သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်အတွက် ကျန်းမာရေးအကြံပေးချက်


နှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း ပျော်ရွှင်စွာ ရေကစားသူတွေအတွက် ကျန်းမာရေးဆိုင်ရာ သတိပြုစရာတွေထဲမှာ ပြင်းထန်တဲ့ မတော်တဆထိခိုက်မှု့၊ ဝမ်းရောဂါဖြစ်မှု့၊ အပူရှပ်မှု့၊ နား၊မျက်စိ ထိခိုက်မှု့နဲ့ တခြားပြဿနာတွေပါပါတယ်။
ပြင်းထန်တဲ့ မတော်တဆ ထိခိုက်မှု့တွေကတော့ အပျော်လွန်ကဲတာနဲ့ အရက်မူးလွန်တာတွေနဲ့ ပတ်သက်နေပြီး၊ ကားတိုက်မှု့ဖြစ်တာ၊ ရေပက်ခံထွက်တဲ့ ကားပေါ်ကပြုတ်ကျတာ၊ မြစ်ချောင်းရေကန်ထဲကျတာ၊ ကျီစားလွန်ကဲပြီး ခိုက်ရန်ဖြစ်တာ၊ ရေကူးရင်း ရေနစ်ရတာတွေအပြင်၊ အရက်တုတွေကို မသိဘဲ သောက်မိပြီး အဆိပ်သင့်တာတွေကြောင့် အသက်ကိုတောင် ထိခိုက်နိုင်ပါတယ်။

ဒါတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ရေကစားသူတွေဖက်ကရော၊ အာဏာပိုင်တွေဖက်ကပါ ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ နဲ့ ကျန်းမာရေး ဝန်ထမ်းတွေဖက်ကလဲ အရေးပေါ် အသက်ကယ်ကားတွေနဲ့ အရေးပေါ် ကုသမှု့တွေ ပံ့ပိုးပေးနိုင်ဖို့ ပြင်ဆင်ထားဖို့လိုပါတယ်။

နောက်ပြဿနာတခုက လမ်းဘေးမှာရောင်းတဲ့ မသန့်တဲ့ အစားအစာတွေစားမိပြီး ဝမ်းလျှောဝမ်းပျက် မဖြစ်ရအောင်လည်း လမ်းဘေးမှာ တွေ့ရာဝယ်မစားဘဲ အိမ်ကယူလာတာ (သို့) နားချိန်မှာ ပုံမှန်ဆိုင်ကြီးတွေက မှာယူစားသင့်ပါတယ်။ ယူလာတဲ့ သောက်ရည်တွေထဲလည်း ရေပက်တဲ့ရေတွေ မဝင်အောင် သတိထားသောက်သင့်ပါတယ်။

ဒါ့အပြင် အပူရှပ်တာ မဖြစ်ရအောင်လည်း နေအပူဆုံးအချိန်မှာ အနားယူူပြီး၊ အဝတ်အစား ကြပ်ကြပ်တွေ မဝတ်တဲ့အပြင်၊ အရက်အလွန်အကျွံ မသောက်ဘဲ ရေကိုပိုသောက်တာနဲ့ အသီးအနှံတွေ ပိုမိုစားသောက်တာတွေ လုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးသူ၊ ဆီးချို၊ နှလုံး၊ သွေးတိုးနဲ့ သွေးကြောကျဉ်းရောဂါရှိတဲ့ သူတွေဆို ပိုသတိထားဖို့ လိုပါတယ်။

ဒါ့အပြင် မျက်စိ၊ နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေကတဆင့် ရေပြင်းပြင်းထန်ထန်ဝင်ပြီး ပိုးဝင်တာ မဖြစ်ရအောင် ရေပက်တဲ့သူတွေဖက်က ဖိအားပြင်းတဲ့ ရေပိုက်တွေနဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ပါးစပ်တွေထဲ ထိုးမထဲ့ဖို့နဲ့ ရေသန့်ဗူးနဲ့ ပစ်ပေါက်တာတွေလည်း မလုပ်ဖို့လိုပါတယ်။ ရေပက်ခံသူတွေဖက်ကလည်း နေကာမျက်မှန်၊ နားဖုံးပါတဲ့ ဦးထုပ်၊ နားပိတ်တဲ့ နားကြပ် နဲ့ မျက်နှာသုတ်ပုဝါတွေနဲ့ အကာအကွယ်ယူဖို့ လိုပါတယ်။

ပြီးတော့ တခြားဘယ်လို ပြဿနာတွေရှိနေပြီး ဘယ်လို ကာကွယ်မှု့တွေ လုပ်ဆောင်ပေးနိုင်ပါသလဲ။

ဒီအကြောင်းတွေကို မြန်မာနိုင်ငံမှာ နှစ် ၃၀ ကျော်ကြာ သင်္ကြန်မှာကြုံရတဲ့ ပြဿနာတွေကို ကုသပေးခဲ့တဲ့ မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့ (GP Society) က ကိုယ်ကျင့်တရားဆိုင်ရာ ကော်မတီအတွင်းရေးမှုး ဒေါက်တာမြင့်ဦး ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG