သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါသထိန်းခြင်း နဲ့ ကလေးဘဝ စိတ်ထိခိုက်မှု


တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ မိသားစု ရင်းနှီးတဲ့မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေကြား ဒေါသပေါက်ကွဲပြီး ရက်ရက်စက်စက် ကျူးလွန်မှုတွေ ဖြစ်ကြတဲ့ အကြောင်းတွေထဲမှာ ငယ်စဉ်ကလေးဘဝတုန်းက ကြမ်းကြမ်းတမ်းတမ်း တွေ့ကြုံခံစားခဲ့ရတဲ့ စိတ်ထိခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ စိတ်ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။

ဒေါသပေါက်ကွဲမှု အဖြစ်လွယ်တဲ့အကြောင်းတချက်က ငယ်စဉ်ကလေးဘဝချိန်မှာ ကြုံတွေ့ရတဲ့ ကြမ်းတမ်းရက်စက်မှုတွေထဲမှာ မိဘတွေ ပြဿနာဖြစ်၊ ရန်ဖြစ်ကြရင် ကိုယ်ထိလက်ရောက် ဖြေရှင်းခြင်း၊ မိဘနှစ်ပါး ကွဲကြတဲ့အခါ မိဘကို ဆုံးရှုံးပြီး၊ မတရားပြုကျင့်ခံခဲ့ရတာတွေ ဖြစ်ကြပါတယ်။ ဒီလိုဖြစ်တာတွေကို ကာကွယ်နိုင်ဖို့ ကျောင်းဆရာ၊ ဆရာမတွေက ပြဿနာဇစ်မြစ်ကို သိနားလည်ထားပြီး စာနာမှုနဲ့ ပဲ့ပြင်ပေးတာ၊ ပုံမှန် ကျောင်းဘာသာရပ်တွေအပြင် လောကနီတိလို ကိုယ်ကျင့်တရားတွေ ထည့်သင်ပေးတာနဲ့ ကျောင်းတွေမှာ စိတ်ကျန်းမာရေးဆိုင်ရာ သိနားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေကို အလေးပေးဆောင်ပေးသင့်ပါတယ်။

စိတ်ဖိစီးမှု၊ စိတ်ရောဂါနဲ့ ငယ်စဉ်ဘဝ ကြမ်းတမ်းရက်စက်မှုတွေ ကြုံခဲ့ရတာအပါအဝင် အကြောင်းမျိုးမျိုးကြောင့် ဒေါသထွက်ခဲ့ရင် ထိန်းမနိုင်ပေါက်ကွဲပြီး အဆိုးဆုံး မလုပ်မိအောင် တစ်ဦးချင်းတာဝန်ယူ ထိန်းကြောင်းနိုင်တဲ့ နည်းတွေရှိပါတယ်။ အဲ့ဒါတွေကတော့ ဒေါသထွက်လာတာကို သိလိုက်ပြီး၊ ဆက်စကားမများဘဲ တခြားတစ်နေရာရာကို ရှောင်ထွက်သွားကာ၊ ဒေါသပြေသွားမှာ ပြဿနာကို စိတ်အေးအေး ပြန်ဖြေရှင်းတာ၊ မိမိ မကျေနပ်တာ သဘောမတူတာတွေကို မြိုသိပ်မထားဘဲ ဖွင့်အန်ပြောဆိုတာနဲ့ မိမိကို တဘက်က စော်ကားတယ်လို့ စိတ်ထဲမှာ ချက်ချင်းခံစားလိုက်ရပြီး လက်စားချေလိုစိတ် ဖြစ်လာခဲ့ရင် တကယ်စော်ကားတာမဟုတ်ဘဲ နားလည်မှုလွဲတာလဲ ဖြစ်နိုင်တာမျိုး ပိုသင့်တော်တဲ့ ပြန်ပြောင်းစဉ်းစားချိန်ပေးတာတွေ ဖြစ်ပါတယ်။

ဒီစိတ်ကျန်းမာရေးအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က Australia နိုင်ငံ အခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီး ဒေါက်တာ Raymond တင့်ဝေ မြန်မာနိုင်ငံမှာ စိတ်ပညာညီလာခံ လာတက်နေတုန်း တွေ့ဆုံမေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG