စိတ်ဓာတ်ကျဆင်းမှု နဲ့ မှတ်ဉာဏ်အားနည်းလာခြင်းကြောင့် မြန်မာနိုင်ငံက သက်ကြီးရွယ်အိုတွေမှာ စိတ်ပိုင်းဆိုင်ရာရောဂါတွေ အဖြစ်များလာတယ်လို့ စိတ်ရောဂါပညာရှင်တွေက ထောက်ပြပြောဆိုနေကြပါတယ်။
အသက်အရွယ်ကြီးလာချိန်မှာ အထီးကျန်ဖြစ်လာတာကြောင့် စိတ်ကျရောဂါ အဓိကဖြစ်ကြပြီး၊ သက်ကြီးတချို.မှာ ပုံမှန်မှတ်ဉာဏ်ကျတာထက် ပိုများသွားတာကြောင့်လည်း မှတ်ဉာဏ်ကျဆင်းရောဂါတွေ ဖြစ်လာရပါတယ်။
ပုံမှန်အပြုအမူ ပြောင်းသွားပြီး၊ ညအိပ်မပျော်တာ ဖြစ်လာရင် စိတ်ကျရောဂါ ဖြစ်လာနိုင်တာကို သတိပြုသင့်ပါတယ်။ အရင်ပုံမှန် လုပ်နိုင်တာတွေ ဦးနှောက်က မလုပ်နိုင်တော့ရင်လည်း မှတ်ဉာဏ်ကျရောဂါ ဖြစ်လာနိုင်ပါတယ်။
ဒီစိတ်ပိုင်းဆိုင်ရာရောဂါ နှစ်ခုလုံးအတွက် စောစောစီးစီး သိရှိ၊ကုသနိုင်ဖို့ အရေးကြီးဆုံးမှာ ဆေးဝါးအပြင်၊ မိသားစု အသိုင်းအဝန်းကလည်း ဖေးမကူညီပေးဖို့ အထူးအရေးကြီးပါတယ်။ ဘယ်လို တခြားနည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါသေးလဲ။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာရေးပညာဌာန အငြိမ်းစား ပါမောက္ခ၊ ဌာနမှုး နဲ့ ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ အထူးကု ဒေါက်တာစပ်စိုင်းလုံ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။