သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာ့ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ Goldman ဆု ကရင္ အမ်ိဳးသား Paul Sein Twa ဆြတ္ခူး


ကရင္ အမ်ိဳးသား Paul Sein Twa (ဓါတ္ပံု- Regnskogfondet - Rainforest Foundation Norway)

(Zawgyi/Unicode)

ကမၻာတစ္ဝွမ္းက သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ကာကြယ္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြမွာ ထူးထူးျခားျခား ေဆာင္ရြက္ေနသူေတြကို ခ်ီးက်ဴးဂုဏ္ျပဳေပးအပ္တဲ့ Goldman သဘာဝပတ္ဝန္းက်င္ဆိုင္ရာဆုကို ျမန္မာနိုင္ငံက ကရင္ အမ်ိဳးသား Paul Sein Twaဆြတ္ခူး ရရွိခဲ့ပါတယ္။

အသက္ ၄၇ ႏွစ္အရြယ္ Paul Sein Twaက ၂၀၀၁ ခုႏွစ္မွာ ကရင္ သဘာဝ ပတ္ဝန္းက်င္နဲ႔ လူမႈေရး လႈပ္ရွားမႈ ကြန္ယက္ (KESAN) ကို ပူးတြဲ တည္ေထာင္ ခဲ့သူ ျဖစ္ပါတယ္။ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ကိစၥေတြမွာ ပါဝင္လာေစဖို႔အတြက္ ရပ္ရြာလူထုကို ခ်ဥ္းကပ္ တဲ့ နည္းလမ္းနဲ႔အတူ သဘာဝ ပတ္ဝန္းက်င္ကို အကာအကြယ္ ေပးရမယ့္ နယ္ေျမ ဧရိယာတစ္ခုကို ထူေထာင္ဖို႔လည္း လႈံ႕ေဆာ္ခဲ့သူ တစ္ဦး ျဖစ္ပါတယ္။

ၿငိမ္းခ်မ္းေရး ဥယ်ာဥ္တစ္ခု ထူေထာင္နိုင္ဖို႔အေရး အစိုးရ အာဏာပိုင္ေတြနဲ႔ အျပင္ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြနဲ႔ ကရင္ လူမႈ အဖြဲ႕အစည္းအေတြရဲ့ေထာက္ခံမႈနဲ႔ ရြာေပါင္း ၃၄၈ ရြာက လူထုကို အသိပညာေပးလုပ္ငန္းေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း ပတ္ဝန္း က်င္ဆိုင္ရာ သတင္းဌာန တစ္ခုျဖစ္တဲ့ Mongabay က ေျပာပါတယ္။

၂၀၁၈ ခုႏွစ္မွာေတာ့ ဟက္တာ ၅၄၆,၀၀၀ (ဧက ၁.၃ သန္း) ရွိတဲ့ သံလြင္ ၿငိမ္းခ်မ္းေရး ဥယ်ာဥ္ကို ထူေထာင္နိုင္ခဲ့တာပါ။

ဒီႏွစ္ ၂၀၂၀ ျပည့္ႏွစ္အတြက္ Goldman သဘာဝ ပတ္ဝန္းက်င္ဆိုင္ရာဆုကို Paul Sein Twaက အာရွေဒသတစ္ခုလုံးကို ကိုယ္စားျပဳ ဆြတ္ခူးရရွိခဲ့တာ ျဖစ္ပါတယ္။

ဒီႏွစ္ Goldman သဘာဝ ပတ္ဝန္းက်င္ဆိုင္ရာဆုကို ေျမာက္အေမရိကတိုက္အတြက္ မကၠဆီနိုင္ငံ၊ ကၽြန္းစုနိုင္ငံေတြအတြက္ ဘဟားမားစ္နိုင္ငံ၊ ဥေရာပတိုက္အတြက္ ျပင္သစ္နိုင္ငံ၊ အာဖရိကတိုက္အတြက္ ဂါနာနိုင္ငံနဲ႔ ေတာင္နဲ႔ အလယ္ အေမရိကေဒသ အတြက္ အီေကြေဒါနိုင္ငံတို႔က လူပုဂၢိဳလ္ တစ္ဦးစီ ဆြတ္ခူးခဲ့တာ ျဖစ္ပါတယ္။ ဆုေပးပြဲကိုေတာ့ နိုဝင္ဘာလ ၃၀ ရက္ေန႔ ပစိဖိတ္ ေဒသ စံေတာ္ခ်ိန္ ၄ နာရီမွာ ဗီြဒီယိုကတဆင့္ က်င္းပမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ Goldman ဆု ကရင် အမျိုးသား Paul Sein Twa ဆွတ်ခူး

(Unicode)

ကမ္ဘာတစ်ဝှမ်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကာကွယ်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ထူးထူးခြားခြား ဆောင်ရွက်နေသူတွေကို ချီးကျူးဂုဏ်ပြုပေးအပ်တဲ့ Goldman သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုကို မြန်မာနိုင်ငံက ကရင် အမျိုးသား Paul Sein Twaဆွတ်ခူး ရရှိခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ် Paul Sein Twaက ၂၀၀၁ ခုနှစ်မှာ ကရင် သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုရေး လှုပ်ရှားမှု ကွန်ယက် (KESAN) ကို ပူးတွဲ တည်ထောင် ခဲ့သူ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေမှာ ပါဝင်လာစေဖို့အတွက် ရပ်ရွာလူထုကို ချဉ်းကပ် တဲ့ နည်းလမ်းနဲ့အတူ သဘာဝ ပတ်ဝန်းကျင်ကို အကာအကွယ် ပေးရမယ့် နယ်မြေ ဧရိယာတစ်ခုကို ထူထောင်ဖို့လည်း လှုံ့ဆော်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဥယျာဉ်တစ်ခု ထူထောင်နိုင်ဖို့အရေး အစိုးရ အာဏာပိုင်တွေနဲ့ အပြင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ကရင် လူမှု အဖွဲ့အစည်းအတွေရဲ့ထောက်ခံမှုနဲ့ ရွာပေါင်း ၃၄၈ ရွာက လူထုကို အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ပတ်ဝန်း ကျင်ဆိုင်ရာ သတင်းဌာန တစ်ခုဖြစ်တဲ့ Mongabay က ပြောပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ ဟက်တာ ၅၄၆,၀၀၀ (ဧက ၁.၃ သန်း) ရှိတဲ့ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်ကို ထူထောင်နိုင်ခဲ့တာပါ။

ဒီနှစ် ၂၀၂၀ ပြည့်နှစ်အတွက် Goldman သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဆုကို Paul Sein Twaက အာရှဒေသတစ်ခုလုံးကို ကိုယ်စားပြု ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် Goldman သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဆုကို မြောက်အမေရိကတိုက်အတွက် မက္ကဆီနိုင်ငံ၊ ကျွန်းစုနိုင်ငံတွေအတွက် ဘဟားမားစ်နိုင်ငံ၊ ဥရောပတိုက်အတွက် ပြင်သစ်နိုင်ငံ၊ အာဖရိကတိုက်အတွက် ဂါနာနိုင်ငံနဲ့ တောင်နဲ့ အလယ် အမေရိကဒေသ အတွက် အီကွေဒေါနိုင်ငံတို့က လူပုဂ္ဂိုလ် တစ်ဦးစီ ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ ဆုပေးပွဲကိုတော့ နိုဝင်ဘာလ ၃၀ ရက်နေ့ ပစိဖိတ် ဒေသ စံတော်ချိန် ၄ နာရီမှာ ဗွီဒီယိုကတဆင့် ကျင်းပမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG