိုးတန္းေနျပည္သူေတြရဲ႕ လူမႈဘဝေတြ အႀကီးအက်ယ္ထိခိုက္ေနပါတယ္။ ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ ႏိုင္ငံတကာအဖြဲ႔ (IPCC) ကလည္း ဒီရာစုႏွစ္ကုန္ေလာက္မွာ ပင္လယ္ေရမ်က္ႏွာျပင္ ၃ ေပေလာက္ထိတက္လာႏိုင္တဲ့အတြက္ ကမ္း႐ိုးတန္းနဲ႔ ေျမနိမ့္ပိုင္းေနျပည္သူေတြအေပၚ ဆိုး႐ြားစြာထိခိုက္လိမ့္မယ္လို႔ ခန႔္မွန္းထားတာပါ။

အီဂ်စ္ႏိုင္ငံက ကမ္းေျခၿမိဳ႕ Alexandria မွာလည္း ပင္လယ္ဒီေရေတြၿမိဳ႕ထဲဝင္မလာႏိုင္ေအာင္ကြန္ကရစ္ တုံးေတြနဲ႔ အကာအရံေတြလုပ္ထားရသလို ၁၅ ရာစုႏွစ္ကေဆာက္ထားတဲ့ Citadel of Qaitbay ခံတပ္ကို ဒီေရဒဏ္မခံရေအာင္ၿမိဳ႕တာဝန္ရွိသူေတြ ထိန္းသိမ္းေစာင့္ေရွာက္ေနရပါတယ္။ ကုလသမဂၢဖြံ႔ၿဖိဳးမႈအစီအစဥ္ UNDP ရဲ႕အဆိုအရ အီဂ်စ္ျပည္သူ သန္း ၁၀၀ ေက်ာ္တို႔ကလည္း ဥတုရာသီေျပာင္းလဲမႈဒဏ္ကို ဆိုးဆိုး႐ြား႐ြားႀကဳံရမယ့္အလားအလာရွိေနပါတယ္။ ၂၀၂၂ ဥတုရာသီေျပာင္းလဲမႈ ကုလညီလာခံကို အီဂ်စ္ႏိုင္ငံမွာ က်င္းပမွာလည္းျဖစ္ပါတယ္။

တခါ ကမာၻတလႊား ထင္ရွားလွတဲ့ ဥေရာပက ဗင္းနစ္ၿမိဳ႕ႀကီးလည္း ေရႀကီးမယ့္အလားအလာေတြျမင္ေနရပါၿပီ။ ႏွစ္ေပါင္း ၁၆၀၀ ေက်ာ္သက္တမ္းရွိၿပီျဖစ္တဲ့ ဗင္းနစ္ၿမိဳ႕ႀကီးလည္း တျဖည္းျဖည္းေရနစ္လာေနတာပါ။

ကမာၻလွည့္ခရီးသြားေတြအေပၚ ဗင္းနစ္ၿမိဳ႕ေနျပည္သူေတြမွီခိုေနရတာပါ။ ကမာၻလွည့္ခရီးသြားေတြမရွိရင္ ဗင္းနစ္ၿမိဳ႕ႀကီးလည္းေသသြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဗင္းနစ္ၿမိဳ႕ႀကီးကို ကယ္တင္ဖို႔ က်မတို႔အားလုံးက်ိဳးစားေနၾကပါတယ္။ အေတာ္လည္း ထိခိုက္ခဲ့ရၿပီးပါၿပီ။

ဗင္းနစ္ၿမိဳ႕ထဲ ေရတက္မလာေအာင္ အကာအရံေတြလုပ္ဖို႔ ေဒၚလာ ၇ ဘီလီယံနီးပါးအကုန္အက်ခံၿပီး ဆယ္ႏွစ္ေက်ာ္ လုပ္ကိုင္ေနေပမယ့္ အက်င့္ပ်က္ျခစားမႈေတြေၾကာင့္ ခုထိ စမ္းသပ္မႈအဆင့္ပဲရွိပါေသးတယ္။ ဒီရာစုႏွစ္ကုန္ေလာက္မွာ ဗင္းနစ္ၿမိဳ႕မွာ ၄ ေပနီးပါးထိ ေရတက္လာႏိုင္ေျခရွိတယ္လို႔ European Geosciences Union အစီရင္ခံစာမွာခန႔္မွန္းထားပါတယ္။

တခါ အာရွဘက္က ေဟာင္ေကာင္ကြၽန္းေနျပည္သူေတြအေနနဲ႔လည္း ဆိုး႐ြားျပင္းထန္တဲ့ ရာသီဥတုနဲ႔ ဒီေရျမင့္တက္မႈနဲ႔ သဟဇာတက်ေအာင္ေနေနရတာပါ။ ငါးဖမ္းလုပ္ငန္းနဲ႔ အစဥ္အလာအသက္ေမြးလာၾကတဲ့ Tai O လူမႈအသိုင္းအဝိုင္းလည္း မၾကာခင္ေပ်ာက္ကြယ္သြားမယ့္အလားအလာေတြရွိေနပါၿပီ။ Lantau ကြၽန္းအေနာက္ဘက္၊ ႏိုင္ငံတကာေလဆိပ္အနီးမွာရွိတဲ့တံငါ႐ြာတခုလုံး လာမယ့္ ဆယ္စုႏွစ္ေတြအတြင္း ေရေအာက္မွာ နစ္ျမဳပ္ေပ်ာက္ကြယ္သြားလိမ့္မယ္လို႔ ပညာရွင္ေတြ ခန႔္မွန္းထားပါတယ္။ ၂၀၁၈ ခုႏွစ္တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ဒီတံငါ႐ြာေလးကို အႀကီးအက်ယ္ေရလႊမ္းခဲ့ပါေသးတယ္။ ၁၉ ၇၀ ျပည့္လြန္ႏွစ္ေတြတုန္းက ဒီ႐ြာမွာ လူဦးေရ ၃ ေသာင္းေလာက္ရွိခဲ့ေပမယ့္ ခုေတာ့ ၃ ေထာင္ေလာက္ပဲက်န္ပါေတာ့တယ္။

ဒီႏွစ္ထဲႀကဳံရတဲ့ သေဘာဝေဘးဒဏ္တခုျဖစ္တဲ့ ေတာမီးႀကီးေတြကိုလည္း အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ႐ုရွား၊ စပိန္နဲ႔ ၾသစေတေးလ်မွာ ေတြ႕ျမင္ခဲ့ရပါတယ္။ ၁၉၈၇ ခုႏွစ္ေနာက္ပိုင္း စံခ်ိန္တင္ အပူခ်ိန္ျမင့္တက္မႈနဲ႔ ႀကဳံခဲ့ရတဲ့ ဂရိႏိုင္ငံမွာလည္း Evia ကြၽန္းမွာ ၾသဂုတ္လထဲ ေတာမီးအႀကီးအက်ယ္ ေလာင္ကြၽမ္းခဲ့ပါတယ္။ ဒီ ေတာမီးႀကီးဟာ ဆယ္စုႏွစ္အတြင္း ဂရိႏိုင္ငံမွာႀကဳံခဲ့ရတဲ့ သဘာဝ ကပ္ေဘးဆိုးႀကီးတခုျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္Kyriakos Mitsotakis ကေျပာပါတယ္။

ဒီေနရာက မီးဖိုေဆာင္၊ ဟိုေနရာကေတာ့ မုန႔္ဖုတ္တဲ့ေနရာနဲ႔ ေရခဲေသတၱာေပါ့။ ခုေတာ့ ဘာမွ မက်န္ေတာ့ပါဘူး။

ကမာၻ႔ေလထုထဲက ကာဗြန္ဒိုက္ေအာက္ဆိုဒ္ဓာတ္ေငြ႔ေတြ မွ်မွ်တတျဖစ္ေအာင္ ထိန္းညႇိေပးတဲ့ေနရာမွာ သစ္ေတာႀကီးေတြလိုပဲ ႏြံေတာေတြရဲ႕ အခန္းက႑က သိပ္ကို အေရးပါလွပါတယ္။ ဆြစ္ဇာလန္ႏိုင္ငံထက္ အ႐ြယ္အစားပိုႀကီးတဲ့ ႐ုရွားႏိုင္ငံ Great Vasyugan ႐ြံ႕ႏြံေတာႀကီးလည္း ထိခိုက္ပ်က္စီးမယ့္ အေနအထားေတြ ရွိေနပါတယ္။ ခုေတာ့ ေတာမီးေတြ ပိုၿပီးေလာင္ကြၽမ္းလာတာေၾကာင့္ေရာ လူ႔လုပ္ရပ္ေၾကာင့္ ကမာၻႀကီးပိုၿပီးပူေႏြးလာတဲ့ အျခားအခ်က္ေတြေၾကာင့္ပါ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႔ေတြ သိုေလွာင္ေပးထားတဲ့ႏြံေတာေတြ ပ်က္စီးမယ့္အေနအထားနဲ႔ရင္ဆိုင္ေနရတာပါ။

ကမာၻကို ပိုၿပီးပူေႏြးလာေစတဲ့ ေလထုထဲက ကာဗြန္ဒိုက္ေအာက္ဆိုဒ္ဓာတ္ေငြ႔ေတြကို ႏြံေတာေတြကစုပ္ ယူေပးေနပါတယ္။ ေျမေဆြးေတြ၊ သစ္႐ြက္ေဆြးေတြအျဖစ္နဲ႔လည္း အဲဒီကာဗြန္ဒိုက္ေအာက္ဆိုဒ္ဓာတ္ေငြ႔ေတြကို ႏွစ္ေပါင္း ေထာင္နဲ႔ခ်ီ သိုေလွာင္ေပးထားၾကပါတယ္။ Tomsk ျပည္နယ္တကၠသိုလ္ ထိပ္တန္းဇီဝေဗဒပညာရွင္Sergey Kirpotin ကေတာ့ Great Vasyugan ႏြံေတာႀကီးကို ကာဗြန္သိုေလွာင္ေပးတဲ့ စက္႐ုံႀကီး၊ ကမာၻ႔ေရခဲေသတၱာႀကီးလို႔ တင္စားေခၚေဝၚပါတယ္။

“ကမာၻ႔ေျမမ်က္ႏွာျပင္ကို ၃ % ေလာက္ကို ဖုံးလႊမ္းထားတဲ့ Peatlands လို႔လည္းေခၚတဲ့ စိမ့္ေျမေတာေတြ၊ ႏြံေတာေတြဟာ ကမာၻတဝန္းသစ္ေတာေတြက စုပ္ယူထားတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႔ပမာဏရဲ႕ႏွစ္ဆေလာက္ကို စုပ္ယူေပးထားပါတယ္။ သူတို႔ စုပ္ယူသိုေလွာင္ေပးထားတဲ့ ကာဗြန္ဒိုက္ေအာက္ဆိုဒ္ ဓာတ္ေငြ႔က ေျမႀကီးေတြထဲမွာရွိေနတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႔ပမာဏ စုစုေပါင္း ရဲ႕ ၃၀ % ေလာက္ရွိပါတယ္။

Siberia ေဒသ အေနာက္ပိုင္း နယ္ေျမ ၄၀ % ေလာက္ကို ေနရာယူထားတဲ့ ဒီလို ႏြံေတာႀကီးမ်ိဳး ကမာၻဘယ္ေနရာမွာမွ မရွိပါဘူး။ ဥတုရာသီေျပာင္းလဲမႈျပင္းထန္လာတဲ့ ခုလိုကာလႀကီးမွာ ႏြံေတာေတြရဲ႕ အခန္းက႑၊ ထိန္းသိမ္းေစာင့္ေရွာက္ေရးနဲ႔ေလ့လာေရးလုပ္ငန္းေတြ သိပ္ကိုအေရးႀကီးလာၿပီလို႔ သိပၸံပညာရွင္ေတြက ယုံၾကည္ထားၾကပါတယ္။ အပူခ်ိန္တိုးလာၿပီး ေတာမီးေတြ ပိုေလာင္ကြၽမ္းလာတာေၾကာင့္ သစ္ေတာေတြရဲ႕သိုေလွာင္ႏိုင္မႈအားနည္းလာတဲ့အတြက္ ႏြံေတာေတြရဲ႕ အခန္းက႑က ပိုၿပီးအေရးပါလာပါတယ္။ဒါေပမယ့္လည္း ႏြံေတာေတြ စိမ့္ေျမေတာေတြကို အနီးကပ္ ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ေတာ့ လိုတယ္လို႔လည္း ပညာရွင္ေတြ သတိေပးပါတယ္။

Western Siberia က ႏြံေတာေတြမွာ မီသိန္းဓာတ္ေငြ႔တန္ခ်ိန္ သန္းေပါင္း ၇၀ ေလာက္သိုေလွာင္ထားတယ္လို႔ ကြၽမ္းက်င္သူတခ်ဳ႕ိ့က ေျပာပါတယ္။ ခုေတာ့ ကမာၻ႔ပူေႏြးမႈေၾကာင့္ ေရေတြခဲေနတဲ့ အဲဒီႏြံေတာေတြလည္း အႀကီးအက်ယ္စၿပီး အရည္ေပ်ာ္လာေနပါၿပီ။ ေရေတြအရည္ေပ်ာ္လာတဲ့ေနရာေတြမွာ အေပါက္ေတြေပၚလာၿပီး ေရကန္သစ္ေတြလည္း ေပၚထြက္လာသလို ေရကန္ေဟာင္းေတြလည္း အ႐ြယ္အစားႀကီးလာပါတယ္။ ဒါတင္မကေသးပါဘူး။ ဆိုက္ေဗးရီးယားက ႏြံေတာေတြအရည္ေပ်ာ္မႈႏႈန္းက အျခားေနရာေတြထက္ပိုၿပီး ျမန္ဆန္ေနတယ္လို႔ Kirpotin ကေျပာပါတယ္။ မီးသိန္းဓာတ္ေငြ႔ေတြဟာ ေလထုထဲမွာ ၁၂ ႏွစ္ေလာက္သာ ေနၾကေပမယ့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႔ေတြကေတာ့ ရာစုႏွစ္နဲ႔ခ်ီခံပါတယ္။ ေလထုထဲေရာက္ေနတဲ့ ကာဗြန္ဒိုင္ေအာင္ဆိုဒ္ဓာတ္ေငြ႔က မီသိန္းဓာေငြ႔ေတြထက္ အဆ ၂ ရာေက်ာ္ပိုပါတယ္။

အာဖရိကတိုက္ အေနာက္ပိုင္း၊ ကုန္းတြင္းပိတ္ႏိုင္ငံတခုျဖစ္တဲ့ Niger ရဲ႕ Simiri ေျမ႐ိုင္းလြင္ျပင္မွာ ကုလသမဂၢနဲ႔အျခားအလႈရွင္ေတြရဲ႕အကူအညီနဲ႔ အေကာင္အထည္ေဖာ္ေနတဲ့ သစ္ပင္စိုက္ပ်ိဳးေရးလုပ္ငန္းက သစ္ပင္ သန္းနဲ႔ခ်ီဟာလည္း အပူခ်ိန္ျမင့္တက္တာနဲ႔ မိုးေခါင္တာေၾကာင့္ ေသကုန္ပါတယ္။သဲကႏၲာရေတြက်ယ္မလာေရး၊ ေရရရွိေရးနဲ႔ ေဒသခံေတြရဲ႕လူမႈစီးပြါး ဖြံ႔ၿဖိဳးတိုးတက္ေရးရည္႐ြယ္ခ်က္နဲ႔ Senegal ႏိုင္ငံ အေနာက္ပိုင္းကေန Djubouti ႏိုင္ငံ အေရွ႕ပိုင္း တေလွ်ာက္ မိုင္ေပါင္း ၅,၀၀၀ ေလာက္မွာ ၂၀၀၇ ခုႏွစ္ကစၿပီး အပင္ေတြစိုက္လာတာပါ။ ခုခ်ိန္ထိေတာ့ ရည္မွန္းခ်က္ရဲ႕ ၄ % ပဲ ျပည့္မွီပါေသးတယ္။ ေဒၚလာ ၄၃ ဘီလီယံထိ ကုန္က်ႏိုင္တဲ့အတြက္ ခုလိုကပ္ေရာဂါကာလမွာ အေကာင္အထည္ေဖာ္ဖို႔ ျဖစ္ႏိုင္ေျခရွိတဲ့အတြက္ လူမႈအသိုင္းအဝိုင္းက တႏိုင္တပိုင္ပါဝင္လုပ္ကိုင္ဖို႔ ႀကိဳးပမ္းလာၾကပါတယ္။

“ဆုံးရႈံးသြားတဲ့ သစ္ေတာေတြ ျပန္ရွင္သန္လာေအာင္လုပ္ႏိုင္မလားဆိုတာ ကမာၻကေစာင့္ၾကည့္ေနပါတယ္။ ဒီအခ်ိန္က အေရးႀကီးပါတယ္။ ဒါေၾကာင့္ လူတဦးခ်င္းအေနနဲ႔ ကမာၻေျမႀကီး ဖြံ႔ၿဖိဳးတိုးတက္ေအာင္ဘယ္လို လုပ္ႏိုင္မလဲဆိုတာ ျပန္စဥ္းစားရမွာျဖစ္ပါတယ္။”

စပိန္ႏိုင္ငံေတာင္ပိုင္းမွာလည္း သဲကႏၲာရေတြ က်ယ္မလာေအာင္၊ ေျမဆီၾသဇာထိန္းႏိုင္ေအာင္ လုပ္ကိုင္ေနပါတယ္။ Granada ေဒသထဲက Hernan-Valle ေဒသမွာ ႏိုဝင္ဘာကေန ဧၿပီလထိ ညစဥ္ ဆီးႏွင္းက်တတ္ၿပီး မိုးလည္းသိပ္မ႐ြာတတ္ပါဘူး။ အပူခ်ိန္လည္း ပုံမွန္မဟုတ္သလို ေႏြရာသီေန႔အပူခ်ိန္ ၈၀ ဒီဂရီဆဲလ္စိယပ္ထိ ရွိတတ္ၿပီး ေဆာင္းတြင္းဆိုရင္ အႏုတ္ ၁၅ ထိ ရွိတတ္ပါတယ္။ ေဒသခံစိုက္ပ်ိဳးေရးသမား အေယာက္ ၂၀၀ ေက်ာ္တို႔လည္း AlVelal Association အဖြဲ႔နဲ႔ အက်ိဳးတူပူးေပါင္းၿပီး ေျမဆီၾသဇာႂကြယ္ဝလာေအာင္ လုပ္ကိုင္ေနၾကပါတယ္။

“စိုက္ပ်ိဳးေျမေတြကို သစ္ေတာေျမေနရာေတြ ျဖစ္လာေအာင္ က်ေနာ္တို႔ ႀကိဳးစားဖန္တီးေနပါတယ္။ ျခားနားခ်က္ကေတာ့ သီးႏွံအမ်ိဳးအစားေတြေျပာင္းစိုက္တာပါ။ သံလြင္ပင္ေတြေနရာမွာ ထင္း႐ႉးနဲ႔ အစားထိုးစိုက္ၿပီး ခ်ဳံေတာေတြေနရာမွာ င႐ုပ္ပြေတြနဲ႔ ခရမ္းသီးပင္ေတြ စိုက္ပါတယ္။ ဇီဝေဂဟစနစ္ေတြ ေျမဆီၾသဇာအမ်ိဳးအစားေတြ အတူတူပါပဲ။”

စြမ္းအင္က႑ဘက္မွာေတာ့ ကမာၻမွာ အႀကီးဆုံးလို႔ေျပာရမယ့္ ကုမၸဏီတခုက ၿဗိတိန္ႏိုင္ငံ Scotland နယ္ထဲက ကမ္းလြန္ပင္လယ္ျပင္ထဲမွာရွိပါတယ္။

၂၀၁၇ ခုႏွစ္မွာစတင္ခဲ့တဲ့ Hywind Scotland ေလစြမ္းအင္ထုတ္ယူူေရးလုပ္ငန္းက ေလျပင္းေတြတိုက္တဲ့ စေကာ့တလန္နယ္မွာရွိတဲ့အတြက္ ယူေကႏိုင္ငံထဲက အျခားအလားတူလုပ္ငန္းေတြထက္ပိုၿပီးအလုပ္ျဖစ္ပါတယ္။ ၂၀၃၅ ခုႏွစ္အေရာက္မွာ ၿဗိတိန္တႏိုင္ငံလုံး ျပန္ျပည့္ၿမဲစြမ္းအင္ကရရတဲ့ လ ွ်ပ္စစ္ဓာတ္အားကိုပဲ အသုံးျပဳမယ္လို႔ COP26 ညီလာခံမွာ ၿဗိတိန္အစိုးရက ေၾကျငာခဲ့ပါတယ္။ ၿဗိတိန္ႏိုင္ငံမွာ စြမ္းအင္အမ်ားစုကို ေနစြမ္းအင္နဲ႔ ေလစြမ္းအင္ကေနရယူေနတာျဖစ္ၿပီး ေက်ာက္မီးေသြးေတြသိပ္ၿပီးမသုံးေတာ့ပါဘူး။ ဒါေပမယ့္လည္း သဘာ၀ ဓာတ္ေငြ႕အေပၚမွာေတာ့ အမ်ားႀကီးအားကိုးေနရပါေသးတယ္။

ကမာၻ႔ကုလသမဂၢရဲ႕ဦးေဆာင္မႈနဲ႔ ဖန္လုံအိမ္ဓာတ္ေငြ႔ထုတ္လြတ္မႈ ေလွ်ာ့ခ်ေရး ႏို္င္ငံစုံ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ခုလို ႀကိဳးပမ္းေနေပမယ့္ ဖန္လုံအိမ္ဓာတ္ေငြ႔ထုတ္လႊတ္မႈေတြ ေလ်ာ့က်မသြားသလို ဥတုရာသီေျပာင္းလဲမႈ အက်ိဳးဆက္အျဖစ္ သဘာဝ ကပ္ေဘးဒဏ္ေတြ တေန႔တျခားပိုဆိုး႐ြားျပင္းထန္လာေနပါတယ္။ Glasgow ညီလာခံမွာလည္း ဖန္လုံအိမ္ဓာတ္ေငြ႔ေလ်ာ့ခ်ေရး ရည္မွန္းခ်က္အတိုင္းဆက္လက္အေကာင္အထည္ေဖာ္ဖို႔ ႏိုင္ငံစုံသေဘာတူညီခဲ့ၾကပါတယ္။ ကမာၻ႔ပူေႏြးမႈျဖစ္ေစတဲ့ အဓိကလက္သည္တရားခံ ေက်ာက္မီးေသြး အသုံးျပဳမႈကို အတတ္ႏိုင္ဆုံးေလ်ာ့ခ်သြားဖို႔သေဘာတူခဲ့ၾကသလို ဖန္လုံအိမ္ဓာတ္ေငြ႔ အမ်ားဆုံးထုတ္ လႊတ္ေနသူေတြအေနနဲ႔ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႔ေတြ ထပ္ၿပီး ေလွ်ာ့ခ်ဖို႔ ေနာက္ႏွစ္ညီလာခံမွာ လာေရာက္ကတိျပဳဖို႔လည္း ညီလာခံမွာ သေဘာတူညီခဲ့ၾကပါတယ္။

============

[[Unicode]]

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာဥတုရာသီပြောင်းလဲမှုဆိုင်ရာ

Glasgow Climate Pact လို့သိကြတဲ့ COP26 ဥတုရာသီညီလာခံပါ သဘောတူညီမှုမှာ နိုင်ငံပေါင်း ၂၀၀ ကျော်သဘောတူ လက်မှတ်ထိုးခဲ့ကြပေမယ့် လက်တွေ့ အောင်မြင်တိုးတက်မှုကို စောင့်ကြည့်ရဦးမှာပါ။ ကမ္ဘာတဝှမ်းဥတုရာသီပြောင်းလဲမှုကြောင့် ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့နေရာစုံက လူမှုဘဝထိခိုက်မှုတွေဖြစ်နေတဲ့အခြေအနေတွေကိုအေပီသတင်းအခြေခံပြီး နန်လောဝ်က တင်ပြထားပါတယ်။

ဝင်ရိုးစွန်းဒေသက ရေခဲလွှာတွေအရည်ပျော်ဆင်းလာရာက ကမ္ဘာ့ရေမျက်နှာပြင်တွေမြင့်တက်လာနေသလို ကမ္ဘာအရပ်ရပ်မှာလည်း တောမီးကြီးတွေ ခပ်စိပ်စိပ်လောင်ကျွမ်းလာပါတယ်။ ၂၀၂၁ ခုနှစ်ဟာ ဥတုရာသီပြောင်းလဲမှုဒဏ်ကို လူတွေအများဆုံးကြုံလာရတဲ့နှစ်လည်းဖြစ်ပါတယ်။ တောင်ဝင်ရိုးစွန်းဒေသ Antarctica က Thwaites Glacier ရေခဲလွှာ တချို့အပိုင်းတွေလည်း ခန့်မှန်းထားတာထက် နှစ်ချီစောပြီး လာမယ့် ၅ နှစ်နဲ့ ၁၀ နှစ်အတွင်း အရည်ပျော်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ သတိပေးနေကြပါတယ်။

ဟိမဝန္တာတောင်ကြောပေါ်မှာရှိတဲ့ အိန္ဒိယပိုင် Kashmir ဒေသထဲက Thajiwas glacier ရေခဲလွှာတွေလည်း စိုးရိမ်စရာကောင်းတဲ့နှုန်းနဲ့ အရည်ပျော်လာနေတယ်လို့ သုတေသီတွေကပြောပါတယ်။ ရေခဲတောင် ကနေ စီးဆင်းလာတဲ့ရေတွေကို မှီခိုလုပ်ကိုင်စားသောက်နေရတဲ့ မြစ်အောက်ပိုင်းက လူတွေအပေါ် ခြိမ်းခြောက်မှုတွေဖြစ်လာစေပါတယ်။ ဥတုရာသီပြောင်းလဲမှှု ကာကွယ်တားဆီးရေးရည်မှန်းချက်တွေ ပြည့်မှီမယ် ဆိုရင်တောင် မြင့်တက်လာတဲ့ကမ္ဘာ့အပူချိန်ကြောင့် ဒီရာစုနှစ်ကုန်လောက်မှာ ဟိမဝန္တာတောင်ပေါ်က ရေခဲလွှာ ၄ ပုံ ၃ ပုံအရည်ပျော်သွားလိမ့်မယ်လို့ ဟိမဝန္တာတောင်ကြောအရေး သုတေသနပြုလေ့လာနေတဲ့ ICIMOD အဖွဲ့ရဲ့ ၂၀၁၉ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူသားတွေကြောင့်ဖြစ်လာတဲ့ ဥတုရာသီပြောင်းလဲမှုအကျိုးဆက်အဖြစ် ၂၀၀၀ ခုနှစ်နောက်ပိုင်း ဟိမဝန္တာတောင်တန်းပေါ်ကရေခဲလွှာတွေ လွန်ခဲ့တဲ့ ၂၅ နှစ်နဲ့စာရင် နှစ်ဆတိုးပြီး အရည်ပျော်လာတယ်လို့ Sicence Advances 2019 အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

ပင်လယ်ရေတွေ မြင့်တက်လာတာကြောင့် ကမ္ဘာအရပ်ရပ်က ကမ်းရိုးတန်းနေပြည်သူတွေရဲ့ လူမှုဘဝတွေ အကြီးအကျယ်ထိခိုက်နေပါတယ်။ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IPCC) ကလည်း ဒီရာစုနှစ်ကုန်လောက်မှာ ပင်လယ်ရေမျက်နှာပြင် ၃ ပေလောက်ထိတက်လာနိုင်တဲ့အတွက် ကမ်းရိုးတန်းနဲ့ မြေနိမ့်ပိုင်းနေပြည်သူတွေအပေါ် ဆိုးရွားစွာထိခိုက်လိမ့်မယ်လို့ ခန့်မှန်းထားတာပါ။

အီဂျစ်နိုင်ငံက ကမ်းခြေမြို့ Alexandria မှာလည်း ပင်လယ်ဒီရေတွေမြို့ထဲဝင်မလာနိုင်အောင်ကွန်ကရစ် တုံးတွေနဲ့ အကာအရံတွေလုပ်ထားရသလို ၁၅ ရာစုနှစ်ကဆောက်ထားတဲ့ Citadel of Qaitbay ခံတပ်ကို ဒီရေဒဏ်မခံရအောင်မြို့တာဝန်ရှိသူတွေ ထိန်းသိမ်းစောင့်ရှောက်နေရပါတယ်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အဆိုအရ အီဂျစ်ပြည်သူ သန်း ၁၀၀ ကျော်တို့ကလည်း ဥတုရာသီပြောင်းလဲမှုဒဏ်ကို ဆိုးဆိုးရွားရွားကြုံရမယ့်အလားအလာရှိနေပါတယ်။ ၂၀၂၂ ဥတုရာသီပြောင်းလဲမှု ကုလညီလာခံကို အီဂျစ်နိုင်ငံမှာ ကျင်းပမှာလည်းဖြစ်ပါတယ်။

တခါ ကမ္ဘာတလွှား ထင်ရှားလှတဲ့ ဥရောပက ဗင်းနစ်မြို့ကြီးလည်း ရေကြီးမယ့်အလားအလာတွေမြင်နေရပါပြီ။ နှစ်ပေါင်း ၁၆၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဗင်းနစ်မြို့ကြီးလည်း တဖြည်းဖြည်းရေနစ်လာနေတာပါ။

ကမ္ဘာလှည့်ခရီးသွားတွေအပေါ် ဗင်းနစ်မြို့နေပြည်သူတွေမှီခိုနေရတာပါ။ ကမ္ဘာလှည့်ခရီးသွားတွေမရှိရင် ဗင်းနစ်မြို့ကြီးလည်းသေသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဗင်းနစ်မြို့ကြီးကို ကယ်တင်ဖို့ ကျမတို့အားလုံးကျိုးစားနေကြပါတယ်။ အတော်လည်း ထိခိုက်ခဲ့ရပြီးပါပြီ။

ဗင်းနစ်မြို့ထဲ ရေတက်မလာအောင် အကာအရံတွေလုပ်ဖို့ ဒေါ်လာ ၇ ဘီလီယံနီးပါးအကုန်အကျခံပြီး ဆယ်နှစ်ကျော် လုပ်ကိုင်နေပေမယ့် အကျင့်ပျက်ခြစားမှုတွေကြောင့် ခုထိ စမ်းသပ်မှုအဆင့်ပဲရှိပါသေးတယ်။ ဒီရာစုနှစ်ကုန်လောက်မှာ ဗင်းနစ်မြို့မှာ ၄ ပေနီးပါးထိ ရေတက်လာနိုင်ခြေရှိတယ်လို့ European Geosciences Union အစီရင်ခံစာမှာခန့်မှန်းထားပါတယ်။

တခါ အာရှဘက်က ဟောင်ကောင်ကျွန်းနေပြည်သူတွေအနေနဲ့လည်း ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုနဲ့ ဒီရေမြင့်တက်မှုနဲ့ သဟဇာတကျအောင်နေနေရတာပါ။ ငါးဖမ်းလုပ်ငန်းနဲ့ အစဉ်အလာအသက်မွေးလာကြတဲ့ Tai O လူမှုအသိုင်းအဝိုင်းလည်း မကြာခင်ပျောက်ကွယ်သွားမယ့်အလားအလာတွေရှိနေပါပြီ။ Lantau ကျွန်းအနောက်ဘက်၊ နိုင်ငံတကာလေဆိပ်အနီးမှာရှိတဲ့တံငါရွာတခုလုံး လာမယ့် ဆယ်စုနှစ်တွေအတွင်း ရေအောက်မှာ နစ်မြုပ်ပျောက်ကွယ်သွားလိမ့်မယ်လို့ ပညာရှင်တွေ ခန့်မှန်းထားပါတယ်။ ၂၀၁၈ ခုနှစ်တိုင်ဖွန်းမုန်တိုင်းကြောင့် ဒီတံငါရွာလေးကို အကြီးအကျယ်ရေလွှမ်းခဲ့ပါသေးတယ်။ ၁၉ ၇၀ ပြည့်လွန်နှစ်တွေတုန်းက ဒီရွာမှာ လူဦးရေ ၃ သောင်းလောက်ရှိခဲ့ပေမယ့် ခုတော့ ၃ ထောင်လောက်ပဲကျန်ပါတော့တယ်။

ဒီနှစ်ထဲကြုံရတဲ့ သဘောဝဘေးဒဏ်တခုဖြစ်တဲ့ တောမီးကြီးတွေကိုလည်း အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ရုရှား၊ စပိန်နဲ့ သြစတေေးလျမှာ တွေ့မြင်ခဲ့ရပါတယ်။ ၁၉၈၇ ခုနှစ်နောက်ပိုင်း စံချိန်တင် အပူချိန်မြင့်တက်မှုနဲ့ ကြုံခဲ့ရတဲ့ ဂရိနိုင်ငံမှာလည်း Evia ကျွန်းမှာ သြဂုတ်လထဲ တောမီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။ ဒီ တောမီးကြီးဟာ ဆယ်စုနှစ်အတွင်း ဂရိနိုင်ငံမှာကြုံခဲ့ရတဲ့ သဘာဝ ကပ်ဘေးဆိုးကြီးတခုဖြစ်တယ်လို့ ဝန်ကြီးချုပ်Kyriakos Mitsotakis ကပြောပါတယ်။

ဒီနေရာက မီးဖိုဆောင်၊ ဟိုနေရာကတော့ မုန့်ဖုတ်တဲ့နေရာနဲ့ ရေခဲသေတ္တာပေါ့။ ခုတော့ ဘာမှ မကျန်တော့ပါဘူး။

ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုက်အောက်ဆိုဒ်ဓာတ်ငွေ့တွေ မျှမျှတတဖြစ်အောင် ထိန်းညှိပေးတဲ့နေရာမှာ သစ်တောကြီးတွေလိုပဲ နွံတောတွေရဲ့ အခန်းကဏ္ဍက သိပ်ကို အရေးပါလှပါတယ်။ ဆွစ်ဇာလန်နိုင်ငံထက် အရွယ်အစားပိုကြီးတဲ့ ရုရှားနိုင်ငံ Great Vasyugan ရွံ့နွံတောကြီးလည်း ထိခိုက်ပျက်စီးမယ့် အနေအထားတွေ ရှိနေပါတယ်။ ခုတော့ တောမီးတွေ ပိုပြီးလောင်ကျွမ်းလာတာကြောင့်ရော လူ့လုပ်ရပ်ကြောင့် ကမ္ဘာကြီးပိုပြီးပူနွေးလာတဲ့ အခြားအချက်တွေကြောင့်ပါ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ သိုလှောင်ပေးထားတဲ့နွံတောတွေ ပျက်စီးမယ့်အနေအထားနဲ့ရင်ဆိုင်နေရတာပါ။

ကမ္ဘာကို ပိုပြီးပူနွေးလာစေတဲ့ လေထုထဲက ကာဗွန်ဒိုက်အောက်ဆိုဒ်ဓာတ်ငွေ့တွေကို နွံတောတွေကစုပ် ယူပေးနေပါတယ်။ မြေဆွေးတွေ၊ သစ်ရွက်ဆွေးတွေအဖြစ်နဲ့လည်း အဲဒီကာဗွန်ဒိုက်အောက်ဆိုဒ်ဓာတ်ငွေ့တွေကို နှစ်ပေါင်း ထောင်နဲ့ချီ သိုလှောင်ပေးထားကြပါတယ်။ Tomsk ပြည်နယ်တက္ကသိုလ် ထိပ်တန်းဇီဝဗေဒပညာရှင်Sergey Kirpotin ကတော့ Great Vasyugan နွံတောကြီးကို ကာဗွန်သိုလှောင်ပေးတဲ့ စက်ရုံကြီး၊ ကမ္ဘာ့ရေခဲသေတ္တာကြီးလို့ တင်စားခေါ်ဝေါ်ပါတယ်။

“ကမ္ဘာ့မြေမျက်နှာပြင်ကို ၃ % လောက်ကို ဖုံးလွှမ်းထားတဲ့ Peatlands လို့လည်းခေါ်တဲ့ စိမ့်မြေတောတွေ၊ နွံတောတွေဟာ ကမ္ဘာတဝန်းသစ်တောတွေက စုပ်ယူထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ပမာဏရဲ့နှစ်ဆလောက်ကို စုပ်ယူပေးထားပါတယ်။ သူတို့ စုပ်ယူသိုလှောင်ပေးထားတဲ့ ကာဗွန်ဒိုက်အောက်ဆိုဒ် ဓာတ်ငွေ့က မြေကြီးတွေထဲမှာရှိနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ပမာဏ စုစုပေါင်း ရဲ့ ၃၀ % လောက်ရှိပါတယ်။

Siberia ဒေသ အနောက်ပိုင်း နယ်မြေ ၄၀ % လောက်ကို နေရာယူထားတဲ့ ဒီလို နွံတောကြီးမျိုး ကမ္ဘာဘယ်နေရာမှာမှ မရှိပါဘူး။ ဥတုရာသီပြောင်းလဲမှုပြင်းထန်လာတဲ့ ခုလိုကာလကြီးမှာ နွံတောတွေရဲ့ အခန်းကဏ္ဍ၊ ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့လေ့လာရေးလုပ်ငန်းတွေ သိပ်ကိုအရေးကြီးလာပြီလို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ အပူချိန်တိုးလာပြီး တောမီးတွေ ပိုလောင်ကျွမ်းလာတာကြောင့် သစ်တောတွေရဲ့သိုလှောင်နိုင်မှုအားနည်းလာတဲ့အတွက် နွံတောတွေရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးပါလာပါတယ်။ဒါပေမယ့်လည်း နွံတောတွေ စိမ့်မြေတောတွေကို အနီးကပ် ထိန်းသိမ်းစောင့်ရှောက်ဖို့တော့ လိုတယ်လို့လည်း ပညာရှင်တွေ သတိပေးပါတယ်။

Western Siberia က နွံတောတွေမှာ မီသိန်းဓာတ်ငွေ့တန်ချိန် သန်းပေါင်း ၇၀ လောက်သိုလှောင်ထားတယ်လို့ ကျွမ်းကျင်သူတချု့ိ့က ပြောပါတယ်။ ခုတော့ ကမ္ဘာ့ပူနွေးမှုကြောင့် ရေတွေခဲနေတဲ့ အဲဒီနွံတောတွေလည်း အကြီးအကျယ်စပြီး အရည်ပျော်လာနေပါပြီ။ ရေတွေအရည်ပျော်လာတဲ့နေရာတွေမှာ အပေါက်တွေပေါ်လာပြီး ရေကန်သစ်တွေလည်း ပေါ်ထွက်လာသလို ရေကန်ဟောင်းတွေလည်း အရွယ်အစားကြီးလာပါတယ်။ ဒါတင်မကသေးပါဘူး။ ဆိုက်ဗေးရီးယားက နွံတောတွေအရည်ပျော်မှုနှုန်းက အခြားနေရာတွေထက်ပိုပြီး မြန်ဆန်နေတယ်လို့ Kirpotin ကပြောပါတယ်။ မီးသိန်းဓာတ်ငွေ့တွေဟာ လေထုထဲမှာ ၁၂ နှစ်လောက်သာ နေကြပေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေကတော့ ရာစုနှစ်နဲ့ချီခံပါတယ်။ လေထုထဲရောက်နေတဲ့ ကာဗွန်ဒိုင်အောင်ဆိုဒ်ဓာတ်ငွေ့က မီသိန်းဓာငွေ့တွေထက် အဆ ၂ ရာကျော်ပိုပါတယ်။

အာဖရိကတိုက် အနောက်ပိုင်း၊ ကုန်းတွင်းပိတ်နိုင်ငံတခုဖြစ်တဲ့ Niger ရဲ့ Simiri မြေရိုင်းလွင်ပြင်မှာ ကုလသမဂ္ဂနဲ့အခြားအလှုရှင်တွေရဲ့အကူအညီနဲ့ အကောင်အထည်ဖော်နေတဲ့ သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းက သစ်ပင် သန်းနဲ့ချီဟာလည်း အပူချိန်မြင့်တက်တာနဲ့ မိုးခေါင်တာကြောင့် သေကုန်ပါတယ်။သဲကန္တာရတွေကျယ်မလာရေး၊ ရေရရှိရေးနဲ့ ဒေသခံတွေရဲ့လူမှုစီးပွါး ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ချက်နဲ့ Senegal နိုင်ငံ အနောက်ပိုင်းကနေ Djubouti နိုင်ငံ အရှေ့ပိုင်း တလျှောက် မိုင်ပေါင်း ၅,၀၀၀ လောက်မှာ ၂၀၀၇ ခုနှစ်ကစပြီး အပင်တွေစိုက်လာတာပါ။ ခုချိန်ထိတော့ ရည်မှန်းချက်ရဲ့ ၄ % ပဲ ပြည့်မှီပါသေးတယ်။ ဒေါ်လာ ၄၃ ဘီလီယံထိ ကုန်ကျနိုင်တဲ့အတွက် ခုလိုကပ်ရောဂါကာလမှာ အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ခြေရှိတဲ့အတွက် လူမှုအသိုင်းအဝိုင်းက တနိုင်တပိုင်ပါဝင်လုပ်ကိုင်ဖို့ ကြိုးပမ်းလာကြပါတယ်။

“ဆုံးရှုံးသွားတဲ့ သစ်တောတွေ ပြန်ရှင်သန်လာအောင်လုပ်နိုင်မလားဆိုတာ ကမ္ဘာကစောင့်ကြည့်နေပါတယ်။ ဒီအချိန်က အရေးကြီးပါတယ်။ ဒါကြောင့် လူတဦးချင်းအနေနဲ့ ကမ္ဘာမြေကြီး ဖွံ့ဖြိုးတိုးတက်အောင်ဘယ်လို လုပ်နိုင်မလဲဆိုတာ ပြန်စဉ်းစားရမှာဖြစ်ပါတယ်။”

စပိန်နိုင်ငံတောင်ပိုင်းမှာလည်း သဲကန္တာရတွေ ကျယ်မလာအောင်၊ မြေဆီသြဇာထိန်းနိုင်အောင် လုပ်ကိုင်နေပါတယ်။ Granada ဒေသထဲက Hernan-Valle ဒေသမှာ နိုဝင်ဘာကနေ ဧပြီလထိ ညစဉ် ဆီးနှင်းကျတတ်ပြီး မိုးလည်းသိပ်မရွာတတ်ပါဘူး။ အပူချိန်လည်း ပုံမှန်မဟုတ်သလို နွေရာသီနေ့အပူချိန် ၈၀ ဒီဂရီဆဲလ်စိယပ်ထိ ရှိတတ်ပြီး ဆောင်းတွင်းဆိုရင် အနုတ် ၁၅ ထိ ရှိတတ်ပါတယ်။ ဒေသခံစိုက်ပျိုးရေးသမား အယောက် ၂၀၀ ကျော်တို့လည်း AlVelal Association အဖွဲ့နဲ့ အကျိုးတူပူးပေါင်းပြီး မြေဆီသြဇာကြွယ်ဝလာအောင် လုပ်ကိုင်နေကြပါတယ်။

“စိုက်ပျိုးမြေတွေကို သစ်တောမြေနေရာတွေ ဖြစ်လာအောင် ကျနော်တို့ ကြိုးစားဖန်တီးနေပါတယ်။ ခြားနားချက်ကတော့ သီးနှံအမျိုးအစားတွေပြောင်းစိုက်တာပါ။ သံလွင်ပင်တွေနေရာမှာ ထင်းရှူးနဲ့ အစားထိုးစိုက်ပြီး ချုံတောတွေနေရာမှာ ငရုပ်ပွတွေနဲ့ ခရမ်းသီးပင်တွေ စိုက်ပါတယ်။ ဇီဝဂေဟစနစ်တွေ မြေဆီသြဇာအမျိုးအစားတွေ အတူတူပါပဲ။”

စွမ်းအင်ကဏ္ဍဘက်မှာတော့ ကမ္ဘာမှာ အကြီးဆုံးလို့ပြောရမယ့် ကုမ္ပဏီတခုက ဗြိတိန်နိုင်ငံ Scotland နယ်ထဲက ကမ်းလွန်ပင်လယ်ပြင်ထဲမှာရှိပါတယ်။

၂၀၁၇ ခုနှစ်မှာစတင်ခဲ့တဲ့ Hywind Scotland လေစွမ်းအင်ထုတ်ယူူရေးလုပ်ငန်းက လေပြင်းတွေတိုက်တဲ့ စကော့တလန်နယ်မှာရှိတဲ့အတွက် ယူကေနိုင်ငံထဲက အခြားအလားတူလုပ်ငန်းတွေထက်ပိုပြီးအလုပ်ဖြစ်ပါတယ်။ ၂၀၃၅ ခုနှစ်အရောက်မှာ ဗြိတိန်တနိုင်ငံလုံး ပြန်ပြည့်မြဲစွမ်းအင်ကရရတဲ့ လ ျှပ်စစ်ဓာတ်အားကိုပဲ အသုံးပြုမယ်လို့ COP26 ညီလာခံမှာ ဗြိတိန်အစိုးရက ကြေငြာခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာ စွမ်းအင်အများစုကို နေစွမ်းအင်နဲ့ လေစွမ်းအင်ကနေရယူနေတာဖြစ်ပြီး ကျောက်မီးသွေးတွေသိပ်ပြီးမသုံးတော့ပါဘူး။ ဒါပေမယ့်လည်း သဘာ၀ ဓာတ်ငွေ့အပေါ်မှာတော့ အများကြီးအားကိုးနေရပါသေးတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ဦးဆောင်မှုနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွတ်မှု လျှော့ချရေး နိုင်ငံစုံ နည်းလမ်းအမျိုးမျိုးနဲ့ ခုလို ကြိုးပမ်းနေပေမယ့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ လျော့ကျမသွားသလို ဥတုရာသီပြောင်းလဲမှု အကျိုးဆက်အဖြစ် သဘာဝ ကပ်ဘေးဒဏ်တွေ တနေ့တခြားပိုဆိုးရွားပြင်းထန်လာနေပါတယ်။ Glasgow ညီလာခံမှာလည်း ဖန်လုံအိမ်ဓာတ်ငွေ့လျော့ချရေး ရည်မှန်းချက်အတိုင်းဆက်လက်အကောင်အထည်ဖော်ဖို့ နိုင်ငံစုံသဘောတူညီခဲ့ကြပါတယ်။ ကမ္ဘာ့ပူနွေးမှုဖြစ်စေတဲ့ အဓိကလက်သည်တရားခံ ကျောက်မီးသွေး အသုံးပြုမှုကို အတတ်နိုင်ဆုံးလျော့ချသွားဖို့သဘောတူခဲ့ကြသလို ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံးထုတ် လွှတ်နေသူတွေအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ထပ်ပြီး လျှော့ချဖို့ နောက်နှစ်ညီလာခံမှာ လာရောက်ကတိပြုဖို့လည်း ညီလာခံမှာ သဘောတူညီခဲ့ကြပါတယ်။

#GlasgowClimatePact #COP26 #ရာသီဥတုညီလာခံ #ဟိမဝန္တာတောင်ကြော #ThajiwasGlacier #VOA #ဗွီအိုအေ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG