သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာ ကို ကူညီေရး IMF ကိုယ္စားလွယ္အဖဲြ႕သြားေရာက္ေဆြးေႏြး


People wait in a long queues to buy fuel for their vehicles at a filling station in Colombo, Sri Lanka, June 11, 2022.

သီရိလကၤာႏုိင္ငံရဲ႔အၾကပ္အတည္းကုိေျဖရွင္းႏုိင္ဖုိ႔အတြက္ IMF ႏုိင္ငံတကာ ေငြေၾကးရံပုံေငြအဖဲြ႔ဟာ အေရးပါတဲ့ေဆြးေႏြးမႈေတြကုိ တနလၤာေန႔မွာ စတင္လုပ္ေဆာင္ေနပါတယ္။

Zawgyi/Unicode

သီရိလကၤာ ကို ကူညီေရး IMF ကိုယ္စားလွယ္အဖဲြ႕သြားေရာက္ေဆြးေႏြး

သီရိလကၤာႏုိင္ငံရဲ႔အၾကပ္အတည္းကုိေျဖရွင္းႏုိင္ဖုိ႔အတြက္ IMF ႏုိင္ငံတကာ ေငြေၾကးရံပုံေငြအဖဲြ႔ဟာ အေရးပါတဲ့ေဆြးေႏြးမႈေတြကုိ တနလၤာေန႔မွာ စတင္လုပ္ေဆာင္ေနပါတယ္။

အခုလုိအခက္အခဲေတြႀကုံေနခ်ိန္မွာ သီရိလကၤာႏုိင္ငံကုိကူညီသြားဖုိ႔သံဓိဌာန္ခ်ထားပါေၾကာင္းကုိ IMF ရဲ႔အေၾကျငာခ်က္မွာထပ္မံအတည္ျပဳေဖၚျပထားပါတယ္။

အဖဲြ႔၀င္ ၉ ဦးပါ၀င္တဲ့ IMF ကုိယ္စားလွယ္အဖဲြ႔ဟာ သီရိလကၤာ၀န္ႀကီးခ်ဳပ္ Ranil Wickremesinghe နဲ႔ေတြဆုံေဆြးေႏြးပါတယ္။ ဒီအဖဲြ႔ဟာ သီရိလကၤာ မွာ ၁၀ ရက္ၾကာေနထုိင္မွာျဖစ္ပါတယ္။

သီရိလကၤာအတြက္ မရွိမျဖစ္လုိအပ္တဲ့သြင္းကုန္ေတြ၀ယ္ယူဖုိ႔အတြက္ဒီႏွစ္ ကုန္အထိ အေမရိကန္ေဒၚလာ ၅ ဘီလီယံေလာက္လုိမယ္လုိ႔ ဒီလဆန္းပုိင္းက ၀န္ႀကီးခ်ဳပ္ Ranil ကလႊတ္ေတာ္မွာေျပာဆုိခဲ့ပါတယ္။

သီရိလကၤာမွာစီးပြားေရးဆုိးဆုိး၀ါး၀ါးက်ဆင္းေနၿပီးေလာင္စာဆီျပတ္လပ္ေနတဲ့အတြက္ရုံးေတြေက်ာင္းေတြပိတ္ထားရတာ၂ ပတ္ရွိၿပီျဖစ္ပါတယ္။ ႏုိင္ငံျခားေငြျပတ္လပ္ေနတဲ့အတြက္ ေဆး၀ါးနဲ႔အျခားလူသုံးကုန္ပစၥည္းေတြ လည္း၀ယ္ယူ တင္သြင္းႏုိင္ျခင္းမရွိတဲ့အတြက္လည္းျပတ္လပ္ေနပါတယ္။

###

တိုက္႐ိုက္ လင့္ခ္

Unicode

သီရိလင်္ကာ ကို ကူညီရေး IMF ကိုယ်စားလှယ်အဖွဲ့သွားရောက်ဆွေးနွေး

သီရိလင်္ကာနိုင်ငံရဲ့အကြပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ဟာ အရေးပါတဲ့ဆွေးနွေးမှုတွေကို တနင်္လာနေ့မှာ စတင်လုပ်ဆောင်နေပါတယ်။

အခုလိုအခက်အခဲတွေကြုံနေချိန်မှာ သီရိလင်္ကာနိုင်ငံကိုကူညီသွားဖို့သံဓိဌာန်ချထားပါကြောင်းကို IMF ရဲ့အကြေငြာချက်မှာထပ်မံအတည်ပြုဖေါ်ပြထားပါတယ်။

အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ IMF ကိုယ်စားလှယ်အဖွဲ့ဟာ သီရိလင်္ကာဝန်ကြီးချုပ် Ranil Wickremesinghe နဲ့တွေဆုံဆွေးနွေးပါတယ်။ ဒီအဖွဲ့ဟာ သီရိလင်္ကာ မှာ ၁၀ ရက်ကြာနေထိုင်မှာဖြစ်ပါတယ်။

သီရိလင်္ကာအတွက် မရှိမဖြစ်လိုအပ်တဲ့သွင်းကုန်တွေဝယ်ယူဖို့အတွက်ဒီနှစ် ကုန်အထိ အမေရိကန်ဒေါ်လာ ၅ ဘီလီယံလောက်လိုမယ်လို့ ဒီလဆန်းပိုင်းက ဝန်ကြီးချုပ် Ranil ကလွှတ်တော်မှာပြောဆိုခဲ့ပါတယ်။

သီရိလင်္ကာမှာစီးပွားရေးဆိုးဆိုးဝါးဝါးကျဆင်းနေပြီးလောင်စာဆီပြတ်လပ်နေတဲ့အတွက်ရုံးတွေကျောင်းတွေပိတ်ထားရတာ၂ ပတ်ရှိပြီဖြစ်ပါတယ်။ နိုင်ငံခြားငွေပြတ်လပ်နေတဲ့အတွက် ဆေးဝါးနဲ့အခြားလူသုံးကုန်ပစ္စည်းတွေ လည်းဝယ်ယူ တင်သွင်းနိုင်ခြင်းမရှိတဲ့အတွက်လည်းပြတ်လပ်နေပါတယ်။

XS
SM
MD
LG