သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဟတီသမၼတ လုပ္ၾကံမႈ သံသယ ေၾကာင္႔ ဖမ္းဆီးထားသူေတြထဲ အေမရိကန္ႏိုင္ငံသား ၂ ဦးပါဝင္


APTOPIX Haiti President Killed

{{Zawgyi/Unicode}}

ေဟတီႏိုင္ငံမွာ သမၼတလုပ္ၾကံသတ္ျဖတ္မႈနဲ႔ ဆက္ႏြယ္ၿပီး မသကၤာသူေတြကို အာဏာပိုင္ေတြ လိုက္လံရွာေဖြ ဖမ္းဆီးေနပါတယ္။

မသကၤာသူ ၇ ေယာက္ကို အေသဖမ္းဆီးမိၿပီး၊ အေမရိကန္ ႏိုင္ငံသား ၂ ဦး အပါအ၀င္ ၆ ေယာက္ကို ဖမ္းဆီးထားေၾကာင္းလည္း ၾကာသပေတးေန႔မွာပဲ ရဲတပ္ဖဲြ႕က ေျပာဆိုခဲ့တာပါ။

ဓားစာခံအျဖစ္ ဖမ္းဆီးခံခဲ့ရတဲ့ လုံျခံဳေရးတပ္ဖဲြ႕၀င္ ၃ ေယာက္ကို ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္းလည္း ေျပာပါတယ္။

ေၾကးစားေတြအျဖစ္ ရည္ၫႊန္းၿပီး သံသယရွိသူေတြကို ဖမ္းဆီးဖို႔ ဆက္လက္ႀကိဳးပမ္းေနေၾကာင္းလည္း ေဟတီရဲတပ္ဖဲြ႕ အႀကီးအကဲ Léon Charles က သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။

သမၼတ လုပ္ၾကံခံရၿပီးေနာက္ အေရးေပၚ အေျခအေန ေၾကညာၿပီး အုပ္ခ်ဳပ္ေနတဲ့ ယာယီ၀န္ႀကီးခ်ဳပ္ကေတာ့ တရားမွ်တမႈရေအာင္ ႀကိဳးပမ္းမယ့္အေၾကာင္း ေျပာပါတယ္။

“သမၼတ Jovenel Moise မိသားစုနဲ႔ မဟာမိတ္ေတြ၊ မိတ္ေဆြေတြအတြက္ တရားမွ်တမႈ ရရွိမွာျဖစ္ပါတယ္။” လို႔ ၀န္ႀကီးခ်ဳပ္ Claude Joseph က ၾကာသပေတးေန႔မွာပဲ သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။

အျပန္အလွန္ပစ္ခတ္မႈအတြင္း ေသဆုံးသူေတြနဲ႔ ပတ္သက္တဲ့ သတင္းအေသးစိတ္ကိုေတာ့ တာ၀န္ရွိသူေတြက မေျပာပါဘူး။

ေဟတီ ေရြးေကာက္ပဲြေရးရာ၀န္ႀကီး Mathias Pierre ကေတာ့ ရဲတပ္ဖဲြ႕က ဖမ္းဆီးထားတဲ့ အေမရိကန္ ၂ ေယာက္မွာ တေယာက္ဟာ ေဟတီႏိ္ုင္ငံဖြား အေမရိကန္ James Solages ျဖစ္ေၾကာင္း AP သတင္းဌာနကို ေျပာဆိုထားပါတယ္။

.....................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဟေတီနိုင်ငံမှာ သမ္မတလုပ်ကြံသတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး မသင်္ကာသူတွေကို အာဏာပိုင်တွေ လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်။

မသင်္ကာသူ ၇ ယောက်ကို အသေဖမ်းဆီးမိပြီး၊ အမေရိကန် နိုင်ငံသား ၂ ဦး အပါအဝင် ၆ ယောက်ကို ဖမ်းဆီးထားကြောင်းလည်း ကြာသပတေးနေ့မှာပဲ ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။

ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း ပြောပါတယ်။

ကြေးစားတွေအဖြစ် ရည်ညွှန်းပြီး သံသယရှိသူတွေကို ဖမ်းဆီးဖို့ ဆက်လက်ကြိုးပမ်းနေကြောင်းလည်း ဟေတီရဲတပ်ဖွဲ့ အကြီးအကဲ Léon Charles က သတင်းထောက်တွေကို ပြောခဲ့တာပါ။

သမ္မတ လုပ်ကြံခံရပြီးနောက် အရေးပေါ် အခြေအနေ ကြေညာပြီး အုပ်ချုပ်နေတဲ့ ယာယီဝန်ကြီးချုပ်ကတော့ တရားမျှတမှုရအောင် ကြိုးပမ်းမယ့်အကြောင်း ပြောပါတယ်။

“သမ္မတ Jovenel Moise မိသားစုနဲ့ မဟာမိတ်တွေ၊ မိတ်ဆွေတွေအတွက် တရားမျှတမှု ရရှိမှာဖြစ်ပါတယ်။” လို့ ဝန်ကြီးချုပ် Claude Joseph က ကြာသပတေးနေ့မှာပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။

အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ သတင်းအသေးစိတ်ကိုတော့ တာဝန်ရှိသူတွေက မပြောပါဘူး။

ဟေတီ ရွေးကောက်ပွဲရေးရာဝန်ကြီး Mathias Pierre ကတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အမေရိကန် ၂ ယောက်မှာ တယောက်ဟာ ဟေတီနိုင်ငံဖွား အမေရိကန် James Solages ဖြစ်ကြောင်း AP သတင်းဌာနကို ပြောဆိုထားပါတယ်။

XS
SM
MD
LG