သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိတောမီး မြို့တော်အေသင်ဆင်ခြေဖုံးအထိ ပြန့်နှံ့ကူးစက်


ဂရိနိုင်ငံ၊ အေသင်မြို့နားက Nea Penteli မြို့က အထက်တန်းကျောင်းတခု တောမီးကူးစက်လောင်ကျွမ်းသွားပုံ။ (သြဂုတ် ၁၂၊ ၂၀၂၄)
ဂရိနိုင်ငံ၊ အေသင်မြို့နားက Nea Penteli မြို့က အထက်တန်းကျောင်းတခု တောမီးကူးစက်လောင်ကျွမ်းသွားပုံ။ (သြဂုတ် ၁၂၊ ၂၀၂၄)

ဂရိနိုင်ငံ၊ မြို့တော်အေသင်အနီးထိရောက်လာတဲ့ ပြင်းထန်လှတဲ့တောမီးကြီးတွေဟာ တနင်္လာနေ့မှာတော့ မြို့စွန်ထိ ကူးစက်လာပါတယ်။ အိမ်တွေ ကားတွေ မီးဘေးသင့်ပြီး လမ်းတွေလည်း မီးခိုးတွေ ပြာမှုန်တွေနဲ့ ဖုံးအုပ်ကုန်သလို ရာနဲ့ချီတဲ့လူတွေလည်း ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရပါတယ်။

အေသင်မြို့ မြောက်ဘက် တောင်ကုန်းတွေဆီက တိုက်ခတ်လာတဲ့လေပြင်းတွေကြောင့် ထိန်းလို့မနိုင်လောက် အောင် ကူးစက်လောင်ကျွမ်းနေတဲ့တောမီးကြီးကို အီးယူအဖွဲ့ဝင်နိုင်ငံတွေက ဝိုင်းဝန်းငြိမ်းသတ်ပေးဖို့လည်း ဂရိ အစိုးရက အကူအညီတောင်းခံထားပါတယ်။ ဆယ်နှစ်ကျော်ကာလအတွင်း မြို့တော်အတွင်းပိုင်းထိ ပထမဆုံး ကူးစက်လာတဲ့ မီးညွန့်တွေဟာ လူနေတိုက်ခန်းတွေ၊ ကျောင်းတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေကိုပါ ကူးစက်ခါနီးနေပြီလို့လည်း မီးသတ်သမားတွေက ပြောပါတယ်။

ညမိုးချုပ်တဲ့အထိ မီးညွန့်ကျိုးသွားမယ့် အရိပ်လက္ခဏာတွေလည်း မတွေ့ရပါဘူး။ တနင်္ဂနွေနေ့ ညနေ ၃ နာရီ လောက်မှာ အေသင်မြို့ မြောက်ဖက် မိုင် ၂၀ အကွာလောက်မှာ စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြီးကို စေတနာ့ဝန်ထမ်း မီးသတ်သမား ၇၀၀ ကျော်၊ မီးသတ်ကား ၁၉၉ စင်းနဲ့ ရေဖျန်း လေယာဥ် ၃၅ စင်းတို့ကိုသုံးပြီး မီးငြိမ်းသတ်နေကြတာဖြစ်ပါတယ်။ ဂရိနိုင်ငံက တောမီးတွေကို ငြိမ်းသတ်ဖို့ ပြင်သစ်၊ အီတလီ၊ ချက်ပြည်သူ့ သမ္မတနိုင်ငံ၊ ဆားဗီးယားနဲ့ တူရကီနိုင်ငံတို့က လေယာဥ်တွေ၊ မီးသတ်သမားတွေစေလွှတ်မယ်လို့ ခန့်မှန်းရပါတယ်။

နွေရာသီဆိုရင် ဂရိနိုင်ငံမှာ ပိုမိုပူပြင်းပြီး တောမီးတွေလောင်ကျွမ်းတတ်ပေမယ့် ဥတုရာသီပြောင်းလဲမှုကြောင့် တောမီးတွေပိုပြင်းထန်လာတဲ့အပြင် မီးလောင်ကျွမ်းမှုအကြိမ်ရေလည်း တိုးလာနေတာပါ။ အပူချိန်ပြင်းထန် လွန်းတဲ့အတွက် စပိန်နိုင်ငံနဲ့ ဘော်လကန်ဒေသမှာလည်း တောမီးကြီးတွေလောင်ကျွမ်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG