မြန်မာနိုင်ငံမှာ မျက်စိကွယ်ခြင်း အဖြစ်များနေပြီး အဓိက ကျေးလက်ဒေသတွေမှာ အဖြစ်များကာ မျက်စိအတွင်းတိမ်စွဲတာကိုလည်း ခွဲစိတ်ကုသရမှာ ကြောက်တာကြောင့် မျက်စိကွယ်ဆုံးရှုံးရတွေ များလာတယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။
မျက်စိအတွင်းတိမ်ရောဂါကို အဓိက ဖြစ်စေတဲ့ အကြောင်းရင်းကတော့ အသက်အရွယ် ကြီးရင့်လာမှုကြောင့် ဖြစ်ပါတယ်။ နေရောင်ခြည် ခံရမှုများတာနဲ့ Steorid ဆေးသုံးစွဲမှုများတာတွေအပြင် တခြား ဘာတွေကြောင့် ဖြစ်နိုင်ပါသေးသလဲ။ မျက်စိကွယ်တာနဲ့ မျက်စိအတွင်းတိမ် ဖြစ်ခြင်းကို ကာကွယ်ဖို့အတွက် နှစ်စဉ်ပုံမှန် (မျက်စိ) အမြင်စစ်ဆေးတာနဲ့ နေပူထဲမှာ အမြဲသွားလာလှုပ်ရှားသူတွေမှာ ခရမ်းလွန်ရောင်ခြည် ကာကွယ်ပေးတဲ့ နေကာမျက်မှန် တပ်တာတွေအပြင် တခြား ဘယ်လိုကာကွယ်နိုင်ပါသလဲ။ မျက်စိအတွင်းတိမ်ရောဂါ ဖြစ်လာခဲ့ရင် စောစောသိရှိနိုင်တဲ့ ရောဂါလက္ခဏာတခုကတော့ အမြင်မှုန်ဝါးလာခြင်း ဖြစ်ပါတယ်။ တခြား ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်ပါသေးသလဲ။ ဒီရောဂါစ ဖြစ်လာချိန်မှာ မျက်စဉ်းဆေးနဲ့ မျက်မှန်တပ်တာတွေနဲ့ ပိုမဆိုးလာအောင် ကာကွယ်နိုင်ပေမယ့်၊ ပိုဆိုးလာရင်တော့ ခွဲစိတ်ကုသဖို့ အထူးအရေးကြီးပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မျက်စိအထူးကု ဒေါက်တာဒေါ်ခင်သန္တာမြင့် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။