သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ စစ်ပွဲ အရေး Harris နဲ့ Trump တို့ရဲ့ ကွဲပြားတဲ့ သဘောထား


နိုဝင်ဘာလရွေးကောက်ပွဲမှာ အနိုင်ရသူ ဘယ်သူပဲ ဖြစ်လာလာ အမေရိကန်-အစ္စရေး ဆက်ဆံရေးမှာ အပြောင်းအလဲတွေ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေ
နိုဝင်ဘာလရွေးကောက်ပွဲမှာ အနိုင်ရသူ ဘယ်သူပဲ ဖြစ်လာလာ အမေရိကန်-အစ္စရေး ဆက်ဆံရေးမှာ အပြောင်းအလဲတွေ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေ

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဖက်တွေ ဖြစ်လာဖွယ်ရှိနေတဲ့ ဒုသမ္မတ ကယ်မလာဟဲရစ် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ဟာ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြပြီး ဂါဇာ စစ်ပွဲနဲ့ ပတ်သက်တဲ့ မတူကွဲပြားတဲ့ အမြင်တွေကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

ဒုသမ္မတ ဟဲရစ်က နေတန်ယာဟုနဲ့ တွေ့ဆုံချိန်မှာ “ဒီလို အဖြစ်ဆိုးတွေ ကြုံနေရတာကို လျစ်လျူရှုကာ ဘာမှ မဖြစ်သလို ကြည့်မနေနိုင်လို့ နှုတ်ဆိတ်နေမှာ မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။ ကြာသပတေးနေ့ကတွေ့ဆုံမှု အပြီးမှာလည်း အစ္စရေးရဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို ထပ်လောင်း ထောက်ခံအတည်ပြုပေမယ့် ဂါဇာ စစ်ပွဲရပ်ဖို့ကို ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့ပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်က နေတန်ယာဟို ဖလော်ရီဒါက အပန်းဖြေစံအိမ်မှာ သောကြာနေ့က လက်ခံ တွေ့ဆုံချိန်မှာလည်း ဂါဇာ အရေးကို အဓိက ဆွေးနွေးခဲ့ပါတယ်။ “သူသာ အနိုင်ရခဲ့ရင် အားလုံး မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်မှာ ဖြစ်ပြီး အနိုင်မရခဲ့ရင်တော့ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲကြီးတွေ ကြုံရမှာ ဖြစ်ပြီး တတိယကမ္ဘာစစ်တောင် ဖြစ်နိုင်တယ်" လို့ ထရမ့်က ပြောပါတယ်။ ဒီပြောဆိုချက်အတွက် အထောက်အထား တစုံတရာတော့ သူက ချမပြပါဘူး။

ဂါဇာအရေး လွှမ်းမိုးလာတဲ့ ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲ
please wait

No media source currently available

0:00 0:05:56 0:00

ဒါပေမယ့် သမ္မတရာထူး ယူခဲ့တုန်းက အာရပ်အိမ်နီးချင်းနိုင်ငံအချို့နဲ့ အစ္စရေးရဲ့ သံတမန်ဆက်ဆံရေးကို ပုံမှန်ဖြစ်လာစေတဲ့ သဘောတူညီချက်တွေ ကြားက စေ့စပ် ပေးခဲ့တာနဲ့ ဂိုလန်ကုန်းမြင့်ကို အစ္စရေးက သိမ်းပိုက်တာအပေါ် အသိအမှတ်ပြုပေးခဲ့တာ အပါအဝင် အစ္စရေးအပေါ် ထောက်ခံတဲ့ မူဝါဒတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူ ဘယ်သူပဲ ဖြစ်လာလာ အမေရိကန်-အစ္စရေး ဆက်ဆံရေးမှာ အပြောင်းအလဲတွေ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်မှုတွေ ရှိနေချိန်မှာ ဒီသတင်းပတ်ထဲ အမေရိကန် ခရီးစဥ် ရောက်နေတဲ့ နေတန်ယာဟုက ဟဲရစ်နဲ့ ထရမ့်တို့ နှစ်ဦးနဲ့ သီးခြားစီ ဆက်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။

လေ့လာတဲ့ စစ်တမ်းတွေထဲမှာတော့ ဂါဇာက အစ္စရေးရဲ့ စစ်ရေးဆောင်ရွက်ချက်တွေကို အမေရိကန်တွေက အထူးသဖြင့် ဒီမိုကရက်တွေက ထောက်ခံမှုထက် ဆန့်ကျင်မှု ပြသကြတယ်လို့ ဖော်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG