သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဝန်ကြီးချုပ် Netanyahu ကို Donald Trump တွေ့ဆုံ


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နဲ့ ရစ်ပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်တို့ ဖလော်ရီဒါက အပန်းဖြေစံအိမ်ကြီးမှာ တွေ့ဆုံစဉ်။ (ဇူလိုင် ၂၆)
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နဲ့ ရစ်ပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်တို့ ဖလော်ရီဒါက အပန်းဖြေစံအိမ်ကြီးမှာ တွေ့ဆုံစဉ်။ (ဇူလိုင် ၂၆)

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) နဲ့ အမေရိကန် သမ္မတဟောင်း၊ လက်ရှိ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်တို့ဟာ ၄ နှစ် အတွင်းမှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှု အဖြစ် ထရမ့်ရဲ့ ဖလော်ရီဒါက အပန်းဖြေစံအိမ်ကြီးမှာ သောကြာနေ့ (ဇူလိုင် ၂၆ ရက်) က တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံမှု အပြီး ကြေညာချက်ထဲမှာ အမေရိကန်မဲဆန္ဒရှင်တွေကသာ သူ့ကိုနို၀င်ဘာလမှာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ရင် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထရမ့်က ကတိပြုထားကြောင်း သူ့ရဲ့ လက်ထောက်တွေက သတင်းထုတ်ပြန်ပါတယ်။

အမေရိကန် အကူအညီ ထောက်ခံမှုနဲ့အတူ ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်တွေကို ချေမှုန်းဖို့ ထရမ့်က ထပ်ခါတလဲလဲ တိုက်တွန်းဖူးပေမယ့် ဘယ်လို ပုံစံနဲ့ ဆိုတာ ကိုတော့ တခါမှ အတိအကျ ထုတ်မပြောဖူးပါဘူး။ အခု နေတန်ယာဟုနဲ့ တွေ့ဆုံချိန်မှာတော့ သမ္မတ ရွေးကောင်ပွဲမှာ ပြိုင်ဘက် ဖြစ်လာဖို့ ရှိတဲ့ လက်ရှိ ဒုသမ္မတ ဟဲရစ်ရဲ့ လတ်တလော ပြောဆိုချက် ဖြစ်တဲ့ ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်းအရပ်သားတွေ သေဆုံးရတာအပေါ် စိုးရိမ်ကြောင်း မှတ်ချက်ကို ထရမ့်က ဝေဖန်ခဲ့ပါတယ်။ “သူ့ရဲ့ မှတ်ချက်တွေက လေးစားမှု မရှိဘူး” လို့ ဆိုပါတယ်။

Trump Netanyahu
Trump Netanyahu

နေတန်ယာဟုကတော့ သူ့ရဲ့ အခု အမေရိကန် ခရီးစဉ်ကနေ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ပိုမို မြန်ဆန်စွာ ရရှိစေဖို့ မျှော်လင့်ကြောင်း ဆိုပါတယ်။ “ကျွန်တော် အဲဒီလို မျှော်လင့်ထားပြီး အချိန်က စကားပြောလိမ့်မယ် ထင်ပါတယ်” လို့ နေတန်ယာဟုက သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။ အစ္စရေးရဲ့ စစ်ရေးဖိအားကြောင့် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းချက်တွေေ တိုးတက်လာဖို့ မျှော်လင့်ထားပြီး ရောမမြို့တော်မှာ စီစဥ်ထားတဲ့ စေ့စပ်ညှိနှိုငန်းရေး ဆွေးနွေးပွဲကို သူ့ရဲ့ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်မယ်လို့ နေတန်ယာဟုက ပြောပါတယ်။

အဓိက နိုင်ငံရေး မဟာမိတ်တွေ ဖြစ်ခဲ့ကြတဲ့ နေတန်ယာဟုနဲ့ ထရမ့်တို့ရဲ့ ဆက်ဆံရေးဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရခဲ့တာ အပေါ် နေတန်ယာဟုက ဂုဏ်ပြုစကား ဆိုခဲ့အပြီးမှာ နှစ်အတန်ကြာ ပျက်ပြားခဲ့အပြီးမှာ အခု ပြန်လည်တွေ့ဆုံကြတာပါ။ ထရမ့်ဟာ မနှစ် အောက်တိုဘာ ၇ ရက် တုန်းက အစ္စရေးတောင်ပိုင်းကို ဟားမတ်စ် အဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှာလည်း အစ္စရေးရဲ့ လုံခြုံရေး အားနည်းချက်တွေ အတွက် နေတန်ယာဟုကို ပြစ်တင် ဝေဖန်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုတွေ့ဆုံပွဲမှာတော့ သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးက အမြဲနွေးထွေးမှုရှိကြောင်း ထရမ့်က ပြောပြီး နေတန်ယာဟုနဲ့ တင်းမာမှုတွေ ရှိခဲ့တယ်လို့ ပြောဆိုချက်တွေကို ပယ်ချခဲ့ပါတယ်။ "ကျွန်တော်တို့မှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်" လို့ ထရမ့်က ပြောပြီး သူ့ သမ္မတသက်တမ်းအတွင်း အစ္စရေးနဲ့ ပတ်သက်တဲ့ မူဝါဒအပြောင်းအလဲတွေကို သူက ထောက်ပြပါတယ်။ အမေရိကန်သံရုံးကို တဲလ်အဗစ်ကနေ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ဂျေရုဆလင်ကို ပြောင်းရွှေ့ခဲ့တာနဲ့ အီရန် နိုင်ငံတကာနျူကလီးယားသဘောတူညီချက်ကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်ခဲ့တာတွေကို ထရမ့်က ညွှန်းဆိုခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Netanyahu ကို Donald Trump တွေ့ဆုံ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG