(Zawgyi / Unicode)
ဒီကေန႔ ဖိလစ္ပိုင္ႏုိင္ငံကို အင္အားျပင္း တိုင္ဖုန္းမုန္တိုင္း Goni ဝင္ေရာက္တိုက္ခတ္ခဲ့တာေၾကာင့္ Luzon ကၽြန္းမွာ အနည္းဆုံး လူ ၄ ေယာက္ ေသဆုံးခဲ့ပါတယ္။ ဒီႏွစ္အတြင္း အင္အားအျပင္းဆုံးျဖစ္တဲ့ ဒီ Goni တိုင္ဖုန္းမုန္တိုင္း က်ေရာက္တဲ့ ေဒသေတြမွာ လွ်ပ္စစ္မီးျပတ္ေတာက္၊ အေဆာက္အဦးေတြ ပ်က္စီးခဲ့ၿပီး ေရႀကီး၊ ေရလွ်ံတာေတြနဲ႔ ႀကဳံေနရတာပါ။
ျမစ္ေရေတြလွ်ံေနတာနဲ႔ တခ်ိဳ႕ တမံေတြပ်က္စီး၊ ေက်းရြာေတြ ေရနစ္ျမဳပ္ေနတာကို ျပည္တြင္းသတင္းေတြနဲ႔ လူမႈကြန္ရက္ ဗီြဒီယိုေတြမွာ ေတြ႔ရပါတယ္။
ဖိလစ္ပိုင္ကို ၿပီးခဲ့တဲ့အပတ္က တိုင္ဖုန္း Molave တိုက္ခတ္ခဲ့ၿပီး အခု ဆက္တိုက္ ေနာက္ထပ္ တိုင္ဖုန္းမုန္တိုင္းတခု တိုက္ခတ္ခဲ့တာပါ။ ၿပီးခဲ့တဲ့အပတ္က Molave တိုင္ဖုန္းမုန္တိုင္းေၾကာင့္ ဒီေဒသတြင္းမွာပဲ အနည္းဆုံး လူ ၂၂ ေယာက္ ေသဆုံးခဲ့ရပါတယ္။
ၿမိဳ႕ေတာ္ မနီလာ အပါအဝင္ ေဒသခံ ၁၉ သန္းကေန ၃၁ သန္းေလာက္အထိ မုန္တိုင္းဒဏ္ကို ခံရႏိုင္တယ္လို႔ ဖိလစ္ပိုင္ သဘာဝေဘးအႏၲရာယ္ စီမံခန္႔ခြဲေရးဌာန စာရင္းေတြအရ သိရပါတယ္။ အခုလက္ရွိမွာ စေနေန႔အထိ ကယ္ဆယ္ေရးစခန္းေတြကို လာေရာက္သူ ၁ သန္းေလာက္ရွိပါတယ္။
မၾကာခင္ရက္ပိုင္းအတြင္း ေနာက္ထပ္မုန္တိုင္းတခု တိုက္ခတ္ႏိုင္ၿပီး Luzon ကၽြန္းနဲ႔ ေဒသတဝိုက္ကို ဦးတည္ တိုက္ခတ္ႏိုင္တယ္လို႔လည္း ခန္႔မွန္းထားပါတယ္။
--------------------------
(Unicode)
Goni တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင် Luzon ကျွန်းမှာ လူ ၄ ဦးထက်မနည်း သေဆုံး
ဒီကနေ့ ဖိလစ်ပိုင်နိုင်ငံကို အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း Goni ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် Luzon ကျွန်းမှာ အနည်းဆုံး လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။ ဒီနှစ်အတွင်း အင်အားအပြင်းဆုံးဖြစ်တဲ့ ဒီ Goni တိုင်ဖုန်းမုန်တိုင်း ကျရောက်တဲ့ ဒေသတွေမှာ လျှပ်စစ်မီးပြတ်တောက်၊ အဆောက်အဦးတွေ ပျက်စီးခဲ့ပြီး ရေကြီး၊ ရေလျှံတာတွေနဲ့ ကြုံနေရတာပါ။
မြစ်ရေတွေလျှံနေတာနဲ့ တချို့ တမံတွေပျက်စီး၊ ကျေးရွာတွေ ရေနစ်မြုပ်နေတာကို ပြည်တွင်းသတင်းတွေနဲ့ လူမှုကွန်ရက် ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။
ဖိလစ်ပိုင်ကို ပြီးခဲ့တဲ့အပတ်က တိုင်ဖုန်း Molave တိုက်ခတ်ခဲ့ပြီး အခု ဆက်တိုက် နောက်ထပ် တိုင်ဖုန်းမုန်တိုင်းတခု တိုက်ခတ်ခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်က Molave တိုင်ဖုန်းမုန်တိုင်းကြောင့် ဒီဒေသတွင်းမှာပဲ အနည်းဆုံး လူ ၂၂ ယောက် သေဆုံးခဲ့ရပါတယ်။
မြို့တော် မနီလာ အပါအဝင် ဒေသခံ ၁၉ သန်းကနေ ၃၁ သန်းလောက်အထိ မုန်တိုင်းဒဏ်ကို ခံရနိုင်တယ်လို့ ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန စာရင်းတွေအရ သိရပါတယ်။ အခုလက်ရှိမှာ စနေနေ့အထိ ကယ်ဆယ်ရေးစခန်းတွေကို လာရောက်သူ ၁ သန်းလောက်ရှိပါတယ်။
မကြာခင်ရက်ပိုင်းအတွင်း နောက်ထပ်မုန်တိုင်းတခု တိုက်ခတ်နိုင်ပြီး Luzon ကျွန်းနဲ့ ဒေသတဝိုက်ကို ဦးတည် တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။