သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခံတွင်းကင်ဆာ


မြန်မာနိုင်ငံမှာ ခံတွင်းကင်ဆာ ဖြစ်ပွားမှု ပိုများလာပြီး၊ ကွမ်းစားတဲ့ အလေ့အထအပြင်၊ ခံတွင်းရှနာမှုတွေကြောင့် အဓိက ဖြစ်ရတာလို့ ခံတွင်းအထူးကုတွေက သတိပေး ပြောဆိုကြပါတယ်။ ခံတွင်းကင်ဆာ မဖြစ်ရအောင် ကွမ်းစားတာ လုံးဝ ရှောင်ကြဉ်သင့်ပြီး၊ ခံတွင်းရှနာတွေ မဖြစ်အောင်၊ ပိုးစားလို့ ဖြစ်လာတဲ့ သွားအငုတ်တွေကို ဖယ်ရှားပစ်ဖို့၊ မကောင်းတဲ့ သွားတွေကို အစားထိုးကုသဖို့နဲ့ ကင်ဆာမတိုင်ခင်ဖြစ်တဲ့ ကနဦး အနာတွေကို ကုသပေးဖို့ အရေးကြီးပါတယ်။

ဒီရောဂါ ဖြစ်လာခဲ့ရင်လည်း ကြိုတင်ကုသနိုင်ပါက အများစုပျောက်အောင် ကုသပေးနိုင်ပါတယ်။ စောစောသိရဖို့ စောင့်ကြည့်သင့်တဲ့ လက္ခဏာတွေကတော့ ဖြစ်တဲ့နေရာပေါ် မူတည်ပါတယ်။ လျှာမှာ ဒီကင်ဆာဖြစ်ရင် လျှာအနာပေါက်တာ၊ လျှာလှုပ်မရတာ၊ အစာစားမရတာနဲ့ စကားပြော မပီတာတွေ ဖြစ်နိုင်ပါတယ်။ ပါးစောင်မှာ ဒီကင်ဆာဖြစ်ရင်တော့ ပါးစပ် ဟမရတာ၊ အစာစားမရတာ ဖြစ်တတ်ပါတယ်။ သွားဖုံးနဲ့ မေးရိုးမှာ ဒီကင်ဆာဖြစ်ရင် သွားလှုပ်တာ၊ နဲ့တာ၊ ကျွတ်ထွက်တာ၊ သွေးထွက်တာ၊ အစာစားမရတာတွေ ဖြစ်နိုင်ပါတယ်။ အာခေါင်ဖုံးမှာဖြစ်ရင် နှာခေါင်းပိတ်တာ၊ အနံရတာနဲ့ အရည်ထွက်ကျတာတွေ တွေ့ရပါတယ်။

ဒီရောဂါအကြောင်း အသေးစိတ် သိရှိနားလည်နိုင်ဖို့ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)၊ မေးရိုးနှင့်ခံတွင်း ခွဲစိပ်ကု ပညာဌာနဌာနမှုး ပါမောက္ခ ဒေါက်တာဝင်းနိုင် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG