သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီသမ္မတ လုပ်ကြံမှုမှာ ကိုလံဘီယာနိုင်ငံသားတွေပါဝင် 


ဟေတီနိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့
ဟေတီနိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့

[ Zawgyi ]

ဟေတီသမ္မတ Jovenel Moise ကို လုပ်ကြံသတ်ဖြတ်မှုမှာ ကိုလံဘီယာနိုင်ငံသားတွေ ပတ်သက်မှုရှိကြောင်း ကိုလံဘီယာ ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။ လုပ်ကြံမှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ကိုလံဘီယာနိုင်ငံသား တွေဟာ ကုမ္ပဏီ ၄ ခုရဲ့ စည်းရုံးမှုခံခဲ့ရပြီး Dominican Republic ကနေ အုပ်စု ၂ စုခွဲပြီး ဟေတီနိုင်ငံထဲ ဝင်ရောက်ခဲ့တာလို့လည်း ပြောပါတယ်။

ဟေတီရဲတပ်ဖွဲ့ အကြီးအကဲကတော့ သမ္မတ လုပ်ကြံခံရမှုနဲ့ ဆက်နွယ်ပြီး သံသယရှိသူ ၁ ဒါဇင်ကျော်ကို ဖမ်းဆီးထားကြောင်း ပြောဆိုထားတာပါ။ ဟေတီနိုင်ငံ Port-au-Prince မြို့တော်က လူချမ်းသာ ရပ်ကွက်မှာရှိတဲ့ သမ္မတ နေအိမ်ကို လက်နက်အပြည့်အစုံနဲ့ တိုက်ခိုက်ခဲ့ကြတဲ့ ကြေးစား ၂၈ ယောက်မှာ ကိုလံဘီယာနိုင်ငံသား ၂၆ ယောက်နဲ့ ဟေတီနိုင်ငံဖွား အမေရိကန် ၂ ဦး ပါဝင်ကြောင်းလည်း ပြောပါတယ်။

ဒီအထဲက အမေရိကန် ၂ ယောက်နဲ့ ကိုလံဘီယာနိုင်ငံသား ၁၅ ယောက်၊ စုစုပေါင်း ၁၇ ယောက်ကို ဖမ်းဆီးထားကြောင်းလည်း ဟေတီနိုင်ငံတော်ရဲတပ်ဖွဲ့ အကြီးအကဲ Leon Charles က ပြောတာပါ။ သံသယရှိသူ ၃ ဦး ကို အသေရမိပြီး ၈ ဦးက လွတ်မြောက်နေဆဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဖမ်းမိသူတွေထဲက ဟေတီ-အမေရိကန် ၂ ဦးကတော့ အသက် ၃၅ နှစ်အရွယ် James Solages နဲ့ ၅၅ နှစ်အရွယ် Joseph Vincent တို့ ဖြစ်ကြောင်း ဟေတီရွေးကောက်ပွဲဆိုင်ရာ ဝန်ကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကတော့ သူတို့ ၂ ယောက် အမေရိကန် နိုင်ငံသားတွေ ဖြစ်ကြောင်း အတည်ပြုချက် မပေးပါဘူး။

လုပ်ကြံမှုကိုစုံစမ်းဖို့ အမေရိကန်စုံစမ်းစစ်ဆေးရေးဗျုရို (FBI) နဲ့ အမိမြေလုံခြုံရေးဌာန အရာရှိတွေကို စေလွှတ်ထားကြောင်းလည်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

[ Unicode ]







XS
SM
MD
LG