သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးအိမ်ကင်ဆာ


မြန်မာနိုင်ငံမှာ ဆီးအိမ်ကင်ဆာ အဖြစ်များလာရာမှာ အသက်ကြီးလာသူတွေမှာ ပုံမှန် ပိုဖြစ်တာအပြင် အသက် ၃၀-၄၀ လူငယ်၊ လူလတ်ပိုင်းတွေမှာပါ ဖြစ်လာတာတွေ့နေရပြီး၊ စောစောသိ၊ စောစောကုသဖို့ အထူးအရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုပါတယ်။

ဆီးအိမ်ကင်ဆာဖြစ်ဖို့ အန္တရာယ် ပိုများသူတွေကတော့ အဓိကအားဖြင့် ဆေးလိပ်သောက်သူတွေ၊ နောက် အလုပ်အကိုင်အရ ဓာတုဆေးဝါးပစ္စည်းတွေနဲ့ ထိတွေ့ရသူတွေနဲ့ အခြားကင်ဆာရှိပြီး ဓာတ်ရောင်ခြည်ကင်ထားရသူတွေ ဖြစ်ပါတယ်။

ကာကွယ်နိုင်ဖို့အတွက် ဆေးလိပ်သောက်နေသူတွေ ဆေးလိပ်ဖြတ်တာ၊ အလုပ်အကိုင်အတွင်း ဓာတုဆေးဝါးပစ္စည်းတွေ ထိနိုင်တာကို ဂရုပြုလုပ်ဆောင်တာတွေ လုပ်ဖို့လိုပါတတ်။ စောစောသိနိုင်ဖို့ သတိပြုရမဲ့ လက္ခဏာတွေကတော့ ဆီးထဲသွေးပါတာ (တခါတရံမှာ မျက်စိနဲ့မမြင်နိုင်ဘဲ ဆီးစစ်မှတွေ့ရတာ)၊ မကြာခဏ ဆီးသွားတာ၊ ဆီးကျင်တာ၊ ဆီးခုံအောင့်တာ၊ ခါးနာတာ၊ အစားအသောက်ပျက်တာ၊ ကိုယ်အလေးချိန်ကျလာတာ၊ ချောင်းဆိုးသွေးပါတာတွေ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေ ဖြစ်လာရင် အမြန် ဆရာဝန်ပြ၊ ဆေးစစ်ဖို့ အထူးအရေးကြီးပါတယ်။

ကုသမှုအပိုင်းမှာတော့ စောစောသိရင် ခွဲစိပ်ပြီး ရလဒ်ကောင်းအောင် ကုသပေးနိုင်ပါတယ်။ နောက်ကျမှ သိရင်တော့ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပါလဲ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆီးနဲ့ကျောက်ကပ် ခွဲစိပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်မြင့် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG