သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်သက် နဲ့ ဂျိုက်သိုး ထိန်းချုပ်ပပျောက်ရေး


မြန်မာနိုင်ငံမှာ ဝက်သက် နဲ့ ဂျိုက်သိုးရောဂါ ဖြစ်နေဆဲမို့၊ အခြားနိုင်ငံတွေလို ၂၀၂၀ မှာ ဝက်သက်ရောဂါ ပပျောက်ရေး နဲ့ မွေးရာပါ ဂျိုက်သိုးရောဂါ ထိန်းချုပ်ရေးတွေကို လုပ်ဆောင်နေတယ်လို့ ကလေးအထူးကုတွေက ဆိုကြပါတယ်။ အခုလို ကြိုးပမ်းလုပ်ဆောင်ရာမှာ ကာကွယ်ဆေး တနိုင်ငံလုံးထိုးနိုင်ဖို့ လိုအပ်တာမို့၊ ရှေ့နှစ်မှာ လုပ်ဆောင်နိုင်အောင် အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ ကျန်းမာရေးအဖွဲ့တွေ ပူးပေါင်းစီစဉ် ဆောင်ရွက်နေကြပါတယ်။

ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးထိုးရာမှာ ကလေးငယ်တွေအပြင်၊ အစောပိုင်းက ဝက်သက် ကာကွယ်ဆေးကို (၉) လ တကြိမ် ထိုးရပြီး၊ နောက်တခေါက် ထပ်ထိုးပေးဖို့ ကျန်နေခဲ့တဲ့ ကလေးတွေကိုလည်း ထိုးပေးဖို့ အရေးကြီးပါတယ်။ ဘာကြောင့်ပါလဲ။ ဒါ့အပြင် ရွှေ့ပြောင်လုပ်သားတွေ နဲ့ ဒုက္ခသည် အများစုအပါအဝင် အရင်တခေါက်က အကြောင်းအမျိုးမျိုးကြောင့် မထိုးနိုင်သူတွေလဲ ဒီတခေါက်ထိုးနိုင်အောင် ပြည်သူတွေအပါအဝင် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးဖို့ အရေးကြီးပါတယ်။

ဒီရောဂါအကြောင်းနဲ့ ကာကွယ်ဆေးထိုးဖို့ဆိုင်ရာတွေကို ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG