သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးရာသီ နဲ့ လျှပ်စစ်ဓာတ်လိုက်ခြင်း အန္တရာယ်


မြန်မာနိုင်ငံမှာ လျှစ်စစ်ဓာတ်လိုက်တာကြောင့် လူသေဆုံးမှုရှိနေပြီး၊ အခုလို မိုးရာသီမှာ ပိုဖြစ်လေ့ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

တိုက်ရိုက် လင့်ခ်


ဒီဓါတ်လိုက်တာ မိုးရာသီမှာ ပိုဖြစ်ရခြင်းက ရေစိုတာကြောင့် လျှပ်ကာပစ္စည်းတွေတချို့ (သစ်သား၊ ရာဘာဘိနပ်၊ အဝတ်အထည်၊ သစ်ပင် စသည်ဖြင့်) လျှပ်ကူးပစ္စည်းတွေ ဖြစ်သွားလို့ပါ။ ဒါ့အပြင် ဟောင်းနွမ်းပေါက်ပြဲနေတဲ့ ဓါတ်ကြိုးတွေ ရေစိုတာကတစ်ဆင့် လူကို လျှပ်စစ်ဆက်ကူးစက်သွားစေလို့ပါ။ ဒါ့အပြင် ရေငွေ့စိုထိုင်းမှု မီးပလပ်ပေါက်တွေမှာ ရှိနေပြီး မီးပလပ်ကို ထိမိတာနဲ့ လျှပ်စစ်ကူးသွားလို့ပါ။

အခုလို ဓါတ်လိုက်တာကြောင့် လျှပ်စစ် ခန္ဓာကိုယ်ထဲ ဖြတ်စီးသွားပြီး နှလုံးခုန်ရပ်၊ အသက်ရှုရပ်ကာ ချက်ချင်း သေဆုံးသွားနိုင်ပါတယ်။ တကယ်လို့ လျှပ်စစ် ခန္ဓာကိုယ်ထဲ ဖြတ်စီးသွားတဲ့ အဆင့်မရောက်ဘဲ ဖြတ်ထိတဲ့အဆင့်ပဲ ဖြစ်ရင်တော့ လူလွင့်ထွက်သွားတာကြောင့် အရိုးအဆစ် ဒဏ်ရာတွေရနိုင်ပါတယ်။ ဒါပေမဲ့ လျှပ်စစ်ဓာတ်လိုက်တဲ့ ဒဏ်ရာက ကိုယ်ခန္ဓာအတွင်းပိုင်း ကြွက်သားနဲ့ အရွတ်တွေထိ ထိခိုက်ပျက်စီးစေတတ်ပါတယ်။

ဓါတ်လိုက်တာဖြစ်လာရင် ရှေးဦးသူနာပြုစုမှု အမြန်လုပ်ပေးပြီး အမြန်ဆုံး ဆေးရုံပို့ဖို့ အရေးကြီးပါတယ်။ ဓါတ်လိုက်သွားတဲ့ လူနာကို မကိုင်ခင်မှာ လျှပ်စစ် စီးဆင်းမှု မရှိတော့အောင် စလုပ်ဖို့ လိုပါတယ်။ မဟုတ်ပါက သွားကူတဲ့ လူပါ ဆက် ဓါတ်လိုက်ခံရနိုင်ပါတယ်။ တစ်နည်းကတော့ အိမ်ထဲမှာဖြစ်ရင် Main မီးခလုပ်ကို ချလိုက်ဖို့ပါ။ ဖြူး(စ်) နန်းကြိုးကိုလဲ ဖြုတ်ထားသင့်ပါတယ်။ ပြီးမှ အသက်ရှုမရပ်အောင် ပါးစပ်တေ့ မှုတ်ပေးတာ၊ နှလုံးခုန်မရပ်အောင် ရင်ဘတ်ဖိပေးတာတွေ စနစ်တကျ လုပ်ပေးသင့်ပြီး၊ အမြန်ဆုံးဆေးရုံပို့ ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

ဓါတ်မလိုက်အောင် ကာကွယ်ဖို့အတွက်ကတော့ လမ်းပေါ်ကျနေတဲ့ လျှပ်စစ်ကြိုးတွေကို သတိထားစောင့်ကြည့်ပြီး လျှပ်စစ်ဌာနကို အမြန်အကြောင်းကြားသင့်ပါတယ်။ ဟောင်းနွမ်းနေတဲ့ ဓါတ်ကြိုးတွေလဲ ပေါက်ပျက်နေတာ ရှိ၊မရှိ သတိထားစောင့်ကြည့်ပြီး၊ (၅) နှစ်ကျော်ကြာ ဓါတ်ကြိုးတွေကိုပါ အသစ်လဲပေးသင့်ပါတယ်။ အိမ်မှာ လူတစ်ယောက်မှ မရှိပဲ အပြင်ထွက်ရင်လဲ Main မီးခလုပ်ကို ချထားသင့်ပါတယ်။ ဒါ့အပြင် လျှပ်စစ် ထမင်းအိုး၊ ရေနွေးအိုးနဲ့ အဝတ်လျှော်စက်တွေ သုံးချိန်မှာလဲ လက်၊ ခြေထာက်နဲ့ မှာ ရေခန္ဓာကိုယ်စိုနေစေပဲ ရာဘာဘိနပ်စီးထားသင့်ပါတယ်၊ လိုအပ်ရင် ရာဘာလက်အိပ် အသုံးပြုနိုင်ပါတယ်။

ဒီအကြောင်း မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာ မြင့်ဦး ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG