သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောတလွှား အပူလှိုင်းအန္တရာယ် ကုလသတိပေး


Britain Heat Wave
Britain Heat Wave

လာမယ့်ရက်တွေအတွင်း ပြင်သစ်၊ ပေါ်တူဂီနဲ့ စပိန်နိုင်ငံတွေမှာ ပြင်းထန်တဲ့အပူလှိုင်းနဲ့ တောမီး ဆိုးဆိုးဝါးဝါး လောင်ကျွမ်းပြီး ဥရောပ တချို့ဒေသတွေကိုပါ ပျံ့နှံသွားဖို့ ရှိတယ်လို့  ကုလသမဂ္ဂမိုးလေဝဿအဖွဲ့ WMO က ပြောပါတယ်။ 

ဥရောတလွှား အပူလှိုင်းအန္တရာယ် ကုလသတိပေး

{{Zawgyi/Unicode}}
လာမယ့်ရက်တွေအတွင်း ပြင်သစ်၊ ပေါ်တူဂီနဲ့ စပိန်နိုင်ငံတွေမှာ ပြင်းထန်တဲ့အပူလှိုင်းနဲ့ တောမီး ဆိုးဆိုးဝါးဝါး လောင်ကျွမ်းပြီး ဥရောပ တချို့ဒေသတွေကိုပါ ပျံ့နှံသွားဖို့ ရှိတယ်လို့ ကုလသမဂ္ဂမိုးလေဝဿအဖွဲ့ WMO က ပြောပါတယ်။

UK မှာတော့ အပူချိန်က စံချိန်တင်အောင်မြင့်မားနေပြီး UK မိုးလေဝဿဌာနက အင်္ဂလန်နဲ့ ဝေလနယ်တွေမှာ ပြင်းထန်တဲ့အပူရှိန် သတိပေးချက်ထုတ်ပြန်ထားပါတယ်။ အခု တနင်္ဂနွေ နဲ့ တနင်္လာနေ့တွေမှာဆို အပူချိန် ၃၅ ဒီဂရီ စဲလ်ဆီးယပ်စ် အထက် မကြုံစဖူး မြင့်မားတဲ့အပူဒဏ် ခံရနိုင်တယ်လို့ခန့်မှန်းထားတာပါ။

ပေါ်တူဂီမှာလည်း အပူချိန် ၄၅ ဒီဂရီ စဲလ်ဆီးယပ်စ် အထိရောက်လာတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရကြောင်း အနီရောင်အဆင့် အပူချိန် သတိပေးချက်ထုတ်ပြန်ထားပါတယ်။ အလားတူပဲ စပိန်နဲ့ ပြင်သစ်မှာလည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ပေါ်တူဂီ၊ စပိန်အနောက်ခြမ်းနဲ့ ပြင်သစ် အနောက်တောင်ပိုင်း တွေမှာတော့ တောမီးလောင်ကျွမ်းမှု နေရာ ၂၀ ကျော်မှာဖြစ်ပွါးနေတာပါ။

ကမ္ဘာ့လေထုဆိုင်ရာ စောင့်ကြည့်နေတဲ့ WOM အဖွဲ့က သိပ္ပံဆိုင်ရာတာဝန်ခံတဦးဖြစ်တဲ့ Lorenzo Labrador ကတော့ အခုလို အပူရှိန်လွန်ကဲမှုဟာ အတ္တလန်တိတ် သမုဒ္ဒရာထဲက Azores လို့ခေါ်တဲ့ မြင့်မားတဲ့ လေဖိအား စံနစ်ကြောင့် ဖြစ်နိုင်တယ်လို့ Nature Geoscience ဂျာနယ်မှာ ဖေါ်ပြထားကြောင်း ပြောပါတယ်။ ဒါ့အပြင် မြင့်မားတဲ့အပူချိန်ဟာ အပူလှိုင်းရိုက်ခတ်တဲ့ ဆိုးကျိုးတင်မကပဲ လေထုညစ်ညမ်းမှုကိုပါ ဖြစ်စေတယ်လို့ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာတော့ ဥရောပမှာ ရောဂါဖြစ်ပွါးတာနဲ့ သက်တမ်းမစေ့ခင် သေဆုံးမှုဟာ အဓိကအားဖြင့် လေထုညစ်ညမ်းမှုကြောင့်ဖြစ်ပွါးတာတွေ့ရပြီး အချိန်မတိုင်ခင်သေဆုံးရသူ ကမ္ဘာတလွှားမှာ ၇ သန်းအထိ ဖြစ်လာချိန်မှာ ဥရောပမှာတော့ လေထုညစ်ညမ်းမှုကြောင့် အချိန်မတိုင်ခင် သေဆုံးရသူက နှစ်စဉ် ၃ သိန်းကျော်ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

..............................

ဥရောတလှှား အပူလှိုငျးအန်တရာယျ ကုလသတိပေး

{{Zawgyi/Unicode}}





XS
SM
MD
LG