သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နဲ့ ကမ္ဘာ့ အေ့စ် တိုက်ဖျက်ရေးနေ့


မြန်မာနိုင်ငံ နဲ့ ကမ္ဘာ့ အေ့စ် တိုက်ဖျက်ရေးနေ့

ဒီဇင်ဘာ ၇၊ ၂၀၁၁။ မြန်မာနိုင်ငံမှာ အေ့စ် တိုက်ဖျက်ရေး ဘယ်လို တိုးတက်မှု့တွေရှိလာပြီး၊ အဓိက ပြဿနာတွေကို ဘယ်လို ဖြေရှင်းနိုင်ပါသလဲ။

ပြီးခဲ့တဲ့အပတ် ဒီဇင်ဘာ (၁) ရက်နေ့ ကမ္ဘာ့ အေ့စ် (AIDS) တိုက်ဖျက်ရေးနေ့ ကျရောက်လာချိန်မှာ ကမ္ဘာ့နေရာအများအပြားမှာ ရောဂါဖြစ်နှုန်းနဲ့ သေနှုန်းကျဆင်းလာတဲ့ တိုးတက်မှု့တွေရှိလာသလို မြန်မာနိုင်ငံမှာလည်း တိုးတက်မှု့တချို့  ရှိလာခဲ့တယ်လို့ မြန်မာ့ကျန်းမာရေး ပညာရှင်တွေက ဆိုကြပါတယ်။

အဓိက တိုးတက်ခဲ့မှု့ကတော့ ART လို့ အတိုခေါက်ခေါ်တဲ့ Anti-Retroviral Treatment ပိုပေးလာနိုင်တာ ဖြစ်ပါတယ်။ ဒီ ကုသမှု့ ခံယူနိုင်သူ အရင်ထက်ပိုများလာပြီး၊ ကုသမှု့ကတဆင့် ကာကွယ်ရေးတွေ ပိုလုပ်လာနိုင်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ကူးစက်မှု့ခံရတာ အများဆုံးဖြစ်တဲ့သူတွေကြားထဲမှာ အများစုက ဖြစ်နှုန်းကျလာတယ်လို့ အမျိုးသား အေ့စ် တိုက်ဖျက်ရေး အစီအစဉ်က ဆိုပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ အေ့စ် တိုက်ဖျက်ရေးနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Getting to Zero ရောဂါဖြစ်နှုန်းသေနှုန်းနဲ့ နှိမ်ချမှု့တွေ လုံးဝကင်းစင် ပပျောက်ရေး ဖြစ်ဖို့ကတော့ အများပြောနေကြတဲ့ ငွေကြေးပြဿနာကို ဖြေရှင်းနိုင်တာအပြင်၊ မြန်မာနိုင်ငံမှာ နောက် အဓိက ပြဿနာဖြစ်နေသေးတဲ့ HIV ပိုးရှိသူတွေနဲ့ အေ့စ် ရောဂါရှိနေသူတွေကို နှိမ်ချခွဲခြား ဆက်ဆံတာတွေကိုလည်း ပြုပြင်ပေးနိုင်ဖို့လိုပါတယ်။

ဒီလို နှိမ်ချခွဲခြားမှု့ ပြဿနာတွေ ဘာကြောင့် အဓိက ဆက်ဖြစ်နေရပြီး၊ ဘယ်လို အကျိုးဆက်၊ ဆိုးကျိုးတွေ ဖြစ်စေတာမို့ ဒီပြဿနာကို ဘယ်လို ပြုပြင်ပေးသင့်ပါလဲ။ နောက် ငွေကြေးပြဿနာကို ဖြေရှင်းနိုင်ဖို့ရော ဘယ်သူတွေက ဘာတွေလုပ်ပေးသင့်ပါသလဲ။

ကိုဝင်းမင်းက မြန်မာနိုင်ငံထဲမှာ အေ့စ် တိုက်ဖျက်ရေး လက်တွေ့ ဦးဆာင်လုပ်နေတဲ့ ပျိုးပင်အဖွဲ့က Program Manager ဒေါက်တာမျိုးလွင်နဲ့ နိုင်ငံတကာမှာ အေ့စ် ကျွမ်းကျင်သူပညာရှင် မြန်မာဆရာဝန် ဒေါက်တာမြတ်ထူးရာဇတ် တို့ကို မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG