သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့် စည်းရုံးရေးပွဲအနီး ဖမ်းဆီးမိသူ လက်နက်မှုနဲ့အရေးယူ


သမ္မတ Donald Trump မဲဆွယ်ပွဲအနီး သေနတ်တွေ၊ ကျည်ဆံတွေနဲ့အတူ ဖမ်းမိသူနဲ့ ပတ်သက်လို့ Riverside ကောင်တီ ရဲအုပ်ချုပ်ရေးမှူး Chad Bianco က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေစဉ် (အောက်တိုဘာ ၁၃၊ ၂၀၂၄)
သမ္မတ Donald Trump မဲဆွယ်ပွဲအနီး သေနတ်တွေ၊ ကျည်ဆံတွေနဲ့အတူ ဖမ်းမိသူနဲ့ ပတ်သက်လို့ Riverside ကောင်တီ ရဲအုပ်ချုပ်ရေးမှူး Chad Bianco က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေစဉ် (အောက်တိုဘာ ၁၃၊ ၂၀၂၄)

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်လောင်းဖြစ်တဲ့ သမ္မတဟောင်း Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးပွဲအနီး သေနတ်တွေ၊ ကျည်ဆံတွေနဲ့အတူ ဖမ်းဆီးမိတဲ့သူကို လက်နက်မှုနဲ့ အရေးယူလိုက်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က မဲဆွယ်ပွဲ လုံခြုံရေးဂိတ်မှာ စနေနေ့က စစ်ဆေးစဉ် သေနတ် ၂ လက်နဲ့အတူ ကျည်ကပ်တွေ သယ်ဆောင်လာတာကို တွေ့ရှိခဲ့တာပါ။

အနက်ရောင် SUV နဲ့လာတဲ့ အသက် ၄၉ နှစ်အရွယ် Las Vegas မှာ နေထိုင်သူ အမျိုးသားကို ဒေသခံရဲတွေက ပြဿနာတစုံတရာ မကြုံရဘဲ ထိန်းသိမ်းခဲ့ကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် သမ္မတဟောင်း ထရမ့် အတွက်ရော အခမ်းအနား တက်ရောက်သူတွေအတွက်ပါ လုံခြုံရေး ထိခိုက်မှု မရှိဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာတုန်းကတော့ Pennsylvania ပြည်နယ်၊ Butler မြို့က သမ္မတဟောင်း ထရမ့် စည်းရုံးရေးခရီးစဉ်မှာ သေနတ်သမားတယောက်က ပစ်ခတ်ခဲ့လို့ နားရွက်ကိုရှပ်မှန်ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

စက်တင်ဘာလထဲမှာလည်း သမ္မတဟောင်းထရမ့်ရဲ့ Palm Beach ဂေါက်ကွင်း အနီးအနားမှာ ရိုင်ဖယ်သေနတ်တလက်နဲ့ ပုန်းနေတဲ့သူ တယောက်ကို အထူးလုံခြုံရေး Secret Service တွေက တွေ့ရှိခဲ့ပြီး၊ လုပ်ကြံဖို့ ကြိုးစားမှုနဲ့ အရေးယူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG