သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး ဖွံ့ဖြိုးတိုးတက်မှုအဆင့် အပိုင်း (၁)


ကလေး ဖွံ့ဖြိုးတိုးတက်မှုအဆင့်တွေကို အသက်အလိုက် ခရီးမိုင်တိုင်တွေလို သတ်မှတ်ထားတာကို မိဘတွေသိဖို့ လိုပေမယ့်၊ ယေဘုယျအားဖြင့် တဦးနဲ့တဦး အသေးစိတ် ကွာခြားနိုင်တယ်လို့ ကလေးအထူးကုတွေက ထောက်ပြပြောဆိုကြပါတယ်။ ကလေး ဖွံ့ဖြိုးမှုဆိုင်ရာ မိုင်တိုင်တွေကို တနှစ်အရွယ်အထိအတွက် (၄) လပိုင်း၊ (၆) လပိုင်း၊ (၉) လ မှ (၁) နှစ်ပိုင်း အဆင့်လိုက်ပိုင်းပြီး နေထိုင်သွားလာ လှုပ်ရှားနိုင်မှု၊ အမြင်နဲ့ လက်လှုပ်ရှားမှု၊ အကြားနဲ့ စကားပြော၊ ရွေ့လျားမှု၊ လူမှုဆက်ဆံမှု ကဏ္ဍဆိုပြီး အပိုင်း (၄) ခုနဲ့ တိုင်းတာပါတယ်။

ဒီ ကဏ္ဍ (၄) ခုလုံးမှာ နောက်ကျနေရင်တော့ ဉာဏ်ရည်ဖွံ့ဖြိုးမှု နောက်ကျတဲ့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ တချို့မှာလဲ ကဏ္ဍတခုမှာပဲ နောက်ကျပြီး၊ ကျန်ကဏ္ဍတွေမှာ ပုံမှန် ဆက်ကောင်းနေနိုင်ပါတယ်။ ပုံမှန်ယျေဘုယျအားဖြင့် မွေးကင်စကတည်းက အရှေ့ကမျက်နှာတွေကို လှမ်းကြည့်တတ်ပြီး၊ (၁) လခွဲ ဝန်းကျင်မှာ ပြုံးပြတာ၊ (၄) လ အရွယ်မှာ ခေါင်းမတ်အောင် ထောင်နိုင်ကာ၊ အရာဝတ္ထုလေးတွေကို ပေးရင် လက်ထဲဆုပ်ထားနိုင်တာ၊ အသံကြားရင် မျက်လုံးရွေ့ကြည့်တာ၊ ဝူးဝူးအသံလုပ်တာနဲ့ အမေမျက်နှာကို မှတ်မိတာတွေ ဖြစ်လာလေ့ ရှိပါတယ်။
နောက်ပိုင်းမှာရော ဘယ်လို ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာပါလဲ။ ဒီလပိုင်း အပိုင်းအခြားအလိုက် ယေဘုယျ သတ်မှတ်ချက်တွေအတိုင်း ဖြစ်မလာခဲ့လို့ စိုးရိမ်မှု ရှိနေရင်တော့ ကလေးဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေး နိုင်ပါတယ်။ ဒီအကြောင်း အသေးစိတ် နားလည်သိရှိနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG