သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အေသင်မြို့အနီးတောမီးကြောင့် ဒေသခံတွေဘေးလွတ်ရာတိမ်းရှောင်


ဂရိနိုင်ငံ အေသင်မြို့နားက Varnava ကျေးရွာတောမီးကို ရဟတ်ယာဥ်နဲ့ရေဖျန်းငြှိမ်းသတ်နေစဥ်။ (သြဂုတ် ၁၁၊ ၂၀၂၄)
ဂရိနိုင်ငံ အေသင်မြို့နားက Varnava ကျေးရွာတောမီးကို ရဟတ်ယာဥ်နဲ့ရေဖျန်းငြှိမ်းသတ်နေစဥ်။ (သြဂုတ် ၁၁၊ ၂၀၂၄)

ဂရိနိုင်ငံမြို့တော်အနီး တောမီးဟာ ရာသီဥတုအပူနဲ့ လေတိုက်မှုကြောင့် အလျင်အမြန်ကြီးထွားတာကို မီးသတ်တပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ တောမီးကြောင့် ဂရိမြို့တော် အေသင်တဝိုက် မီးခိုးတိမ်တွေလွှမ်းခြုံနေပြီး အေသင်မြို့အနီးက Varnava ကျေးရွာမှာတော့ ဒေသခံတွေ အိုးအိမ်စွ့န်ခွာ တိမ်းရှောင်ကြရပါတယ်။

မီးဟာ တနင်္ဂနွေ နေ့ ညနေ ၃ နာရီလောက် စတင်လောင်ကျွမ်းခဲ့ပြီး အေသင်မြို့မြောက်ပိုင်း မိုင် ၂၀ လောက်ပဲဝေးတဲ့ ကျေးရွာအထိ အလျင်အမြန် ကူးစက်လာခဲ့ပါတယ်။ မီးသတ် လေယာဉ် ၁၂ စင်း၊ ရဟတ်ယဉ် ၇ စင်းတို့နဲ့အတူ မီးသတ်သမား ၂၅၀ ကျော်ဟာ မီးကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ အနီးအနားနေရာငါးခုက ဒေသခံတွေ ဘေးလွတ်ရာရှောင်ဖို့ အာဏာပိုင်တွေက သတိပေးချက်ထုတ်နေပါတယ်။

အခုနွေရာသီအတွင်းမှာ ဂရိနိုင်ငံတဝန်း ရာနဲ့ချီပြီး တောမီးလောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဆောင်းရာသီမှာ ပူနွေးနေခဲ့ပြီး နောက် အခု ဇွန်နဲ့ ဇူလှိုင်မှာဆိုရင် စံချိန်တင် အပူချိန် မြင့်တက်ခဲ့ပါတယ်။ တခြားမြေထဲပင်လယ်ဒေသတွေမှာလိုပဲ ကမ္ဘာ့ ဥတုရာသီဖောက်ပြန်ပြောင်းလဲမှုကြောင့် ခြောက်သွေ့ပူပြင်းမှုကနေ တောမီးလောင်တွေအထိ ဖြစ်လာတာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဥရောပတလွှား ၂၀၂၃ တောမီးလောင်ရာသီဟာ ရာစုနှစ်အတွင်း အဆိုးဆုံးဖြစ်ခဲ့တယ်လို့ ဥရောပကော်မရှင်အစီရင်ခံစာ တစောင်မှာဖော်ပြပါတယ်။ အခုလအတွင်းမှာပဲ ဂရိနိုင်ငံလိုပဲ စပိန်နဲ့ ဘော်လကန်ဒေသမှာ အပူချိန်မြင့်တက်မှုနဲ့အတူ မီးလောင်မှုတွေရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG