သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရပ်နွယ်ဖွား အမေရိကန် ထောက်ခံမဲတွေရရေး ပါတီ ၂ ရပ် အပြိုင်ကြိုးပမ်း


အမေရိကန်ပြည်ထောင်စု Wisconsin ပြည်နယ်မှာပြုလုပ်တဲ့ သမ္မတလောင်း ပဏာမရွေးကောက်ပွဲမှာ မဲပေးနေကြတဲ့ အမေရိကန်မဲဆန္ဒရှင်များ (ဧပြီ ၂၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု Wisconsin ပြည်နယ်မှာပြုလုပ်တဲ့ သမ္မတလောင်း ပဏာမရွေးကောက်ပွဲမှာ မဲပေးနေကြတဲ့ အမေရိကန်မဲဆန္ဒရှင်များ (ဧပြီ ၂၊ ၂၀၂၄)

လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ထောက်ခံမှုရဖို့ အကြိတ်အနယ် ကြိုးစားနေရတဲ့ ပြည်နယ်တွေမှာ အာရပ်နွယ်ဖွား အမေရိကန်တွေရဲ့ ထောက်ခံမှုရဖို့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဖြစ်လာနိုင်ခြေရှိတဲ့ ဒုသမ္မတ Kamala Harris ကပြင်ဆင် နေပါတယ်။ လနဲ့ချီဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟာမတ်စ် စစ်ပွဲအပေါ် သမ္မတ Joe Biden ကိုင်တွယ်ပုံကို မကျေနပ်ကြတဲ့ အာရပ်နွယ်ဖွာ အမေရိကန် လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေကတော့ အခြေအနေကို စောင့်ကြည့်နေကြတာပါ။

ဒုသမ္မတ Harris အနေနဲ့ ဂါဇာဒေသ ငြိမ်းချမ်းရေးအတွက် ဘယ်လောက်အထိ ဖိအားပေး ပြောဆိုမလဲ ဆိုတာကိုလည်း စောင့်ကြည့်နေကြပါတယ်။ ဒီမိုကရက်တစ်ပါတီကို ထောက်ခံမှု ပေးလေ့ရှိပေမဲ့ အာရပ်၊ အမေရိကန်တွေရဲ့ ထောက်ခံမဲတွေ ရဖို့လည်း ပြိုင်ဖက်ပါတီကြီး ၂ ခုလုံးက ကြိုးပမ်းနေကြတာပါ။ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ရဲ့ စည်းရုံးရေးအဖွဲ့ကတော့ ထောက်ခံမှုရဖို့ ဒေသခံ လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံ ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့လည်း သမ္မတဟောင်း ထရမ့် အစိုးရလက်ထက်မှာ ရွှေ့ပြောင်းဝင်ရောက်မှုတွေကို ဆန့်ကျင်တဲ့ သဘောထားတွေ၊ တင်းကြပ်တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေ ကျင့်သုံးခဲ့တဲ့ နောက်ကြောင်းရာဇဝင် ရှိခဲ့တာကြောင့် အာရပ်၊ အမေရိကန်တွေရဲ့ ထောက်ခံမှုရရေး အခက်အခဲတွေလည်း ရှိနေပါတယ်။

အာရပ်နွယ်ဖွား အမေရိကန် ထောက်ခံမဲတွေရရေး ပါတီ ၂ ရပ် အပြိုင်ကြိုးပမ်း
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG