သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာသမ္မတ နုတ်ထွက်မယ်လို့ ဝန်ကြီးချုပ်ရုံးအတည်ပြု 


သီရိလင်္ကာနိုင်ငံမှာ သမ္မတနုတ်ထွက်ရေးတောင်းဆိုသူတွေက သမ္မတအိမ်တော်ထဲဝင်ရောက်စီးနင်းထားပြီး သမ္မတချက်ခြင်းနုတ်ထွက်ပေးဖို့ ဆက်လက်တောင်းဆိုနေစဉ်။  
သီရိလင်္ကာနိုင်ငံမှာ သမ္မတနုတ်ထွက်ရေးတောင်းဆိုသူတွေက သမ္မတအိမ်တော်ထဲဝင်ရောက်စီးနင်းထားပြီး သမ္မတချက်ခြင်းနုတ်ထွက်ပေးဖို့ ဆက်လက်တောင်းဆိုနေစဉ်။  


[[Zawgyi/Unicode]]

သီရိလင်္ကာသမ္မတ Gotabaya Rajapaksa ရာထူးကနေ ဆင်းပေးမယ်ဆိုတာ အတည်ပြုတယ်လို့ သီရိလင်္ကာဝန်ကြီးချုပ်ရုံးက ဒီနေ့ တနင်္လာနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

ကိုလံဘို မြို့တော်က သမ္မတအိမ်တော်နဲ့ဝန်ကြီးချုပ်အိမ်တွေ ဝင်ရောက်သိမ်းပိုက် ထားကြတဲ့ ရာနဲ့ချီတဲ့ဆန္ဒပြသူတွေက သမ္မတနဲ့ဝန်ကြီးချုပ် တရားဝင်ထွက်သွားမှ ဖယ်ရှားပေးမယ်လို့ ပြောကြားပြီး ဆက်လက်သိမ်းပိုက်ထားကြပါတယ်။ သမ္မတ Gotabaya Rajapaksa နဲ့ ဝန်ကြီးချုပ် Ranil Wickremesinghe တို့ရဲ့ နေအိမ်တွေကို အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့ ဆန္ဒပြသူတွေ စနေနေ့မှာ စတင်ဝင်ရောက် သိမ်းပိုက်ခဲ့ကြပြီးနောက် ရာထူးကနေ ဆင်းပေးဖို့ သူတို့ ၂ ယောက်လုံး သဘောတူခဲ့ကြပါတယ်။

အာဏာလွှဲပြေားရေး ချောမွေ့ဖို့အတွက် ဇူလိုင် ၁၃ ရက်နေ့ မှာ ဆင်းပေးမယ်လို့ သမ္မတ Gotabaya Rajapaksa က ပါလီမန် ဥက္ကဋ္ဌကို ပြောခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေကတော့ ချက်ချင်းထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။ သီရိလင်္ကာ အတိုက်အခံပါတီတွေကလည်း အစိုးရအသစ်ဖွဲ့ဖို့ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပါတယ်။

ပါလီမန်ဟာ ပါတီတရပ်အတွက်မဟုတ်ဘဲ တိုင်းပြည်ကောင်းကျိုးကို ရှေ့ရှုပြီး ပြဿနာကိုချဉ်းကပ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ဘန်ကောက်မှာ ရောက်ရှိနေစဉ် တိုက်တွန်းလိုက်ပါတယ်။ သီရိလင်္ကာရဲ့ပြဿနာတွေက ကြာပြီဖြစ်ပေမယ့် သမ္မတ Rajapaksa ရဲ့မူဝါဒနဲ့စီမံခန့်ခွဲမှု လွဲမှားတာတွေက စီးပွါးရေး ပြိုကျသွားစေခဲ့တယ်လို့ စီးပွါးရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။

အခွန်လွတ်ငြိမ်းခွင့်တွေ ပေးတာ၊ အော်ဂဲနစ် စိုက်ပျိုးရေးကို ရုတ်ချည်း ပြောင်းပစ် တာ၊ ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်းအပေါ်မှီခိုနေရတဲ့စီးပွါးရေး ထိခိုက် ခဲ့တာ၊ တရုတ်နိုင်ငံက ငွေ အများကြီးချေးခဲ့ပြီး အကြွေးပိလာတာ အစရှိတာတွေ က စီးပွါးရေး ပြိုကျဖို့ ဖြစ်လာရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ အစားအသောက်၊ ဆေးဝါးနဲ့ လောင်စာဆီတွေ ပြတ်လပ်နေတဲ့အတွက် ပြည်သူအများက အစိုးရဆင်းပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

သီရိလင်္ကာသမ္မတ နုတ်ထွက်မယ်လို့ ဝန်ကြီးချုပ်ရုံးအတည်ပြု.mp3
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

==============
[[Unicode]]








XS
SM
MD
LG