သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့ စစ်ကောင်စီအကြီးအကဲနဲ့ သီးခြားတွေ့ဆုံ

တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်နေတဲ့ မဟာမဲခေါင်ဒေသခွဲဒေသများနဲ့ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာစည်းဝေးပွဲ။ (ဓာတ်ပုံ-Information Team Telegram Channel)
တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်နေတဲ့ မဟာမဲခေါင်ဒေသခွဲဒေသများနဲ့ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာစည်းဝေးပွဲ။ (ဓာတ်ပုံ-Information Team Telegram Channel)

တရုတ်နိုင်ငံမှာကျင်းပတဲ့ ဒေသတွင်းအစည်းအဝေးဘေးပန်းမှာ စစ်ကောင်စီအကြီးအကဲနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သီးခြား တံခါးပိတ်ဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံ ငြိမ်းချမ်းလာစေရေး ထိုင်းနိုင်ငံက စိတ်ကောင်းစေတနာနဲ့ ကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဝန်ကြီးချုပ် Paetongtarn Shinawatra က ထိုင်းသတင်းထောက်တွေကို ဒီနေ့ ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပဋိပက္ခဟာ ပြည်တွင်းရေးပြဿနာဖြစ်ပြီး မြန်မာကပဲဖြေရှင်းမှရမယ်လို့ ဝန်ကြီးချုပ်Paetongtarn ကပြောကြားခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ မဟာမဲခေါင်ဒေသခွဲဒေသများနဲ့ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာစည်းဝေးပွဲအတွက် ကူမင်းမြို့ကို ရောက်နေချိန် တွေ့ဆုံခဲ့ကြတာပါ။

အလားတူ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နဲ့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗုဒ္ဓဟူးနေ့က ကူမင်းမြို့မှာတွေ့ဆုံခဲ့တာမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အတိုင်း အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်းဝန်ကြီးချုပ် Hun Manet ကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံပြဿနာကို မကြာခင်အနာဂတ်မှာ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်ကတော့ မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေတွေနဲ့ ရွေးကောက်ပွဲ ကျင်းပနေတဲ့အကြောင်းတွေ ပြောပြခဲ့တယ်လို့ ဝန်ကြီးချုပ် Hun Manet ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG