သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတလောင်းတွေ မဲဆွယ်စည်းရုံးရေး အရှိန်မြှင့်


သမ္မတမဲဆွယ်ပွဲတွေမှာတွေ့ရတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဒုသမ္မတ Kamala Harris (ဝဲ) နဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း သမ္မတဟောင်း Donald Trump (ယာ)
သမ္မတမဲဆွယ်ပွဲတွေမှာတွေ့ရတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဒုသမ္မတ Kamala Harris (ဝဲ) နဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း သမ္မတဟောင်း Donald Trump (ယာ)

အမေရိကန်မှာ လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ သမ္မတလောင်းတွေ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေလည်း အရှိန်မြှင့်လာကြပါတယ်။ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဒုသမ္မတ Kamala Harris နဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း သမ္မတဟောင်း Donald Trump တို့ ၂ ဦးစလုံးဟာလည်း ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးမယ်လို့ ခန့်မှန်းနေကြပြီး ထောက်ခံမှုအပြတ်အသတ်မရသေးတဲ့ ပြည်နယ် ၇ ခုမှာ အဓိက အာရုံစိုက်နေကြတာပါ။

မနေ့တုန်းက စည်းရုံးရေးခရီးစဉ်အဖြစ် ဒုသမ္မတ Harris က Georgia ပြည်နယ် Stonecrest မြို့က New Birth Missionary နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ အသက် ၆၀ ပြည့် ပွဲကျင်းပခဲ့တာပါ။ ပြိုင်ဘက်ဖြစ်တဲ့ သမ္မတဟောင်း Trump ကတော့ Pennsylvania ပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း McDonald’s စားသောက်ဆိုင် မီးဖိုမှာ အာလူးကြော်ကို ကိုယ်တိုင်ကြော်၊ ဝယ်သူတွေကို ကိုယ်တိုင်ပေးတာတွေ လုပ်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ် ရွေးကောက်ပွဲသုတေသနဌာနရဲ့ အချက်အလက်တွေအရ လူ ၁၄ သန်းကျော် ကြိုတင်မဲပေးခဲ့ကြပြီး၊ လာမယ့်ရက်တွေမှာ ပြည်နယ် ၅၀ ရှိတဲ့အထဲက အားလုံးနီးပါးမှာ ကြိုတင်မဲရုံတွေ ဖွင့်လှစ်ထားပြီး မဲပေးကြမှာဖြစ်သလို၊ စာတိုက်ကနေလည်း ကြိုတင်မဲပေးကြမှာ ဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ တွက်ချက်မှုတွေအရ ဒုသမ္မတ Harris က အနည်းငယ် အသာရနေပေမဲ့ ဆယ်စုနှစ်တွေအတွင်း တဖက်နဲ့တဖက် ထောက်ခံမှု မတိမ်းမယိမ်း အဖြစ်ဆုံး ယှဉ်ပြိုင်မှုတခုအဖြစ်နဲ့လည်း တွေ့ရပါတယ်။

အမေရိကန်သမ္မတလောင်းတွေ မဲဆွယ်စည်းရုံးရေး အရှိန်မြှင့်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG