သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံတချို့မှာ ဈေးနှုန်းတွေမြင့်တက်


အိန္ဒိယဆန်လုပ်ငန်း
အိန္ဒိယဆန်လုပ်ငန်း

ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့နေတဲ့ အိန္ဒိယနိုင်ငံက အဓိကနိုင်ငံခြားတင်ပို့နေတဲ့ ဆန်အမျိုးစားတမျိုးကို ဇူလိုင်လမှာ တင်ပို့မှုပိတ်ပင်ခဲ့တာကြောင့် ကမ္ဘာ့ဈေးကွက်မှာ ဆန်ရှားပါးပြီး ထိုင်းနဲ့ ဗီယက်နမ်နိင်ငံတွေက ဆန်တွေ ၂၀% ဈေးတက်သွားခဲ့ပါတယ်။ ပြည်တွင်းလိုအပ်ချက်အရ တခြားဆန်တင်ပို့နေတဲ့နိုင်ငံတွေကလည်း ဆန်တင်ပို့မှုတွေကို လျှော့ချမယ့် အခြေအနေရှိနေတာကြောင့် ဆန်ဈေးကွက်မှာ ဆန်ပြတ်လပ်မှု မဖြစ်အောင် ဆန်တင်သွင်းရောင်းချသူတွေ ကြိုးပမ်းနေကြပါတယ်။

Basmati အမျိုးအစားမဟုတ်တဲ့ ဆန်ဖြူတွေ တင်ပို့မှုကို ပြည်တွင်းလိုအပ်ချက်ကြောင့်ဆိုပြီး အိန္ဒိယနိုင်ငံက ဇူလိုင်လက ပိတ်ပင်ခဲ့တဲ့အတွက် ကမ္ဘာ့ဈေးကွက်မှာ ဆန်မက်ထရစ် တန်ချိန် ၂ သန်းလောက် လျော့နည်းသွားခဲ့ပါတယ်။ ကမ္ဘာ့ဆန်ဈေးကွက်မှာ အိန္ဒိယနိုင်ငံက ဆန် ၄၀% လောက်တင်ပို့နေတာဖြစ်ပြီး ၂၅% လောက်က Basmati အမျိုးအစားမဟုတ်တဲ့ ဆန်ဖြူတွေဖြစ်ပါတယ်။

အခုလို အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှု ပိတ်ပင်ခဲ့ပြီးနောက် ကမ္ဘာမှာ ဆန်တတိယအများဆုံးတင်ပို့နေတဲ့ ဗီယက်နမ်နိုင်ငံကလည်း ပြည်တွင်းလိုအပ်ချက်ကို မထိခိုက်အောင် ဦးစားပေးဖို့ ဗီယက်နမ် စားကုန်ထုတ်လုပ်သူများအသင်းက တောင်းဆိုခဲ့ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ အိန္ဒိယဆန်တွေ မရောက်တော့တဲ့အတွက် ဆန်ဒုတိယအများဆုံးတင်ပို့နေတဲ့ ထိုင်းနိုင်ငံနဲ့ တတိယအများဆုံးတင်ပို့နေတဲ့ ဗီယက်နမ်နိုင်ငံတို့က ဆန်တွေ ၂၀% အထိ မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။ August လ ၃၀ ရက်နေ့ကတော့ ဆိပ်ကမ်းတွေမှာ သောင်တင်နေတဲ့ Basmati အမျိုးအစားမဟုတ်တဲ့ ဆန်ဖြူတွေကို တင်ပို့ဖို့ ကုန်သည်တွေကို ခွင့်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆန်ဈေးတွေ အဆမတန်တက်နေတာကြောင့် ဆန်တင်ပို့မှု ယာယီကန့်သတ်ဖို့ ပြင်ဆင်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG