သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်းအဖြစ် Minnesota အုပ်ချုပ်ရေးမှူးကိုရွေးချယ်


လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခံရတဲ့ Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz
လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခံရတဲ့ Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz

လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump နဲ့ ယှဉ်ပြိုင်ရာမှာ ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်းအဖြစ် Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ကို ဒုသမ္မတ Kamala Harris က ရွေးချယ်လိုက်ကြောင်း အမေရိကန်သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။

တရားဝင် ကြေညာချက်ကိုတော့ Pennsylvania ပြည်နယ် Philadelphia မြို့က မဲဆွယ်ပွဲ မတိုင်ခင် ဒီကနေ့နှောင်းပိုင်းမှာ ထုတ်ပြန်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ဒီနောက်မှာတော့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Harris ဟာ ဒုသမ္မတလောင်းနဲ့အတူလာမယ့်ရွေးကောက်ပွဲမှာ အရေးပါပြီး အဆုံးအဖြတ်ပေးမယ်လို့ ယူဆထားကြတဲ့ Wisconsin, Michigan, Arizona နဲ့ Nevada ပြည်နယ်တွေကို စည်းရုံးရေးခရီးထွက်ကြမှာပါ။

သမ္မတဟောင်း Trump ကတော့ သူ့ကို ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် တရားဝင် ရွေးချယ်တဲ့ ပါတီညီလာခံအတွင်း သူနဲ့အတူ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတလောင်းအဖြစ် အထက်လွှတ်တော်အမတ် J.D. Vance ကို ရွေးချယ်ခဲ့ပါတယ်။ ရီပတ်ဘလီကန်ပါတီရဲ့ ဒုသမ္မတလောင်း Vance ဟာလည်း အကြိတ်အနယ် ယှဉ်ပြိုင်ရကိန်းရှိတယ်လို့ သတ်မှတ်ထားကြတဲ့ Pennsylvania, Wisconsin, Michigan နဲ့ မြောက် Carolina ပြည်နယ်တွေမှာ မဲဆွယ်စည်းရုံးဖို့ စီစဉ်ထားပါတယ်။

သမ္မတ Joe Biden က သူ့အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဖို့ ဆုံးဖြတ်ကြောင်း ကြေညာခဲ့သလို၊ ဒုသမ္မတ Harris ကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီးနောက် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် အဓိကနေရာမှာ ရှိနေခဲ့ပြီး၊ တနင်္ဂနွေနေ့မှာတော့ ပါတီရဲ့ သမ္မတလောင်းအဖြစ် တရားဝင် ရွေးချယ်ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG