သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုပ်ကွေး သတိပြုစရာ


မြန်မာနိုင်ငံမှာ အရင်နှစ်တွေကထက် သွေးလွန်တုပ်ကွေးဖြစ်တာ နည်းလာပေမယ့် အသက်အန္တရာယ် ဖြစ်စေတဲ့ သွေးလွန်တုတ်ကွေးမျိုး စဖြစ်နေပြီလို့ ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုပါတယ်။

သွေးလွန်တုပ်ကွေး သတိပြုစရာ
please wait

No media source currently available

0:00 0:00:07 0:00
တိုက်ရိုက် လင့်ခ်

မိုးတွင်းရာသီမှာအဖြစ်များတဲ့ ဒီရောဂါကြောင့် အသက်မဆုံးရှုံးရအောင် သွေးလွန်တုပ်ကွေး စဖြစ်ချိန်ကို သိရှိပြီး စောစောစီးစီး ဆေးကုသမှု ခံယူသင့်ပါတယ်။ စဖြစ်ချိန် လက္ခဏာတွေကတော့ အဖျားကြီးပြီး ခေါင်းကိုက်၊ ကိုယ်လက်ကိုက်ခဲတာ၊ မစားချင်မသောက်ချင်ဖြစ်တာ၊ မျက်စိမဖွင့်ချင်အောင် မှိန်းနေတာတွေဖြစ်ပါတယ်။ အဲဒီလို ရောဂါအစပိုင်း လက္ခဏာတွေ ပြလာချိန်မှာ ဆေးခန်းပြတာအပြင်၊ ဆေးရုံသွားဖို့ အလှမ်းဝေးသူတွေ၊ တစ်နှစ်အောက် ကလေးတွေ၊ "ဝ" တဲ့ ကလေးတွေ၊ သွေးအားနည်းရောဂါနဲ့ ကျောက်ကပ်ရောဂါရှိတဲ့ ကလေးတွေ၊ ဆီချိုနဲ့ သွေတိုးရောဂါသူရှိတဲ့ လူကြီးတွေအနေနဲ့ ကြိုတင်ဆေးရုံတက်ထားသင့်ပါတယ်။

အခြား ပုံမှန်ရှိသူတွေအနေနဲ့လည်း အန္တရာယ်အဆင့် ရောက်လာချိန် လက္ခဏာတွေ ပြလာရင်တော့ ဆေးရုံအမြန်သွားဖို့ လိုပါတယ်။ ဒီ အန္တရာယ်အဆင့် လက္ခဏာတွေကတာ့ အဖျားကျချိန်မှာ မလန်းဆန်းဘဲ အလွန်မှိန်းနေတာ၊ ဗိုက်နာတာ၊ အဆက်မပြတ်အော့အန်တာ၊ ကော်ဖီရောင်အန်တာ၊ နှာခေါင်းသွေးယိုတာ၊ သွားဖုံးသွေးယိုတာတွေ ဖြစ်ပါတယ်။ နောက်ဆုံး အသက်အန္တရာယ် ထိခိုက်မယ့် သွေးလန့်ချိန် ရောက်လာရင်တော့ မူးတာ၊ ခြေလက်အေးလာတာတွေ ဖြစ်လာပြီး၊ အချိန်မီ ဆေးရုံမရောက်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။

ဒီရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့ ပိုးလောက်လန်း နှိမ်နင်းတဲ့နည်းလမ်းတွေဖြစ်တဲ့ ဖုံး (ရေအိုးဖုန်းထားတာ)၊ သွန် (လှောင်ထားတဲ့ရေတွေ မကြာခဏ ရေလဲသွန်ပေးတာ)၊ ခပ် (အုတ်ကန်ထဲကရေတွေ ခပ်ထုတ်ဆေးကြာတာ)၊ စစ် (ရေစစ်သုံးတာ)၊ လောင်း (ရေတင်နိုင်တဲ့နေရာမှာ အင်ဂျင်ဝိုင်လို ပိုးသတ်ဆေးလောင်းထားတာ)၊ ထောင် (ခြင်ထောင်နဲ့အိပ်တာ)၊ လဲ (ဘုရားပန်းအိုးရေ လဲတာ)၊ ဖွင့် (ခြင်မခိုနိုင်အောင် ပြူတင်းပေါက်ဖွင့်ထားတာ)၊ မြုပ် (ရေတင်နိုင်တဲ့ ဘက်ထရီအိုးဟောင်းနဲ့ တာယာတွေကို မြုပ်ပစ်တာ)၊ ရှင်း (ခြင်ပေါက်နိုင်တဲ့ ခြုံတွေရှင်းပစ်တာ) နဲ့ မှုတ် (ခြင်ဆေးဖြန်းမှုတ်တာ) တာတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ထဲ့ (သောက်သုံးရေထဲ Abate ဆေးမှုန့်ခတ်ထဲ့တာနဲ့၊ စိမ် (ဆေးစိမ်ခြင်ထောင်၊ လိုက်ကာသုံးတာ) စတဲ့ နည်းသစ်နှစ်မျိုးကလည်း ထိရောက်တာမို့ အသုံးပြုသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG