သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတနဲ့ အစ္စရေးဝန်ကြီးချုပ် ဂါဇာစစ်အလားအလာဆွေးနွေး


အမေရိကန်သမ္မတ Joe Biden (ယာ) နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့ အိမ်ဖြူတော်ကရုံးခန်းမှာ တွေ့ဆုံစဥ်။ (ဇူလိုင် ၂၅၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden (ယာ) နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့ အိမ်ဖြူတော်ကရုံးခန်းမှာ တွေ့ဆုံစဥ်။ (ဇူလိုင် ၂၅၊ ၂၀၂၄)

ဂါဇာစစ်ပွဲနဲ့ အပစ်ရပ်သဘောတူညီမှုရရှိရေးအလားအလာတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu သမ္မတအိမ်ဖြူတော်မှာ ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။​

ဒီမိုကရက် သမ္မတကိုယ်စားလှယ်လောင်းဖြစ်နိုင်ခြေရှိတဲ့ ဒုသမ္မတ Kamala Harris လည်း အိမ်ဖြူတော် အစည်းအဝေးမှာ ရှိနေခဲ့တာပါ။ ဂါဇာစစ်ပွဲအဆုံးသတ်ပြီး ဟာမတ်စ်တို့လက်ထဲက ဓာစားခံတွေပြန်ခေါ်လာနိုင်အောင် ဆောင်ရွက်ကြဖို့ အစ္စရေးလ်နဲ့အမေရိကန်အပေါ် ဖိအားပေးမှုတွေ တိုးလာနေချိန်မှာပဲ အိမ်ဖြူတော်ကို မစ္စတာ နေတန်ယာဟု ခုလိုလာရောက်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်တို့ ကျောထောက်နောက်ခံပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အပြန်အလှန်အားဖြင့် ဓားစားခံတွေပြန်လွတ်ရေးဆိုတဲ့ အပိုင်း ၃ ပိုင်းပါ အကြံပြုချက်တွေကို အစ္စရေးလ်နဲ့ ဟာမတ်စ်တို့ သဘောတူညီမှုရအောင်သမ္မတဘိုင်ဒန်က ရည်မှန်းထားတာဖြစ်ပါတယ်။ ၉ လကြာ ဂါဇာစစ်ပွဲမှာ ဂါဇာဘက်က လူပေါင်း ၃ သောင်း ၉ ထောင်ကျော်သေဆုံးပြီး အစ္စရေးလ်ဘက်ကတော့ ၁,၂၀၀ လောက်သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

ဟာမတ်စ်တို့လက်ထဲမှာဒါဇင်နဲ့ချီတဲ့ ဓားစာခံတွေရှိနေပါသေးတယ်လို့ အေပီသတင်းမှာရေးပါတယ်။ အစ္စရေးလ်နဲ့ဟာတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွေ နောက်ဆုံးအဆင့်ရောက်နေပြီ ဆိုပေမယ့် ဖြေရှင်းဖို့လိုနေသေးတဲ့ အကြောင်းအရာတွေရှိနေသေးတယ်လို့ အိမ်ဖြူတော် တာဝန်ရှိ သူတွေက ပြောပါတယ်။

 ကန်သမ္မတနဲ့ အစ္စရေးဝန်ကြီးချုပ် ဂါဇာစစ်အလားအလာဆွေးနွေး
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG