သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Trump ဂေါ့ဖ်ကစားရာအနီး ပစ်ခတ်မှုဖြစ်ပွား


သမ္မတဟောင်းထရမ့် ဂေါ့ဖ်ကစားနေစဥ် ဖလော်ရီဒါပြည်နယ်၊ West Palm Beach မှာရှိတဲ့ Trump International Golf Club မှာ သေနတ်ကိုင်ဆောင်သူတဦးကို လုံခြုံရေးက ပစ်ခတ်ခဲ့ပြီးတဲ့နောက် ဂေါ့ဖ်ကလပ် ရှေ့မှာ ပိတ်ရပ်ထားတဲ့ ရဲကားတစီး။ (စက်တင်ဘာ ၁၅၊ ၂၀၂၄)
သမ္မတဟောင်းထရမ့် ဂေါ့ဖ်ကစားနေစဥ် ဖလော်ရီဒါပြည်နယ်၊ West Palm Beach မှာရှိတဲ့ Trump International Golf Club မှာ သေနတ်ကိုင်ဆောင်သူတဦးကို လုံခြုံရေးက ပစ်ခတ်ခဲ့ပြီးတဲ့နောက် ဂေါ့ဖ်ကလပ် ရှေ့မှာ ပိတ်ရပ်ထားတဲ့ ရဲကားတစီး။ (စက်တင်ဘာ ၁၅၊ ၂၀၂၄)

ဖလော်ရီဒါပြည်နယ်က West Palm Beach ဂေါ့ဖ် ကစားကွင်းမှာ ရီပတ်ဘလီကန်သမ္မတကိုယ်စားလှယ်လောင်း Donald Trump ဂေါ့ဖ် ကစားနေစဉ် သေနတ်ကိုင်ဆောင်လာသူတဦးကို မြင်ရတဲ့အတွက် Secret Service အမေရိကန်အဆင့်မြင့်လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ခဲ့ပါတယ်။

အမေရိကန် စံချိန် တနင်္ဂနွေနေ့က ဖြစ်တဲ့ အဲဒီအဖြစ်အပျက်မှာ သမ္မတဟောင်း Trump က ဘေးကင်းလုံလုံခြုံခြုံရှိခဲ့တယ်လို့ လုံခြံရေးတာဝန်ရှိသူတွေပြောပါတယ်။ သေနတ်ကိုင်ဆောင်ထားသူဟာ SUV ကားတစင်းထဲကို ပြေးဝင်သွားပြီးနောက်သူ့ကို အနီးအနား မြို့နယ်ထဲမှာပဲ သက်ဆိုင်ရာ ဒေသလုံခြုံရေးတာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ သံသယဖြစ်ဖွယ်သေနတ်သမားကိုတွေ့တာကြောင့် အဆင်မြင့်လုံခြုံရေးအရာရှိတွေက ပစ်ခတ်ခဲ့ပေမယ့် တဘက် သေနတ်သမားဘက်ကပြန်လည်ပစ်ခတ်နိုင်ခဲ့သလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ ဂေါ့ဖ်ကွင်းအနီးဖြစ်စဉ် အနီးအနားမှာတော့AK အမျိုးအစား သေနတ်တလက်ကို တွေ့ရှိခဲ့တယ်လို့ လုံခြုံရေးအာဏာပိုင်တွေက သတင်းစာရှင်းလင်းခဲ့ပါတယ်။

FBI ပြည်ထောင်စုစုံစမ်းရေးဗျူရိုကတော့ ဒီအဖြစ်အပျက်ဟာ သမ္မတဟောင်း TRUMP ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုဟုတ်မဟုတ်ဆိုတာ ကို စုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။ အခင်းဖြစ်တဲ့ ဂေါ့ကစားကွင်းဟာ Trump နေထိုင်တဲ့ Mar-a-Lago စံအိမ်နဲ့ မိုင်အနည်းငယ်သာ ကွာဝေးပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG