သီရိလကၤာမွာ ဆႏၵျပသူေတြကို ရဲတပ္ဖဲြ႕ မ်က္ရည္ယိုဗုံးသုံးႏွိမ္နင္း
{{Zawgyi/Unicode}}
သီရိလကၤာႏိုင္ငံမွာ ဆိုးဝါးလာေနတဲ့ စီးပြါးေရး အေျခေနကို မကိုင္တြယ္ႏိ္ုင္တဲ့ သမၼတ Gotabaya Rajapaksa ႏႈတ္ထြက္ေပးဖို႔ ေတာင္းဆိုဆႏၵျပသူေတြ စေနေန႔က သမၼတရံုးနားကပ္ဖို႔ ႀကိဳးစားလာတာကို ရဲက မ်က္ရည္ယိုဗံုးေတြ မီးသတ္ပိုက္ေတြနဲ႔ လူစုခြဲခဲ့ပါတယ္။
ဆႏၵျပသူေတြဟာ သမၼတရံုးအျပင္မွာ စခန္းခ်ေနတာျဖစ္ၿပီး သူတို႔ရဲ႕ ဆႏၵျပတာ ရက္ေပါင္း ၅၀ ျပည့္ အထိမ္းအမွတ္ စုေဝးပြဲကို ရဲက ၿဖိဳခြဲခဲ့သလို ကနဦးမွာ လူ ၃ ဦးေလာက္ကို ဖမ္းဆီးခဲ့တာ ျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ ျပန္လႊတ္ေပးခဲ့ပါတယ္။
သီရိလကၤာႏိုင္ငံဟာ ႏိုင္ငံျခားေႂကြးၿမီ မဆပ္ႏိုင္ပဲ ေဒဝါလီခံရလု႔နီး အေျခေနဆိုက္ခဲ့သလို ကုန္စည္တင္သြင္းဖို႔ ႏိုင္ငံရပ္ျခား ေငြလိုအပ္ခ်က္ ႀကီးမားေနၿပီး စားသံုးဆီ၊ ဓါတ္ဆီနဲ႔ ေဆးဝါးလို ေန႔စဥ္ မသံုးမျဖစ္ လိုအပ္တဲ့ကုန္ပစၥည္း မေလာက္မငျဖစ္တဲ့ ဒဏ္ကို ခံေနရတာပါ။
အခုလို ႏိုင္ငံတြင္း စီးပြါးေရးျပႆနာ ေပၚလာတာဟာ အုပ္ခ်ဳပ္ေနတဲ့ Rajapaksa မိသားစုရဲ႕ အဂတိလိုက္စားတာနဲ႔ စီမံခန္႔ခြဲမႈ ည့ံဖ်င္းတာေၾကာင့္လို႔ စြပ္စြဲၿပီး ႏိုင္ငံတဝွမ္း ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။
Rajapaksa မိသားစုကို ေထာက္ခံသူေတြက ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို တိုက္ခိုက္ခဲ့တဲ့ ေမလ ၉ ရက္ေန႔က စၿပီး ႏိုင္ငံတလႊား အၾကမ္းဖက္မႈေတြ ျဖစ္ပြားလာခဲ့တာပါ။ အာဏာရပါတီက လႊတ္ေတာ္အမတ္တဦးအပါအဝင္ လူေပါင္း ၉ ဦး အသတ္ခံခဲ့ရသလို ဝန္ႀကီးေတြရဲ႕ ေနအိမ္ေတြလည္း မီးရႈိ႕ခံခဲ့ရတာပါ။ အခုလို အၾကမ္းဖက္မႈေတြ အတြင္းမွာပဲ သမၼတရဲ႕ အကိုျဖစ္သူ ဝန္ႀကီးခ်ဳပ္ Mahinda Rajapaksa က ႏႈတ္ထြက္သြားခဲ့တာ ျဖစ္သလို သမၼတရဲ႕ သားခ်င္း ၃ ဦးနဲ႔ တူေတာ္သူတဦးပါ အစိုးရအဖြဲ႔ ထဲကေန ႏႈတ္ထြက္ သြားခဲ့ၾကပါတယ္။
အသစ္တက္လာတဲ့ ဝန္ႀကီးခ်ဳပ္ Ranil Wickremesinghe ကေတာ့ ႏိုင္ငံတကာေငြေၾကးရံပံုေငြအဖြဲ႔ IMF ဆီက ႏိုင္င့ံစီးပြါးေရး က်ားကန္ေပးလာေရး ႀကိဳးစားေဆာင္ရြက္ ေနတာပါ။
.....................................
သီရိလင်္ကာမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးသုံးနှိမ်နင်း
{{Zawgyi/Unicode}}
သီရိလင်္ကာနိုင်ငံမှာ ဆိုးဝါးလာနေတဲ့ စီးပွါးရေး အခြေနေကို မကိုင်တွယ်နိုင်တဲ့ သမ္မတ Gotabaya Rajapaksa နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြသူတွေ စနေနေ့က သမ္မတရုံးနားကပ်ဖို့ ကြိုးစားလာတာကို ရဲက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ သမ္မတရုံးအပြင်မှာ စခန်းချနေတာဖြစ်ပြီး သူတို့ရဲ့ ဆန္ဒပြတာ ရက်ပေါင်း ၅၀ ပြည့် အထိမ်းအမှတ် စုဝေးပွဲကို ရဲက ဖြိုခွဲခဲ့သလို ကနဦးမှာ လူ ၃ ဦးလောက်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံဟာ နိုင်ငံခြားကြွေးမြီ မဆပ်နိုင်ပဲ ဒေဝါလီခံရလု့နီး အခြေနေဆိုက်ခဲ့သလို ကုန်စည်တင်သွင်းဖို့ နိုင်ငံရပ်ခြား ငွေလိုအပ်ချက် ကြီးမားနေပြီး စားသုံးဆီ၊ ဓါတ်ဆီနဲ့ ဆေးဝါးလို နေ့စဉ် မသုံးမဖြစ် လိုအပ်တဲ့ကုန်ပစ္စည်း မလောက်မငဖြစ်တဲ့ ဒဏ်ကို ခံနေရတာပါ။
အခုလို နိုင်ငံတွင်း စီးပွါးရေးပြဿနာ ပေါ်လာတာဟာ အုပ်ချုပ်နေတဲ့ Rajapaksa မိသားစုရဲ့ အဂတိလိုက်စားတာနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်လို့ စွပ်စွဲပြီး နိုင်ငံတဝှမ်း ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
Rajapaksa မိသားစုကို ထောက်ခံသူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို တိုက်ခိုက်ခဲ့တဲ့ မေလ ၉ ရက်နေ့က စပြီး နိုင်ငံတလွှား အကြမ်းဖက်မှုတွေ ဖြစ်ပွားလာခဲ့တာပါ။ အာဏာရပါတီက လွှတ်တော်အမတ်တဦးအပါအဝင် လူပေါင်း ၉ ဦး အသတ်ခံခဲ့ရသလို ဝန်ကြီးတွေရဲ့ နေအိမ်တွေလည်း မီးရှို့ခံခဲ့ရတာပါ။ အခုလို အကြမ်းဖက်မှုတွေ အတွင်းမှာပဲ သမ္မတရဲ့ အကိုဖြစ်သူ ဝန်ကြီးချုပ် Mahinda Rajapaksa က နှုတ်ထွက်သွားခဲ့တာ ဖြစ်သလို သမ္မတရဲ့ သားချင်း ၃ ဦးနဲ့ တူတော်သူတဦးပါ အစိုးရအဖွဲ့ ထဲကနေ နှုတ်ထွက် သွားခဲ့ကြပါတယ်။
အသစ်တက်လာတဲ့ ဝန်ကြီးချုပ် Ranil Wickremesinghe ကတော့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ဆီက နိုင်ငံ့စီးပွါးရေး ကျားကန်ပေးလာရေး ကြိုးစားဆောင်ရွက် နေတာပါ။