သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူငယ်ပြန်ခြင်း (သို့) မှတ်ဉာဏ်ကျရောဂါ


ဘာသာစကားနှစ်မျိုး ပြောသူတွေမှာ မှတ်ဉာဏ်ကျ၊ မေ့တတ်တဲ့ရောဂါဖြစ်မှုဟာ ဘာသာစကားတမျိုးတည်း ပြောသူတွေထက်စာရင် ကာလတခု နောက်ကျမှဖြစ်တဲ့ ကောင်းကျိုးရှိတယ်လို့ သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက အသက်အရွယ်ကြီးလာသူတွေမှာ အများဆုံးဖြစ်တတ်တဲ့ ဒီရောဂါက ဦးနှောက်လုပ်ငန်းနဲ့ပတ်သက်နေတာမို့ ဦးနှောက်ကို သွေးသွားလာမှုကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေကို ကာကွယ်သင့်တယ်လို့ သက်ကြီးရောဂါအထူးကုတွေက ထောက်ပြနေကြပါတယ်။ အခြားရော ဘယ်လို ကာကွယ်သင့်ပါလဲ။

အသက်ကြီးသူတွေမှာ ပုံမှန်ဖြစ်တတ်တဲ့ မှတ်ဉာဏ်ကျ၊ မေ့တတ်တဲ့ ရောဂါမျိုးတွေမှာဖြစ်တဲ့ လက္ခဏာတွေ ဘယ်လိုကွာခြားမှုရှိပါသလဲ။ ဒီရောဂါမှာဖြစ်တဲ့ လက္ခဏာတွေ စဖြစ်လာတယ်လို့ သံသယရှိလာရင် ဒီရောဂါဖြစ်ကြောင်း သေချာအောင် သက်ကြီးရောဂါ အထူးကုတွေနဲ့ စစ်ဆေးသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပေး ပြောဆိုပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ဗြိတိန်နိုင်ငံက သက်ကြီးရောဂါအထူးကု ဒေါက်တာဖြိုးကျော်မြင့်ကို ကိုဝင်းမင်းက ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
XS
SM
MD
LG