သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ် သမ္မတလောင်း Harris ကိုထောက်ခံကြောင်း Taylor Swift ကြေညာ


ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris (ဝဲ) နဲ့ အမေရိကန်ရဲ့ ထိပ်တန်း နာမည်ကြီး Pop အဆိုတော် Taylor Swift
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris (ဝဲ) နဲ့ အမေရိကန်ရဲ့ ထိပ်တန်း နာမည်ကြီး Pop အဆိုတော် Taylor Swift

အမေရိကန်ရဲ့ ထိပ်တန်း နာမည်ကြီး Pop အဆိုတော် Taylor Swift ဟာ အင်္ဂါနေ့ညက လုပ်ခဲ့တဲ့ အမေရိကန်သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲအပြီးမှာပဲ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris ကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

Harris ဟာ တည်ငြိမ်ပြီး လက်စွမ်းပြနိုင်တဲ့ ထူးချွန်တဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေ ပိုင်ဆိုင်ထားသူ တယောက်လို့ ယူဆကြောင်း၊ တည်ငြိမ်ပြီး ပရမ်းပတာမဖြစ်တဲ့ ခေါင်းဆောင်တယောက်က ဦးဆောင်မယ်ဆိုရင် တိုင်းပြည်ဟာ ဒီထက်ပိုပြီး အောင်မြင်နိုင်မယ်လို့ ယုံကြည်ကြောင်း သူ့ရဲ့ Instagramလူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သူ့ရဲ့ Instagram စာမျက်နှာမှာ မဲပေးဖို့စာရင်းသွင်းနိုင်တဲ့ Website ရဲ့ Link ကိုပါ မျှဝေထားတာပါ။

Taylor Swift ဟာ လူငယ်အမျိုးသမီးထုကြားမှာ ရေပန်းအစားဆုံးသူတယောက်ဖြစ်ပြီး၊ သူနောက်ဆုံးလုပ်ခဲ့တဲ့ တေးဂီတဖျော်ဖြေပွဲမှာ လက်မှတ်ရောင်းရငွေ ဒေါ်လာသန်း ၁ ထောင်ကျော် ရခဲ့တာပါ။ သူဟာ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် လူငယ်ထုကို အများဆုံးစည်းရုံးနိုင်ဖို့ အဓိက အရေးပါတဲ့ သူလည်း ဖြစ်ပါတယ်။

သူရေးလိုက်တဲ့ Instagram ပို့စ်ဟာလည်း နာရီဝက်အတွင်းမှာ Like လုပ်ပြီး ထောက်ခံတဲ့သူ ၂.၃ သန်းကျော်သွားခဲ့ပါတယ်။


ဒုသမ္မတ Harris ရဲ့ အကြီးတန်း မဲဆွယ်စည်းရုံးရေး အရာရှိတဦးကတော့ Taylor Swift ရဲ့ မှတ်ချက်ဟာ ရွေးကောက်ပွဲစည်းရုံးရေးအဖွဲ့နဲ့ ညှိနှိုင်းပြီး လုပ်တာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း Tim Walz ကတော့ အမေရိကန်ရုပ်သံ MSNBC နဲ့ မေးမြန်းခန်းအတွင်း ရုတ်တရက် သိလိုက်ရတဲ့ Taylor Swift ရဲ့ ကြေညာချက်အပေါ် သတ္တိရှိတဲ့ လုပ်ရပ်အဖြစ် မှတ်ချက်ပေးခဲ့ပါတယ်။

ဒီမိုကရက်တစ် သမ္မတလောင်း Harris ကိုထောက်ခံကြောင်း Taylor Swift ကြေညာ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG