သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်အတွက် ကျန်းမာရေးအကြံပေး


သင်္ကြန်အတွက် ကျန်းမာရေးအကြံပေး
သင်္ကြန်အတွက် ကျန်းမာရေးအကြံပေး

နှစ်သစ်ကူး အတာသင်္ကြန်မှာ ပျော်ရွှင်စွာရေကစားရာမှာ ကျန်းမာရေးမထိခိုက်ရအောင် သတိပြုစရာတွေ အများကြီး ရှိပါတယ်။

တခုကတော့ အရက်နဲ့ပတ်သက်နေပြီး အသက်ကိုတောင် ထိခိုက်နိုင်ပါတယ်။ အရက်မူးလွန်ပြီး မတော်တဆ မှုတွေဖြစ်တာ၊ ခိုက်ရန်ဖြစ်ဓားထိုးခံရတာ၊ ရေနစ်ရတာတွေအပြင်၊ အရက်တုတွေကိုမသိပဲ သောက်မိပြီး အဆိပ်သင့်တာတွေကြောင့် အသက်ဆုံးရှုံးကြရတာပါ။

ကာကွယ်ဖို့ကတော့ အရက်မသောက်ရင် အကောင်းဆုံးပါ။ အပျော်သောက်ကြမယ်ဆိုလဲ အလွန်အကျွံ မသောက်ဖို့လိုပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်က ကျန်းမာရေးကဏ္ဍမှာ အရက်အလွန်အကျွံသောက်ခြင်းနဲ့ အသက်အန္တရာယ်အကြောင်းမှာ အလွန်အကျွံမဖြစ်အောင် ဘယ်လိုသောက်သင့်တာတွေကို ရှင်းပြထား ပါတယ်။

နောက် ပြဿနာတခုက အပူရှပ်တာပါ။ အဲဒီလိုမဖြစ်ရအောင် ၁ နာရီ -၂နာရီကြား ခြားပြီး လည်သင့်ပါတယ်။ အထူးသဖြင့် ဆီးချို၊နှလုံးနဲ့ ရင်ကြပ်ရှိတဲ့သူတွေဆို ပိုသတိထားဖို့လိုပါတယ်။

ဒီအပြင် မျက်စိ၊ နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေကတဆင့် ရေပြင်းပြင်းထန်ထန်ဝင်ပြီး ပိုးဝင်တာ မဖြစ်ရအောင် ရေပက်တဲ့ သူတွေဖက်က ဖိအားပြင်းတဲ့ပိုက်တွေနဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ပါးစပ်တွေထဲ ထိုးမထဲ့ဖို့ လိုပါတယ်။ ရေပက်ခံသူတွေဖက်ကလဲ နေကာမျက်မှန်၊ နားဖုံးပါတဲ့ ဦးထုပ်၊ နားပိတ်တဲ့ နားကြပ် နဲ့ မျက်နှာသုတ်ပုဝါ စတာတွေနဲ့ အကာအကွယ်ယူဖို့လိုပါတယ်။

ပြီးတော့ မသန့်တာတွေ စားမိပြီး ဝမ်းလျောတာမဖြစ်ရအောင်လဲ လမ်းဘေးမှာ တွေ့ရာဝယ်မစားပဲ ပုံမှန် ဆိုင်ကြီးတွေမှာ မှာပြီးစားသင့်ပါတယ်။

ဒီအကြောင်းတွေကို မြန်မာနိုင်ငံမှာ နှစ်၃၀ကျော်ကြာ သင်္ကြန်မှာကြုံရတဲ့ ဒီပြဿနာတွေကို ကုသပေးခဲ့တဲ့ ဒေါက်တာမြင့်ဦး ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။


XS
SM
MD
LG