အပူရှပ်တဲ့ ပြဿနာမှာ ပြင်းထန်မှု့အရ (၃) ဆင့် ရှိပါတယ်။ ပထမအဆင့်က ပြင်းထန်မှု့အနဲဆုံးနဲ့ အဖြစ်အများဆုံးဖြစ်တဲ့ Heat Stress ခေါ် အပူရှပ် ဖိစီးမှု့ဒဏ်ခံရတာပါ။ ကြွက်သားတွေ နာလာရင် အေးတဲ့နေရာမှာ နားလိုက်တာနဲ့ သက်သာနိုင်ပါတယ်။ ဒါပေမဲ့ ဒီအဆင့်မှာပဲ ဘယ်လို ရောဂါအခံရှိသူတွေကတော့ ပိုသတိထားဖို့လိုပါသလဲ။
ဒီပထမအဆင့်မှာ သက်သာအောင်မလုပ်ရင်တော့ ဒုတိယအဆင့် ပြင်းထန်တဲ့ Heat Exhaustion ခေါ် အပူရှပ်နူံးချိတာ ဖြစ်လာနိုင်ပါတယ်။ ချွေးထွက်များလာပြီး ရေဓာတ်၊ ဆားဓာတ် တော်တော်ဆုံးရှုံးတာ ဖြစ်သွားတတ်ပါတယ်။ ဘယ်လို လက္ခဏာတွေ ပြလာပါလဲ၊ ဘယ်လို သက်သာအောင် လုပ်ပေးနိုင်ပါလဲ။
ဒီ ဒုတိယ နူံးချိတဲ့အဆင့်မှာ သက်သာအောင် မလုပ်ရင်တော့ အသက်ဆုံးရှုံးနိုင်တဲ့ Heat Stroke ခေါ် အပူရှပ် သတိလစ်တာ ဖြစ်သွားနိုင်ပါတယ်။ ချွေးမထွက်နိုင်တော့ပဲ ခန္ဓာကိုယ် အပူချိန်ဟာ ၁၀၄ံ ဖာရင်ဟိုက်ကျော် တက်လာပါလိမ့်မယ်။ အခြားဘယ်လို လက္ခဏာတွေရော ပြလာပါလဲ။ ဒီလက္ခဏာတွေ ပြလာရင် အမြန်ဆေးရုံပို့ဖို့ အရေးကြီးလာပါပြီး နောက်ကျရင် သေစေနိုင်ပါတယ်။ တချိန်ထဲမှာ ဘာတွေလုပ်ပေးနိုင်ပါလဲ။
ဒီအကြောင်းတွေကို VOA သတင်းထောက် ဖိတ်သ် လပီးဒပ်စ် (Faith Lapidus) နဲ့ ဘော့ဘ် ဒေါက်တီ (Bob Daughty) တို့ သတင်းပို့ထားတာနဲ့ မြန်မာနိုင်ငံထဲမှာ အတွေ့အကြုံ ရှိထားတဲ့ မြန်မာနိုင်ငံဆရာဝန်များအသင်းက ဒေါက်တာမြင့်ဇော် နဲ့ ဒီအကြောင်း ပညာပေးဆောင်းပါးတွေရေးခဲ့တဲ့ ဒေါက်တာမြင့်ဦးတို့ကို မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။